ရာသီဥတုအပူကြောင့် မြွေနှင့်အဆိပ်ပြင်း သတ္တဝါများ လူနေအိမ်များကို ပိုမိုကျူးကျော်ဝင်ရောက်နေ

7069

စော (NP News) - မေ ၁၃
ရာသီဥတုပူပြင်းလာသည့်အတွက် အဆိပ်ပြင်းအကောင်များအနက် မြွေနှင့်ကင်းတို့က အပူရှောင်ရန်အတွက် လူနေအိမ်များအထိ ပိုမိုကျူးကျော် ရောက်ရှိလာကြောင်း မြွေများကို ပရဟိတဖမ်းပေးသည့်အတွက် မြွေမင်းသမီးဟု ထင်ရှားသူ ရွှေမေတ္တာ ပရဟိတအသင်းမှ ဥက္ကဋ္ဌ မရွှေလဲ့က NP News ကို ပြောသည်။
“ဒီကာလမှာ အပူချိန်အရမ်းမြင့်လာတယ်။ အဓိကကတော့ မြွေနဲ့ အဆိပ်ရှိသတ္တဝါတွေပေါ့။ မြွေနဲ့ကင်း ဒါမျိုးပေါ့။ အများဆုံးက မြွေပါ။ ရာသီဥတု အပူချိန်တွေအရမ်းမြင့်လာတဲ့အခါကျတော့ ဒီအကောင် (မြွေ) တွေလည်း ထွက်လာတာများတယ်။ နောက်ပြီးတော့ မြေအောက်အပူရှိန်တွေ မြင့်လာတဲ့အခါကျရင် သူတို့ထွက်လာတဲ့နှုန်းများမယ်။ သူတို့ကျတော့ လုံလောက်တဲ့အပူချိန်လိုတယ်။ လိုတယ် ဆိုတော့ အစာခြေမယ်။ အစာရှာမယ်။ ဒီကာလမှာ ဥလေးတွေက အကောင်ပေါက်တာ။ ဥလေးတွေချတာ။ ဒါမျိုးလေးတွေလည်းရှိတယ်။ သူတို့ နည်းနည်းလေးပိုပြီးတော့ active ဖြစ်ကြတယ်။ ဒါပေမဲ့ တစ်ဖက်မှာကျတော့ သူတို့က ညဘက်မှာအထွက်များကြတယ်။ နေ့ခင်းဘက်မှာကျတော့ နည်းနည်းလေး အေးတဲ့နေရာလေးတွေမှာ ခိုအောင်းနေတတ်ကြတာပေါ့။ ဒါကြောင့် ညဘက်ဆိုရင် လူတွေက အိပ် စက်အနားယူတဲ့အချိန်ဆိုတော့ သတိမမူမိဘဲနဲ့ သူတို့ပုန်းခိုတဲ့ နေရာလေးတွေ၊ သူတို့အေးတဲ့နေရာလေးတွေ လာနေတတ်တာမျိုးဆိုတော့ သူတို့ပုန်းခိုတဲ့နေရာလေးတွေမှာ မတော်တဆ နင်းမိတာ၊ မတော်တဆ ဖိမိတာ ဒါမျိုးလေးတွေမှ အန္တရာယ် ပိုဖြစ်ကြတာပေါ့”ဟု မရွှေလဲ့က ရှင်းပြသည်။
မိမိပတ်ဝန်းကျင်၊ မိမိအိမ်တွင် အန္တရာယ်ဖြစ်စေနိုင်သော မြွေများကို တွေ့ ရှိပါက နီးစပ်ရာ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေး သမားများကို အကူအညီတောင်းနိုင်ကြောင်းနှင့် မြွေနှင့် ပတ်သက်သော group များတွင်လည်း အကြံဉာဏ်တောင်းခံနိုင်ကြောင်း သိရသည်။
“ပုံမှန်ထက်တော့ မြွေထွက်တဲ့နှုန်းကတော့ များတယ်။ မြေအောက်အပူရှိန်လေးတွေတက်လာ တာနဲ့ ပတ်သက်ပြီးတော့ သူတို့နည်းနည်းလေးတော့ တွေ့လာတာများတယ်။ အစုအပြုံလိုက်ကြီး တွေ့လာတာ များတယ်။ နောက်ပြီးတော့ အိမ်ရဲ့တချို့နေရာတွေပေါ့။ မီးဖိုချောင်တို့၊ အိမ်သာတို့၊ အိမ်ရာနားတွေမှာ တွေ့ရတာ၊ ဖယ်ပေးရတာများတယ်”ဟု ၎င်းက ဆက် လက်ပြောသည်။
မြွေများကို ဘေစင်၊ အိမ်သာခွက်၊ ပိုက်လိုင်းနှင့် ဖိနပ်များထဲတွင် ဝင်ခွေနေသည်ကို အများဆုံးတွေ့ရတတ်ကြောင်းလည်း ၎င်းကဆိုသည်။မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရသည့် မြွေမျိုးစိတ် ၂၀ဝ နီးပါးထဲတွင် (၁၅)ရာခိုင်နှုန်းခန့်မှာ အဆိပ်ရှိသည့် မြွေအမျိုးအစားများ ဖြစ်ကြောင်းလည်း သိရသည်။
