တောင်ကြီး-ကျိုင်းတုံကားလမ်းတွင် (၁၂)ဘီးကားတစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်ခဲ့ရာ တစ်ဦးပွဲချင်းပြီးသေဆုံး

1479
သန့်ဇင် (NP News) - မေ ၂၄
ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၊ တောင်ကြီး-ကျိုင်းတုံကားလမ်းတွင် (၁၂)ဘီးကားတစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်ခဲ့ရာ တစ်ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ယနေ့(မေလ ၂၄ ရက်)၊ မွန်းလွဲ ၁နာရီအချိန်ခန့်က မိုင်းပျဉ်းမြို့နယ်၊ တောင်ကြီး-ကျိုင်းတုံကားလမ်း၊ မိုင်တိုင်အမှတ်၊ ၅၀၇.၅ကီလိုမီတာနှင့် ၅၀၈ ကီလို မီတာကြားရှိ အကွေ့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအကွေ့တွင် Nissan (၁၂)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ညာဘက်ခြမ်းရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထို့နောက် ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသား(၂)ဦးအနက် ယာဉ်မောင်းအမျိုးသားမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံး၍ ယာဉ်နောက်လိုက်အမျိုးသားတစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူအမျိုသားနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့ကို စေတနာရှင်ပရဟိတအသင်းက မိုင်းပျဉ်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေတာင္ႀကီး-က်ိဳင္းတုံကားလမ္းတြင္ (၁၂)ဘီးကားတစ္စီး ေခ်ာက္ထဲထိုးက်တိမ္းေမွာက္ခဲ့ရာ တစ္ဦးပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္ (NP News) - ေမ ၂၄
ရွမ္းျပည္နယ္၊ မိုင္းပ်ဥ္းၿမိဳ႕နယ္၊ ေတာင္ႀကီး-က်ိဳင္းတုံကားလမ္းတြင္ (၁၂)ဘီးကားတစ္စီး ေခ်ာက္ထဲထိုးက်တိမ္းေမွာက္ခဲ့ရာ တစ္ဦးပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနထံမွ သိရသည္။
ယေန႔(ေမလ ၂၄ ရက္)၊ မြန္းလြဲ ၁နာရီအခ်ိန္ခန႔္က မိုင္းပ်ဥ္းၿမိဳ႕နယ္၊ ေတာင္ႀကီး-က်ိဳင္းတုံကားလမ္း၊ မိုင္တိုင္အမွတ္၊ ၅၀၇.၅ကီလိုမီတာႏွင့္ ၅၀၈ ကီလို မီတာၾကားရွိ အေကြ႕တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါအေကြ႕တြင္ Nissan (၁၂)ဘီးယာဥ္သည္ အရွိန္မထိန္းႏိုင္ဘဲ လမ္း၏ ညာဘက္ျခမ္းရွိ ေခ်ာက္ထဲသို႔ ထိုးက်တိမ္းေမွာက္မႈ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။ ထို႔ေနာက္ ကားေပၚတြင္လိုက္ပါလာသည့္ အမ်ိဳးသား(၂)ဦးအနက္ ယာဥ္ေမာင္းအမ်ိဳးသားမွာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံး၍ ယာဥ္ေနာက္လိုက္အမ်ိဳးသားတစ္ဦးသည္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳသားႏွင့္ ထိခိုက္ဒဏ္ရာရရွိသူတို႔ကို ေစတနာရွင္ပရဟိတအသင္းက မိုင္းပ်ဥ္းၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။