၂၀၂၃ အတွင်း သက်ငယ်မုဒိမ်း (၄၄၅)မှု ဖြစ်ပွားခဲ့ပြီး၊ ကျူးလွန်သူများကို လူပုံအလယ်၌ သေဒဏ်ပေးရန် အကြံပြုမှုများရှိနေ

 4949

မြူနစ် (NP News) - မေ ၃

ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း၌ နိုင်ငံ့တစ်ဝန်း သက်ငယ်မုဒိမ်းမှုပေါင်း (၄၄၅)မှုဖြစ်ပွားခဲ့ပြီး သက်ငယ်မုဒိမ်းမှုကျူးလွန်သူများကို လူပုံအလယ်၌ သေဒဏ်ပေးရန် တရားလွှတ်တော်ရှေ့နေအသိုင်းအဝိုင်းက အကြံပြုမှုများရှိနေသည်။

၂၀၂၃ ခုနှစ်အတွင်း မြို့နယ်တရားရုံးများ နှင့် ခရိုင်တရားရုံးများသို့ စွဲဆိုခဲ့သည့် ရာဇဝတ်မှု စုစုပေါင်း (၃၀၁၃၁၆)မှုရှိခဲ့ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ သတင်းအချက်အလက် များအရ သိရသည်။

အဆိုပါရာဇဝတ်မှုများအနက် မူးယစ်ဆေး ဝါးမှုများသည် စွဲဆိုမှုအများဆုံးဖြစ်ပြီး ကလေးသူ ငယ်မှုခင်းများနှင့် လူသတ်မှုများသည် ဒုတိယနှင့် တတိယအများဆုံး စွဲဆိုသောအမှုများဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွင်း၌ တစ်နိုင်ငံလုံးတွင် မုဒိမ်းမှုပေါင်း (၇၀၅)မှုရှိခဲ့ပြီး အဆိုပါအမှုများအနက် သက်ငယ်မုဒိမ်းမှုသည် (၄၄၅)မှု ရှိခဲ့ကြောင်း ပြည် ထောင်စုတရားလွှတ်တော်ချုပ်၏ သတင်းအချက်အလက်များက ဆိုသည်။

" (၁၂)နှစ်အောက် ကလေးကို မုဒိမ်းမှုကျူး လွန်တယ်ဆိုရင် ထောင်ဒဏ်အနှစ် (၂၀)ဆိုပြီးတော့ ပြင်ဆင်ထားတယ်။ ပြင်ဆင်ချက်ရှိတယ်။ ၂၀၁၉ ခုနှစ်မှာ ပြင်ဆင်ထားတယ်။ အဲဒီ ၃၇၆ မှာပဲ ၃၇၆ (၁)အရဆိုရင် (၁၆)နှစ်အောက် မိန်းကလေးကို ကာမကျူးလွန်ရင် မုဒိမ်းမှု၊ ၃၇၆ (၂)အရဆိုရင် (၁၅)နှစ်အောက် ကလေးကို ကိုယ့်မိန်းမဖြစ်ရင်တောင်မှ ကာမ ကျူးလွန်ရင် မုဒိမ်းမှုလို့ ဆိုထားတယ်။ ပြော ချင်တာက (၁၂)နှစ်အောက် ကလေးဆိုလို့ရှိရင် ကလေးပဲပေါ့။Grade-7 အရွယ်လေးတွေပေါ့။ အဲဒီ အရွယ်လေးတွေက ဒီကိစ္စကို ဘာသိ၊ ဘာနားလည် မှာလဲ။ အဲဒီလိုဟာမျိုးကို သက်ငယ်မုဒိမ်းမှု ကျူးလွန် တယ်ဆိုရင် ကျွန်တော့်အနေနဲ့တော့ သေဒဏ်ပေး သင့်တယ်။ သေဒဏ်ပေးတာတောင်မှ ရိုးရိုးမဟုတ် ဘူး။ ဒါမျိုးကို ထိရောက်ဟန့်တားတဲ့အနေနဲ့ ဘာ လုပ်ရမလဲဆိုရင် လူပုံအလယ်မှာပါ သေဒဏ်ပေး ပစ်ရမယ်။ အဲဒီလို မှတ်ချက်ပြုချင်တယ်" ဟု တရား လွှတ်တော်ရှေ့နေတစ်ဦးက NP News ကို သုံးသပ်ပြောကြားသည်။