zawgyi version
ရာသီဥတုအပူေၾကာင့္ ေႁမြႏွင့္အဆိပ္ျပင္း သတၱဝါမ်ား လူေနအိမ္မ်ားကို ပိုမိုက်ဴးေက်ာ္ဝင္ေရာက္ေန
ေစာ (NP News) - ေမ ၁၃
ရာသီဥတုပူျပင္းလာသည့္အတြက္ အဆိပ္ျပင္းအေကာင္မ်ားအနက္ ေႁမြႏွင့္ကင္းတို႔က အပူေရွာင္ရန္အတြက္ လူေနအိမ္မ်ားအထိ ပိုမိုက်ဴးေက်ာ္ ေရာက္ရွိလာေၾကာင္း ေႁမြမ်ားကို ပရဟိတဖမ္းေပးသည့္အတြက္ ေႁမြမင္းသမီးဟု ထင္ရွားသူ ေ႐ႊေမတၱာ ပရဟိတအသင္းမွ ဥကၠ႒ မေ႐ႊလဲ့က NP News ကို ေျပာသည္။
“ဒီကာလမွာ အပူခ်ိန္အရမ္းျမင့္လာတယ္။ အဓိကကေတာ့ ေႁမြနဲ႔ အဆိပ္ရွိသတၱဝါေတြေပါ့။ ေႁမြနဲ႔ကင္း ဒါမ်ိဳးေပါ့။ အမ်ားဆုံးက ေႁမြပါ။ ရာသီဥတု အပူခ်ိန္ေတြအရမ္းျမင့္လာတဲ့အခါက်ေတာ့ ဒီအေကာင္ (ေႁမြ) ေတြလည္း ထြက္လာတာမ်ားတယ္။ ေနာက္ၿပီးေတာ့ ေျမေအာက္အပူရွိန္ေတြ ျမင့္လာတဲ့အခါက်ရင္ သူတို႔ထြက္လာတဲ့ႏႈန္းမ်ားမယ္။ သူတို႔က်ေတာ့ လုံေလာက္တဲ့အပူခ်ိန္လိုတယ္။ လိုတယ္ ဆိုေတာ့ အစာေျခမယ္။ အစာရွာမယ္။ ဒီကာလမွာ ဥေလးေတြက အေကာင္ေပါက္တာ။ ဥေလးေတြခ်တာ။ ဒါမ်ိဳးေလးေတြလည္းရွိတယ္။ သူတို႔ နည္းနည္းေလးပိုၿပီးေတာ့ active ျဖစ္ၾကတယ္။ ဒါေပမဲ့ တစ္ဖက္မွာက်ေတာ့ သူတို႔က ညဘက္မွာအထြက္မ်ားၾကတယ္။ ေန႔ခင္းဘက္မွာက်ေတာ့ နည္းနည္းေလး ေအးတဲ့ေနရာေလးေတြမွာ ခိုေအာင္းေနတတ္ၾကတာေပါ့။ ဒါေၾကာင့္ ညဘက္ဆိုရင္ လူေတြက အိပ္ စက္အနားယူတဲ့အခ်ိန္ဆိုေတာ့ သတိမမူမိဘဲနဲ႔ သူတို႔ပုန္းခိုတဲ့ ေနရာေလးေတြ၊ သူတို႔ေအးတဲ့ေနရာေလးေတြ လာေနတတ္တာမ်ိဳးဆိုေတာ့ သူတို႔ပုန္းခိုတဲ့ေနရာေလးေတြမွာ မေတာ္တဆ နင္းမိတာ၊ မေတာ္တဆ ဖိမိတာ ဒါမ်ိဳးေလးေတြမွ အႏၲရာယ္ ပိုျဖစ္ၾကတာေပါ့”ဟု မေ႐ႊလဲ့က ရွင္းျပသည္။
မိမိပတ္ဝန္းက်င္၊ မိမိအိမ္တြင္ အႏၲရာယ္ျဖစ္ေစႏိုင္ေသာ ေႁမြမ်ားကို ေတြ႕ ရွိပါက နီးစပ္ရာ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ကယ္ဆယ္ေရး သမားမ်ားကို အကူအညီေတာင္းႏိုင္ေၾကာင္းႏွင့္ ေႁမြႏွင့္ ပတ္သက္ေသာ group မ်ားတြင္လည္း အႀကံဉာဏ္ေတာင္းခံႏိုင္ေၾကာင္း သိရသည္။
“ပုံမွန္ထက္ေတာ့ ေႁမြထြက္တဲ့ႏႈန္းကေတာ့ မ်ားတယ္။ ေျမေအာက္အပူရွိန္ေလးေတြတက္လာ တာနဲ႔ ပတ္သက္ၿပီးေတာ့ သူတို႔နည္းနည္းေလးေတာ့ ေတြ႕လာတာမ်ားတယ္။ အစုအၿပဳံလိုက္ႀကီး ေတြ႕လာတာ မ်ားတယ္။ ေနာက္ၿပီးေတာ့ အိမ္ရဲ႕တခ်ိဳ႕ေနရာေတြေပါ့။ မီးဖိုေခ်ာင္တို႔၊ အိမ္သာတို႔၊ အိမ္ရာနားေတြမွာ ေတြ႕ရတာ၊ ဖယ္ေပးရတာမ်ားတယ္”ဟု ၎က ဆက္ လက္ေျပာသည္။
ေႁမြမ်ားကို ေဘစင္၊ အိမ္သာခြက္၊ ပိုက္လိုင္းႏွင့္ ဖိနပ္မ်ားထဲတြင္ ဝင္ေခြေနသည္ကို အမ်ားဆုံးေတြ႕ရတတ္ေၾကာင္းလည္း ၎ကဆိုသည္။ျမန္မာႏိုင္ငံတြင္ အမ်ားဆုံးေတြ႕ရသည့္ ေႁမြမ်ိဳးစိတ္ ၂၀ဝ နီးပါးထဲတြင္ (၁၅)ရာခိုင္ႏႈန္းခန႔္မွာ အဆိပ္ရွိသည့္ ေႁမြအမ်ိဳးအစားမ်ား ျဖစ္ေၾကာင္းလည္း သိရသည္။