တောင်ငူမြို့နယ်တွင် တွဲကားက ဆိုင်ကယ်အားဝင်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံး

745

သန့်ဇင် (NP News) - မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် တွဲကားက ဆိုင်ကယ်အားဝင်တိုက်မိခဲ့ရာ အမျိုး သားတစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း Save The Trees Rescue Team ထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(မေလ ၁၀ ရက်)၊ ည ၈ နာရီခွဲအချိန်ခန့်က တောင်ငူမြို့နယ်၊ တောင်ငူအင်းဝလမ်းထိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရှေ့ကမောင်းနေတဲ့ဆိုင်ကယ်ကို တွဲကားကနောက်ကနေဝင်တိုက်မိပြီး ချိတ်ဆွဲမိသွားတာပေါ့။ တွဲကားကလည်းတိုက်ပြီး မောင်းပြေးသွားတယ်။ တွဲကားကြီးဆိုတော့ မိတော့မိနိုင်တယ်။ ဆုံးသွားတဲ့ ဆိုင်ကယ်သမားက သူ့အိမ်ကကလေးတွေစားဖို့ မုန့်ထွက်ဝယ်တာလို့ သိရတယ်” ဟု Save The Trees Rescue Team မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။
အဆိုပါယာဉ်တိုက်မှုကြောင့် တောင်ငူမြို့၊ မင်းကြီးညိုရပ်ကွက်၊ ပေါက်လှကြီးလမ်းတွင် နေ ထိုင်သည့် အသက်(၅၀)နှစ်ဝန်းကျင် အရွယ် ဦးတင်ထွန်းတွင် ဦးခေါင်းနှင့်ခြေထောက်တို့တွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“အဲဒီနားက အရင်တစ်နေ့ကပဲ ယာဉ်တိုက်မှုတစ်ခါဖြစ်သေးတယ်။ အဲဒါလည်း သေတယ်။ ပြဿနာက အဲဒီနားကနေရာအနေအထားက တောင်ဘက်ကိုကွေ့မယ်ဆို ယာဉ်တွေက တိုက်မိဖို့အလားအလာများတယ်။ အဲဒီလိုတွေဖြစ်နေတာများတော့ မြို့ရှောင်လမ်း လုပ်နိုင်ရင်တော့ ပိုပြီးအဆင်ပြေမှာပေါ့”ဟု ၎င်းကအကြံပြုပြောဆိုထားသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ရုပ်အလောင်းကို တောင်ငူမြို့နာရေးကူညီမှုအသင်းက တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေတာင္ငူၿမိဳ႕နယ္တြင္ တြဲကားက ဆိုင္ကယ္အားဝင္တိုက္မိခဲ့ရာ အမ်ိဳးသားတစ္ဦးပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္ (NP News) - ေမ ၁၁
ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္တြင္ တြဲကားက ဆိုင္ကယ္အားဝင္တိုက္မိခဲ့ရာ အမ်ိဳး သားတစ္ဦးပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း Save The Trees Rescue Team ထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယမန္ေန႔(ေမလ ၁၀ ရက္)၊ ည ၈ နာရီခြဲအခ်ိန္ခန႔္က ေတာင္ငူၿမိဳ႕နယ္၊ ေတာင္ငူအင္းဝလမ္းထိပ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေရွ႕ကေမာင္းေနတဲ့ဆိုင္ကယ္ကို တြဲကားကေနာက္ကေနဝင္တိုက္မိၿပီး ခ်ိတ္ဆြဲမိသြားတာေပါ့။ တြဲကားကလည္းတိုက္ၿပီး ေမာင္းေျပးသြားတယ္။ တြဲကားႀကီးဆိုေတာ့ မိေတာ့မိႏိုင္တယ္။ ဆုံးသြားတဲ့ ဆိုင္ကယ္သမားက သူ႔အိမ္ကကေလးေတြစားဖို႔ မုန႔္ထြက္ဝယ္တာလို႔ သိရတယ္” ဟု Save The Trees Rescue Team မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။
အဆိုပါယာဥ္တိုက္မႈေၾကာင့္ ေတာင္ငူၿမိဳ႕၊ မင္းႀကီးညိဳရပ္ကြက္၊ ေပါက္လွႀကီးလမ္းတြင္ ေန ထိုင္သည့္ အသက္(၅၀)ႏွစ္ဝန္းက်င္ အ႐ြယ္ ဦးတင္ထြန္းတြင္ ဦးေခါင္းႏွင့္ေျခေထာက္တို႔တြင္ ထိခိုက္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“အဲဒီနားက အရင္တစ္ေန႔ကပဲ ယာဥ္တိုက္မႈတစ္ခါျဖစ္ေသးတယ္။ အဲဒါလည္း ေသတယ္။ ျပႆနာက အဲဒီနားကေနရာအေနအထားက ေတာင္ဘက္ကိုေကြ႕မယ္ဆို ယာဥ္ေတြက တိုက္မိဖို႔အလားအလာမ်ားတယ္။ အဲဒီလိုေတြျဖစ္ေနတာမ်ားေတာ့ ၿမိဳ႕ေရွာင္လမ္း လုပ္ႏိုင္ရင္ေတာ့ ပိုၿပီးအဆင္ေျပမွာေပါ့”ဟု ၎ကအႀကံျပဳေျပာဆိုထားသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းကို ေတာင္ငူၿမိဳ႕နာေရးကူညီမႈအသင္းက ေတာင္ငူၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။