ကျုံအိတ်တံတားကို အစားထိုးတည်ဆောက်နေသည့် သံဘေလီတံတား မကြာမီရက်ပိုင်းအတွင်း ရာနှုန်းပြည့် ပြီးစီးမည်

 6983

ယွန်း (NP News) - မေ ၂၆

ကျုံအိတ်တံတားကို အစားထိုးတည်ဆောက်နေသည့် သံဘေလီတံတား တည်ဆောက်မှု မကြာမီရက်ပိုင်းအတွင်း ရာခိုင်နှုန်းပြည့်ပြီးစီးမည်ဖြစ်ကြောင်း အဆိုပါကျုံအိတ်တံတားအနီးတွင် နေထိုင်သည့်ဒေသခံတစ်ဦးထံမှ သိရသည်။

အစားထိုးတည်ဆောက်နေသည့် သံဘေလီတံတားကို ပြီးခဲ့သည့် မေ ၂၃ ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရာခိုင်နှုန်းပြည့်နီးပါးပြီးစီးနေပြီး လာမည့် မေ ၂၈ ရက်တွင် ယာဥ်ကြီး၊ ယာဥ်ငယ်များ ဖြတ်သန်းသွား လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ဘေလီတံတားက အခုလောလောဆယ် ဟိုဘက်ကမ်းအထိထိုးပြီးသွားပြီ။ တံတားကြမ်းခင်းနဲ့ အရင်ရှိတဲ့ ကားလမ်းပေါ်ကနေ တံတားပေါ်ကိုတက်ရမယ့် ချဥ်းကမ်းလမ်းကို မြေဖို့တာတွေလုပ်နေတယ်။ အများဆုံး နောက်ထပ် နှစ်ရက်လောက်တော့ ကြာမယ်လို့ ပြောတယ်။ သဘက်ခါဆိုရင် အပြီးအစီးအကုန်ပြီးလောက်ပြီ။ အားလုံးပေါင်းတံတားက ပေ ၁၁၀ ထိုးထားတာ။ ကြမ်းခင်းက ၁၁ ခန်းရှိတယ်။ ပေ ၂၀ တော့ ပြီးသွားပြီ။ အခုကတော့ ယာယီခင်းထားတဲ့မြေသားလမ်းကနေပဲ သွားနေကြတယ်” ဟု အထက်ပါ ဒေသခံသတင်းအရင်း အမြစ်က ဆိုသည်။

လက်ရှိတွင် ကျုံအိတ်တံတားဘေး၌ ယာယီမြေသားလမ်းပြုလုပ်ထားပြီး ယာဥ်အသေးများနှင့် ၆ ဘီးကားများကို သာ ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။

ထို့ပြင် အဆိုပါ ဘေလီတံတားတည်ဆောက်နေသည့် နေရာအား အကြမ်းဖက်သမားများက ဒရုန်းဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်မှုများလည်း ရှိနေကြောင်း သိရသည်။

“ဘေလီတံတားစထိုးတဲ့ရက်ကနေစပြီး ညနေ ၄ နာရီလောက်ဆို ဒရုန်းနဲ့ ဗုံးပုံမှန်လာချတယ်။ အထိအခိုက် တော့မရှိဘူး။ တစ်ခါလာရင် ဒရုန်းနှစ်စီးနဲ့ (၄)လုံးလောက် လာလာချတယ်။ အနှောင့်အယှက်တွေတော့ ရှိတယ်။ တံတားပြီးသွားရင်တော့ တော်တော်အဆင်ပြေသွားမှာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ကျုံအိတ်တံတားသည် ယခင်က သံကူကွန်ကရစ်တံတားတစ်စင်းဖြစ်ပြီး ၂ဝ၂၃ ခုနှစ်၊ ဇွန်လတွင် KNU ပူးပေါင်း အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သည့်အတွက် သံဘေလီတံတားဖြင့် အစားထိုးတည်ဆောက်ပေးခဲ့သော်လည်း ယခု ၂၀၂၄ ခုနှစ်၊ မေလတွင် KNU ပူးပေါင်းအဖွဲ့ကပင် ထပ်မံ၍ ၎င်းဘေလီတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
က်ဳံအိတ္တံတားကို အစားထိုးတည္ေဆာက္ေနသည့္ သံေဘလီတံတား မၾကာမီရက္ပိုင္းအတြင္း ရာႏႈန္းျပည့္ ၿပီးစီးမည္
ယြန္း (NP News) - ေမ ၂၆

