ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ရပ်ထားသည့် CANTER အမျိုးအစားကားကို JJ Express က နောက်မှဝင်တိုက်မိရာ တစ်ဦးပွဲချင်းပြီး သေဆုံး

 1236

သန့်ဇင် (NP News) - မေ ၁၆

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် CANTER အမျိုးအစားကားကို JJ Express က နောက်မှ ဝင်တိုက်မိရာ တစ်ဦးပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စကားအင်းအမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(မေလ ၁၆ ရက်)၊ နံနက် ၄ နာရီ ၁၅မိနစ်အချိန်ခန့်က တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၃၃၈/၆) အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သိရတာတော့ ရှေ့မှာရပ်ထားတဲ့ CANTER ကားကို နေပြည်တော်ကနေ မန္တလေးဘက်ကိုမောင်းလာတဲ့ JJ Express ကားကနောက်ကနေ ဝင်တိုက်မိတာ။ မနက်စောစောလည်းဖြစ်နေတော့ မမြင်မစမ်းနဲ့ဝင်တိုက်မိတာလို့တော့ ယူဆရပါတယ်”ဟု စကားအင်းအမြန်လမ်း မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် JJ Express ခရီးသည်တင်ကားပေါ်တွင်လိုက်ပါလာသည့် လူ(၁၅)ဦးအနက် အသက်(၂၅)နှစ်အရွယ် ယာဉ်နောက် လိုက်အမျိုးသားတစ်ဦးမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ခရီးသည်အမျိုးသားတစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“JJ Express က ယာဉ်နောက်လိုက်အမျိုးသားက ဒဏ်ရာတွေရပြီးဆုံးသွားတယ်။ ခရီးသည်တစ်ဦးလည်း ဒဏ်ရာရတယ်။ အဲဒီနားက ဖြစ်လေ့ဖြစ်ထရှိတဲ့နေရာပါပဲ။ အကြံပြုချင်တာကတော့ ခရီးသွားမယ်ဆိုရင် ယာဉ်ကြံ့ခိုင်မှုကိုစစ်ဆေးပြီးမှသွားဖို့နဲ့ နောက်ပြီး အဝေးပြေးလမ်းပေါ်သွားနေတဲ့ ကားအားလုံးအနေနဲ့ သတ်မှတ်မိုင်နှုန်းအတိုင်းပဲ မောင်းနှင်ဖို့ ပြောချင်ပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

သေဆုံးသူအမျိုးသား၏ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့ကို ဥမျှင်ကျေးရွာပိုင်လူနာတင်ယာဉ်ဖြင့် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ရပ္ထားသည့္ CANTER အမ်ိဳးအစားကားကို JJ Express က ေနာက္မွဝင္တိုက္မိရာ တစ္ဦးပြဲခ်င္းၿပီး ေသဆုံး

သန႔္ဇင္ (NP News) - ေမ ၁၆

မႏၲေလးတိုင္းေဒသႀကီး၊ တံတားဦးၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ CANTER အမ်ိဳးအစားကားကို JJ Express က ေနာက္မွ ဝင္တိုက္မိရာ တစ္ဦးပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း စကားအင္းအျမန္လမ္းမီးသတ္စခန္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယေန႔(ေမလ ၁၆ ရက္)၊ နံနက္ ၄ နာရီ ၁၅မိနစ္အခ်ိန္ခန႔္က တံတားဦးၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္း၊ မိုင္တိုင္အမွတ္ (၃၃၈/၆) အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သိရတာေတာ့ ေရွ႕မွာရပ္ထားတဲ့ CANTER ကားကို ေနျပည္ေတာ္ကေန မႏၲေလးဘက္ကိုေမာင္းလာတဲ့ JJ Express ကားကေနာက္ကေန ဝင္တိုက္မိတာ။ မနက္ေစာေစာလည္းျဖစ္ေနေတာ့ မျမင္မစမ္းနဲ႔ဝင္တိုက္မိတာလို႔ေတာ့ ယူဆရပါတယ္”ဟု စကားအင္းအျမန္လမ္း မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္တြင္ JJ Express ခရီးသည္တင္ကားေပၚတြင္လိုက္ပါလာသည့္ လူ(၁၅)ဦးအနက္ အသက္(၂၅)ႏွစ္အ႐ြယ္ ယာဥ္ေနာက္ လိုက္အမ်ိဳးသားတစ္ဦးမွာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး ခရီးသည္အမ်ိဳးသားတစ္ဦးသည္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“JJ Express က ယာဥ္ေနာက္လိုက္အမ်ိဳးသားက ဒဏ္ရာေတြရၿပီးဆုံးသြားတယ္။ ခရီးသည္တစ္ဦးလည္း ဒဏ္ရာရတယ္။ အဲဒီနားက ျဖစ္ေလ့ျဖစ္ထရွိတဲ့ေနရာပါပဲ။ အႀကံျပဳခ်င္တာကေတာ့ ခရီးသြားမယ္ဆိုရင္ ယာဥ္ႀကံ့ခိုင္မႈကိုစစ္ေဆးၿပီးမွသြားဖို႔နဲ႔ ေနာက္ၿပီး အေဝးေျပးလမ္းေပၚသြားေနတဲ့ ကားအားလုံးအေနနဲ႔ သတ္မွတ္မိုင္ႏႈန္းအတိုင္းပဲ ေမာင္းႏွင္ဖို႔ ေျပာခ်င္ပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။

ေသဆုံးသူအမ်ိဳးသား၏႐ုပ္အေလာင္းႏွင့္ ထိခိုက္ဒဏ္ရာရရွိသူတို႔ကို ဥမွ်င္ေက်း႐ြာပိုင္လူနာတင္ယာဥ္ျဖင့္ တံတားဦးၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.