ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ချင်းရိုင်ရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသောမြန်မာကျောင်းသားများအနေဖြင့် ဘန်ကောက်သို့သွားကာ ပတ်စ်ပို့ကိစ္စဆောင်ရွက်ရန် မလိုတော့

 9851

စော (NP News) - မေ ၂၅

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင်က တက္ကသိုလ်များတွင် ပညာသင်ကြားနေသော မြန်မာကျောင်းသားများ အနေဖြင့် ဘန်ကောက်သို့သွားကာ ပတ်စ်ပို့ကိစ္စဆောင်ရွက်ရန် မလိုအပ်တော့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးက မေလ ၂၄ ရက်တွင် အသိပေးကြေညာထားသည်။

ထိုင်းနိုင်ငံ၊ မြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်များရှိ တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားလျက်ရှိ သည့် မြန်မာကျောင်းသား/ကျောင်းသူများနှင့် အလုပ်လုပ်ကိုင်နေသူများအနေဖြင့် နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စ များကို မေလ ၂၇ ရက်မှစ၍ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ပြုလုပ်ပေးတော့မည်မဟုတ်ဘဲ ချင်းမိုင်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၌သာ ဆောင်ရွက်သွားနိုင်ကြောင်း အသိပေးကြေညာထားသည်။


“ချင်းမိုင်တက္ကသိုလ်မှာ လူအရမ်းများတော့ အဲဒီ‌ကောင်စစ်ဝန်မှာပဲ လွှတ်လိုက်တော့ ဒီဘက်ဘန်ကောက်မှာ အလုပ်နည်းနည်းလျော့သွားမယ်လို့မြင်တယ်” ဟု ထိုင်းနိုင်ငံတွင် မြန်မာပညာရေးနှင့်ပတ်သက်၍ ဆောင်ရွက် ပေးနေသူတစ်ဦးက NP News ကို ပြောသည်။
ယခုကဲ့သို့ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ကောင်းမွန်သည်ဟုမြင်တယ်။ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ဝန်ပိခြင်းမျိုး မရှိတော့ကြောင်း ၎င်းက ပြောသည်။

“ကောင်းတဲ့ရည်ရွယ်ချက်လို့ မြင်တယ်။ ဘန်ကောက်ထိ သွားပြီး လုပ်စရာမလိုတော့ဘူး။ ပြောရမယ်ဆိုရင် အဝေးကြီးသွားစရာမလိုတော့ဘဲ နီးစပ်တဲ့နေရာမှာပဲ အလုပ်ဖြစ်သွားတယ်ပဲပြောရမှာပေါ့” ထိုင်းနိုင်ငံတွင် မြန်မာ အလုပ်သမားများ၏ ပတ်စ်ပို့သက်တမ်းတိုးခြင်း၊ နေထိုင်ခွင့်လက်မှတ်ဆောင်ရွက်ပေးခြင်း စသဖြင့် ကိစ္စရပ်များကို ဆောင်ရွက်ပေးနေသူတစ်ဦးက သုံးသပ်ပြောကြားသည်။

Zawgyi Version;
ထိုင္းႏိုင္ငံ ခ်င္းမိုင္ႏွင့္ ခ်င္း႐ိုင္ရွိ တကၠသိုလ္မ်ားတြင္ ပညာသင္ၾကားေနေသာျမန္မာေက်ာင္းသားမ်ားအေနျဖင့္ ဘန္ေကာက္သို႔သြားကာ ပတ္စ္ပို႔ကိစၥေဆာင္႐ြက္ရန္ မလိုေတာ့
ေစာ (NP News) - ေမ ၂၅

ထိုင္းႏိုင္ငံေျမာက္ပိုင္း ခ်င္းမိုင္ႏွင့္ ခ်င္း႐ိုင္က တကၠသိုလ္မ်ားတြင္ ပညာသင္ၾကားေနေသာ ျမန္မာေက်ာင္းသားမ်ား အေနျဖင့္ ဘန္ေကာက္သို႔သြားကာ ပတ္စ္ပို႔ကိစၥေဆာင္႐ြက္ရန္ မလိုအပ္ေတာ့ေၾကာင္း ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာ သံ႐ုံးက ေမလ ၂၄ ရက္တြင္ အသိေပးေၾကညာထားသည္။

ထိုင္းႏိုင္ငံ၊ ေျမာက္ပိုင္း ခ်င္းမိုင္ႏွင့္ ခ်င္း႐ိုင္ခ႐ိုင္မ်ားရွိ တကၠသိုလ္မ်ားတြင္ တက္ေရာက္ပညာသင္ၾကားလ်က္ရွိ သည့္ ျမန္မာေက်ာင္းသား/ေက်ာင္းသူမ်ားႏွင့္ အလုပ္လုပ္ကိုင္ေနသူမ်ားအေနျဖင့္ ႏိုင္ငံကူးလက္မွတ္ဆိုင္ရာကိစၥ မ်ားကို ေမလ ၂၇ ရက္မွစ၍ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးတြင္ ျပဳလုပ္ေပးေတာ့မည္မဟုတ္ဘဲ ခ်င္းမိုင္ၿမိဳ႕ရွိ ျမန္မာ ေကာင္စစ္ဝန္ခ်ဳပ္႐ုံး၌သာ ေဆာင္႐ြက္သြားႏိုင္ေၾကာင္း အသိေပးေၾကညာထားသည္။


“ခ်င္းမိုင္တကၠသိုလ္မွာ လူအရမ္းမ်ားေတာ့ အဲဒီ‌ေကာင္စစ္ဝန္မွာပဲ လႊတ္လိုက္ေတာ့ ဒီဘက္ဘန္ေကာက္မွာ အလုပ္နည္းနည္းေလ်ာ့သြားမယ္လို႔ျမင္တယ္” ဟု ထိုင္းႏိုင္ငံတြင္ ျမန္မာပညာေရးႏွင့္ပတ္သက္၍ ေဆာင္႐ြက္ ေပးေနသူတစ္ဦးက NP News ကို ေျပာသည္။
ယခုကဲ့သို႔ေဆာင္႐ြက္ျခင္းႏွင့္ပတ္သက္၍ ေကာင္းမြန္သည္ဟုျမင္တယ္။ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးတြင္ ဝန္ပိျခင္းမ်ိဳး မရွိေတာ့ေၾကာင္း ၎က ေျပာသည္။

“ေကာင္းတဲ့ရည္႐ြယ္ခ်က္လို႔ ျမင္တယ္။ ဘန္ေကာက္ထိ သြားၿပီး လုပ္စရာမလိုေတာ့ဘူး။ ေျပာရမယ္ဆိုရင္ အေဝးႀကီးသြားစရာမလိုေတာ့ဘဲ နီးစပ္တဲ့ေနရာမွာပဲ အလုပ္ျဖစ္သြားတယ္ပဲေျပာရမွာေပါ့” ထိုင္းႏိုင္ငံတြင္ ျမန္မာ အလုပ္သမားမ်ား၏ ပတ္စ္ပို႔သက္တမ္းတိုးျခင္း၊ ေနထိုင္ခြင့္လက္မွတ္ေဆာင္႐ြက္ေပးျခင္း စသျဖင့္ ကိစၥရပ္မ်ားကို ေဆာင္႐ြက္ေပးေနသူတစ္ဦးက သုံးသပ္ေျပာၾကားသည္။

Related news

© 2021. All rights reserved.