က်ဳံအိတ္တံတားကို အစားထိုးတည္ေဆာက္ေနသည့္ သံေဘလီတံတား တည္ေဆာက္မႈ မၾကာမီရက္ပိုင္းအတြင္း ရာခိုင္ႏႈန္းျပည့္ၿပီးစီးမည္ျဖစ္ေၾကာင္း အဆိုပါက်ဳံအိတ္တံတားအနီးတြင္ ေနထိုင္သည့္ေဒသခံတစ္ဦးထံမွ သိရသည္။

အစားထိုးတည္ေဆာက္ေနသည့္ သံေဘလီတံတားကို ၿပီးခဲ့သည့္ ေမ ၂၃ ရက္တြင္ စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ ရာခိုင္ႏႈန္းျပည့္နီးပါးၿပီးစီးေနၿပီး လာမည့္ ေမ ၂၈ ရက္တြင္ ယာဥ္ႀကီး၊ ယာဥ္ငယ္မ်ား ျဖတ္သန္းသြား လာႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

“ေဘလီတံတားက အခုေလာေလာဆယ္ ဟိုဘက္ကမ္းအထိထိုးၿပီးသြားၿပီ။ တံတားၾကမ္းခင္းနဲ႔ အရင္ရွိတဲ့ ကားလမ္းေပၚကေန တံတားေပၚကိုတက္ရမယ့္ ခ်ဥ္းကမ္းလမ္းကို ေျမဖို႔တာေတြလုပ္ေနတယ္။ အမ်ားဆုံး ေနာက္ထပ္ ႏွစ္ရက္ေလာက္ေတာ့ ၾကာမယ္လို႔ ေျပာတယ္။ သဘက္ခါဆိုရင္ အၿပီးအစီးအကုန္ၿပီးေလာက္ၿပီ။ အားလုံးေပါင္းတံတားက ေပ ၁၁၀ ထိုးထားတာ။ ၾကမ္းခင္းက ၁၁ ခန္းရွိတယ္။ ေပ ၂၀ ေတာ့ ၿပီးသြားၿပီ။ အခုကေတာ့ ယာယီခင္းထားတဲ့ေျမသားလမ္းကေနပဲ သြားေနၾကတယ္” ဟု အထက္ပါ ေဒသခံသတင္းအရင္း အျမစ္က ဆိုသည္။

လက္ရွိတြင္ က်ဳံအိတ္တံတားေဘး၌ ယာယီေျမသားလမ္းျပဳလုပ္ထားၿပီး ယာဥ္အေသးမ်ားႏွင့္ ၆ ဘီးကားမ်ားကို သာ ျဖတ္သန္းခြင့္ျပဳထားေၾကာင္း သိရသည္။

ထို႔ျပင္ အဆိုပါ ေဘလီတံတားတည္ေဆာက္ေနသည့္ ေနရာအား အၾကမ္းဖက္သမားမ်ားက ဒ႐ုန္းျဖင့္ Drop Bomb မ်ား ပစ္ခ်တိုက္ခိုက္မႈမ်ားလည္း ရွိေနေၾကာင္း သိရသည္။

“ေဘလီတံတားစထိုးတဲ့ရက္ကေနစၿပီး ညေန ၄ နာရီေလာက္ဆို ဒ႐ုန္းနဲ႔ ဗုံးပုံမွန္လာခ်တယ္။ အထိအခိုက္ ေတာ့မရွိဘူး။ တစ္ခါလာရင္ ဒ႐ုန္းႏွစ္စီးနဲ႔ (၄)လုံးေလာက္ လာလာခ်တယ္။ အေႏွာင့္အယွက္ေတြေတာ့ ရွိတယ္။ တံတားၿပီးသြားရင္ေတာ့ ေတာ္ေတာ္အဆင္ေျပသြားမွာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။

က်ဳံအိတ္တံတားသည္ ယခင္က သံကူကြန္ကရစ္တံတားတစ္စင္းျဖစ္ၿပီး ၂ဝ၂၃ ခုႏွစ္၊ ဇြန္လတြင္ KNU ပူးေပါင္း အဖြဲ႕က မိုင္းခြဲဖ်က္ဆီးခဲ့သည့္အတြက္ သံေဘလီတံတားျဖင့္ အစားထိုးတည္ေဆာက္ေပးခဲ့ေသာ္လည္း ယခု ၂၀၂၄ ခုႏွစ္၊ ေမလတြင္ KNU ပူးေပါင္းအဖြဲ႕ကပင္ ထပ္မံ၍ ၎ေဘလီတံတားကို မိုင္းခြဲဖ်က္ဆီးခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.