သက်ငယ်မှုဒိမ်းမှုဖြစ်စဉ်များနှင့်ပတ်သက် ၍ တရားရုံးက ကျူးလွန်သူများကို များသောအားဖြင့် ထောင်ဒဏ်(၂၀)နှစ်အထိ ပြစ်ဒဏ်ချမှတ်လေ့ရှိ ကြောင်း သိရှိရသည်။

" ကျွန်တော်လိုက်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှု ဆိုရင် ကျူးလွန်သူကို တရားရုံးက အားလုံးပေါင်း ထောင်ဒဏ်(၂၇)နှစ် ချတယ်။ သို့သော် အဲဒီမှာ တစ်ခုရှိတာက လွတ်ငြိမ်းချမ်းသာခွင့်တွေ၊ ဘာတွေမှာ ပါလာနိုင်တယ်။ လွတ်ငြိမ်းချမ်းသာက ၄ ပုံ၊ ၁ ပုံ လျော့ပေါ့။ တစ်ခါလျော့ရင် ၄ ပုံ၊ ၁ ပုံဆိုလို့ရှိရင် (၄)ခါလောက်လျော့ရင်ပဲ အဲဒီမှာ (၄)နှစ်လောက်ဆိုရင်ပဲ လွတ်နေပြီ။ အဲဒီတော့ ဘာလုပ်ရမှာလဲဆိုရင် ဒီလို လူမျိုးသည် ဒီလိုလွယ်လွယ်ရနေရင် ဒါမျိုးကို ထပ်ပြီး တော့ ကျူးလွန်ဦးမှာပဲ။ အဲဒီ တော့ ဘာလုပ်ရမလဲဆို ရင် သက်ငယ်မုဒိမ်းမှုဆိုရင် သေဒဏ်ပေးပါလို့ပဲ ပြောချင်တယ်"ဟု တရားလွှတ်တော်ရှေ့နေက ဆက်လက်ပြောသည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း၌ တစ်နိုင်ငံ လုံးတွင် မုဒိမ်းမှုစုစုပေါင်း (၈၆၀)မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ အမှုများအနက် (၆၂၇)မှုသည် သက်ငယ်မု ဒိမ်းမှုများ ဖြစ်ကြောင်း သိရှိရသည်။

အလာတူး ၂၀၂၁ ခုနှစ်တွင်လည်း တစ်နိုင် ငံလုံး၌ မုဒိမ်းမှုစုစုပေါင်း (၉၆၉)မှုဖြစ်ပွားခဲ့ကာ ယင်း အမှုများအနက် သက်ငယ်မုဒိမ်းမှုသည် (၆၇၂)မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထောင်စုတရား လွှတ်တော်ချုပ် ၏ အချက်အလက်များအရ သိရသည်။အထက်ပါကဲ့သို့ သက်ငယ်မုဒိမ်းမှုဖြစ်စဉ် များသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ အများ ဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

zawgyi vesion
၂၀၂၃ အတြင္း သက္ငယ္မုဒိမ္း (၄၄၅)မႈ ျဖစ္ပြားခဲ့ၿပီး၊ က်ဴးလြန္သူမ်ားကို လူပုံအလယ္၌ ေသဒဏ္ေပးရန္ အႀကံျပဳမႈမ်ားရွိေန
ျမဴနစ္ (NP News) - ေမ ၃

ၿပီးခဲ့ေသာ ၂၀၂၃ ခုႏွစ္အတြင္း၌ ႏိုင္ငံ့တစ္ဝန္း သက္ငယ္မုဒိမ္းမႈေပါင္း (၄၄၅)မႈျဖစ္ပြားခဲ့ၿပီး သက္ငယ္မုဒိမ္းမႈက်ဴးလြန္သူမ်ားကို လူပုံအလယ္၌ ေသဒဏ္ေပးရန္ တရားလႊတ္ေတာ္ေရွ႕ေနအသိုင္းအဝိုင္းက အႀကံျပဳမႈမ်ားရွိေနသည္။

၂၀၂၃ ခုႏွစ္အတြင္း ၿမိဳ႕နယ္တရား႐ုံးမ်ား ႏွင့္ ခ႐ိုင္တရား႐ုံးမ်ားသို႔ စြဲဆိုခဲ့သည့္ ရာဇဝတ္မႈ စုစုေပါင္း (၃၀၁၃၁၆)မႈရွိခဲ့ေၾကာင္း ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္၏ သတင္းအခ်က္အလက္ မ်ားအရ သိရသည္။

အဆိုပါရာဇဝတ္မႈမ်ားအနက္ မူးယစ္ေဆး ဝါးမႈမ်ားသည္ စြဲဆိုမႈအမ်ားဆုံးျဖစ္ၿပီး ကေလးသူ ငယ္မႈခင္းမ်ားႏွင့္ လူသတ္မႈမ်ားသည္ ဒုတိယႏွင့္ တတိယအမ်ားဆုံး စြဲဆိုေသာအမႈမ်ားျဖစ္ေၾကာင္း သိရသည္။

၂၀၂၃ ခုႏွစ္အတြင္း၌ တစ္ႏိုင္ငံလုံးတြင္ မုဒိမ္းမႈေပါင္း (၇၀၅)မႈရွိခဲ့ၿပီး အဆိုပါအမႈမ်ားအနက္ သက္ငယ္မုဒိမ္းမႈသည္ (၄၄၅)မႈ ရွိခဲ့ေၾကာင္း ျပည္ ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္၏ သတင္းအခ်က္အလက္မ်ားက ဆိုသည္။

" (၁၂)ႏွစ္ေအာက္ ကေလးကို မုဒိမ္းမႈက်ဴး လြန္တယ္ဆိုရင္ ေထာင္ဒဏ္အႏွစ္ (၂၀)ဆိုၿပီးေတာ့ ျပင္ဆင္ထားတယ္။ ျပင္ဆင္ခ်က္ရွိတယ္။ ၂၀၁၉ ခုႏွစ္မွာ ျပင္ဆင္ထားတယ္။ အဲဒီ ၃၇၆ မွာပဲ ၃၇၆ (၁)အရဆိုရင္ (၁၆)ႏွစ္ေအာက္ မိန္းကေလးကို ကာမက်ဴးလြန္ရင္ မုဒိမ္းမႈ၊ ၃၇၆ (၂)အရဆိုရင္ (၁၅)ႏွစ္ေအာက္ ကေလးကို ကိုယ့္မိန္းမျဖစ္ရင္ေတာင္မွ ကာမ က်ဴးလြန္ရင္ မုဒိမ္းမႈလို႔ ဆိုထားတယ္။ ေျပာ ခ်င္တာက (၁၂)ႏွစ္ေအာက္ ကေလးဆိုလို႔ရွိရင္ ကေလးပဲေပါ့။Grade-7 အ႐ြယ္ေလးေတြေပါ့။ အဲဒီ အ႐ြယ္ေလးေတြက ဒီကိစၥကို ဘာသိ၊ ဘာနားလည္ မွာလဲ။ အဲဒီလိုဟာမ်ိဳးကို သက္ငယ္မုဒိမ္းမႈ က်ဴးလြန္ တယ္ဆိုရင္ ကြၽန္ေတာ့္အေနနဲ႔ေတာ့ ေသဒဏ္ေပး သင့္တယ္။ ေသဒဏ္ေပးတာေတာင္မွ ႐ိုး႐ိုးမဟုတ္ ဘူး။ ဒါမ်ိဳးကို ထိေရာက္ဟန႔္တားတဲ့အေနနဲ႔ ဘာ လုပ္ရမလဲဆိုရင္ လူပုံအလယ္မွာပါ ေသဒဏ္ေပး ပစ္ရမယ္။ အဲဒီလို မွတ္ခ်က္ျပဳခ်င္တယ္" ဟု တရား လႊတ္ေတာ္ေရွ႕ေနတစ္ဦးက NP News ကို သုံးသပ္ေျပာၾကားသည္။

သက္ငယ္မႈဒိမ္းမႈျဖစ္စဥ္မ်ားႏွင့္ပတ္သက္ ၍ တရား႐ုံးက က်ဴးလြန္သူမ်ားကို မ်ားေသာအားျဖင့္ ေထာင္ဒဏ္(၂၀)ႏွစ္အထိ ျပစ္ဒဏ္ခ်မွတ္ေလ့ရွိ ေၾကာင္း သိရွိရသည္။

" ကြၽန္ေတာ္လိုက္ခဲ့တဲ့ သက္ငယ္မုဒိမ္းမႈ ဆိုရင္ က်ဴးလြန္သူကို တရား႐ုံးက အားလုံးေပါင္း ေထာင္ဒဏ္(၂၇)ႏွစ္ ခ်တယ္။ သို႔ေသာ္ အဲဒီမွာ တစ္ခုရွိတာက လြတ္ၿငိမ္းခ်မ္းသာခြင့္ေတြ၊ ဘာေတြမွာ ပါလာႏိုင္တယ္။ လြတ္ၿငိမ္းခ်မ္းသာက ၄ ပုံ၊ ၁ ပုံ ေလ်ာ့ေပါ့။ တစ္ခါေလ်ာ့ရင္ ၄ ပုံ၊ ၁ ပုံဆိုလို႔ရွိရင္ (၄)ခါေလာက္ေလ်ာ့ရင္ပဲ အဲဒီမွာ (၄)ႏွစ္ေလာက္ဆိုရင္ပဲ လြတ္ေနၿပီ။ အဲဒီေတာ့ ဘာလုပ္ရမွာလဲဆိုရင္ ဒီလို လူမ်ိဳးသည္ ဒီလိုလြယ္လြယ္ရေနရင္ ဒါမ်ိဳးကို ထပ္ၿပီး ေတာ့ က်ဴးလြန္ဦးမွာပဲ။ အဲဒီ ေတာ့ ဘာလုပ္ရမလဲဆို ရင္ သက္ငယ္မုဒိမ္းမႈဆိုရင္ ေသဒဏ္ေပးပါလို႔ပဲ ေျပာခ်င္တယ္"ဟု တရားလႊတ္ေတာ္ေရွ႕ေနက ဆက္လက္ေျပာသည္။

ၿပီးခဲ့ေသာ ၂၀၂၂ ခုႏွစ္အတြင္း၌ တစ္ႏိုင္ငံ လုံးတြင္ မုဒိမ္းမႈစုစုေပါင္း (၈၆၀)မႈ ျဖစ္ပြားခဲ့ၿပီး အဆိုပါ အမႈမ်ားအနက္ (၆၂၇)မႈသည္ သက္ငယ္မု ဒိမ္းမႈမ်ား ျဖစ္ေၾကာင္း သိရွိရသည္။

အလာတူး ၂၀၂၁ ခုႏွစ္တြင္လည္း တစ္ႏိုင္ ငံလုံး၌ မုဒိမ္းမႈစုစုေပါင္း (၉၆၉)မႈျဖစ္ပြားခဲ့ကာ ယင္း အမႈမ်ားအနက္ သက္ငယ္မုဒိမ္းမႈသည္ (၆၇၂)မႈ ျဖစ္ပြားခဲ့ေၾကာင္း ျပည္ေထာင္စုတရား လႊတ္ေတာ္ခ်ဳပ္ ၏ အခ်က္အလက္မ်ားအရ သိရသည္။အထက္ပါကဲ့သို႔ သက္ငယ္မုဒိမ္းမႈျဖစ္စဥ္ မ်ားသည္ ဧရာဝတီတိုင္းေဒသႀကီးအတြင္း၌ အမ်ား ဆုံးျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

Picture

Ko Ko

03/05/2024 15:25

သက်ငယ်မုဒိန်းသက်ကြီးမုဒိန်းခွဲခြားမနေဘဲအကုန်လုံးကိုသေဒဏ်ပေးပါ

Related news

© 2021. All rights reserved.