မနက်ဖြန်၌ ဖွင့်လှစ်မည့် (၆၃)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ထီဆုငွေအဖြစ် ကျပ်သန်း (၄၀၀၀)နီးပါး ချီးမြှင့်သွားမည်

9243

စော (NP News) - မေ ၃၁
မနက်ဖြန်(ဇွန်လ ၁ ရက်)၌ဖွင့်လှစ်မည့် (၆၃)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲတွင် ထီဆုငွေအဖြစ် ကျပ်သန်း (၄၀၀၀)နီးပါး ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက ယနေ့(မေလ ၃၁ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်တွင်ကျင်းပမည့် (၆၃)ကြိမ်မြောက် ကျပ်(၁၀၀၀)တန် အောင်ဘာ လေသိန်းဆုထီဖွင့်ပွဲအတွက် “က” အက္ခရာမှ အစဉ်လိုက် “ဈ” အက္ခရာအထိ စုစုပေါင်း အက္ခရာ (၉)လုံးအပေါ်မှ ၇၅ ရာခိုင်နှုန်းဖြစ်သော ထီစာအုပ် (၅၅၂၂၇၆)ကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ထီလက်မှတ်ရောင်းရငွေမှာ ကျပ်(၅၅၂၂ ဒသမ ၇၆) သန်းရရှိခဲ့ပြီး ၇ဝ ရာခိုင်နှုန်းခွဲဝေချီးမြှင့်ပေးမည်ဖြစ်သောကြောင့် ငွေကျပ်(၃၈၆၅ ဒသမ ၉၃၂) သန်းကို ထီဆုငွေအဖြစ် ချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
အဆိုပါ ၇ဝ ရာခိုင်နှုန်း ခွဲဝေချီးမြှင့်ပေးမည့် ထီဆုငွေများအပြင် ဘဏ္ဍာသိမ်းရငွေ ကျပ် (၂၅၀) သန်းကိုလည်း ထည့်သွင်းချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ (၆၃) ကြိမ်မြောက် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲတွင် အမြင့်ဆုံးပေးအပ်မည့် အထူးဆုသည် ငွေကျပ်သိန်း (၅ဝဝဝ) တစ်ဆု၊ ငွေကျပ်သိန်း(၂ဝဝဝ) တစ်ဆုနှင့် ငွေကျပ်သိန်း(၁ဝဝဝ)တစ်ဆုဖြစ်ကြောင်း သိရသည်။
ထို့ပြင် (၆၃)ကြိမ်မြောက် အောင်ဘာလေအွန်လိုင်းသိန်းဆုဖွင့်ပွဲကို မနက်ဖြန် (ဇွန်လ ၁ ရက်)တွင် သီးခြားခွဲ၍ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အောင်ဘာလေအွန်လိုင်းသိန်းဆုထီလက်မှတ်များရောင်းရငွေအပေါ်မှ (၇၀)ရာခိုင်နှုန်းအား ဆုမဲအဖြစ် ပြန်လည်ခွဲဝေ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို မနက်ဖြန် (ဇွန်လ ၁ ရက်)၊ နံနက်(၈)နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ပြီး အောင်ဘာလေအွန်လိုင်းသိန်းဆုထီဖွင့်ပွဲကို နံနက် (၁၀)နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
မနက္ျဖန္၌ ဖြင့္လွစ္မည့္ (၆၃)ႀကိမ္ေျမာက္ ေအာင္ဘာေလထီဖြင့္ပြဲတြင္ ထီဆုေငြအျဖစ္ က်ပ္သန္း (၄၀၀၀)နီးပါး ခ်ီးျမႇင့္သြားမည္
ေစာ (NP News) - ေမ ၃၁
မနက္ျဖန္(ဇြန္လ ၁ ရက္)၌ဖြင့္လွစ္မည့္ (၆၃)ႀကိမ္ေျမာက္ ေအာင္ဘာေလထီဖြင့္ပြဲတြင္ ထီဆုေငြအျဖစ္ က်ပ္သန္း (၄၀၀၀)နီးပါး ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနထံမွ သိရသည္။ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန၊ ျပည္တြင္းအခြန္မ်ားဦးစီးဌာနက ယေန႔(ေမလ ၃၁ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာတြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္းျဖစ္သည္။
၂၀၂၄ ခုႏွစ္၊ ဇြန္လ ၁ ရက္တြင္က်င္းပမည့္ (၆၃)ႀကိမ္ေျမာက္ က်ပ္(၁၀၀၀)တန္ ေအာင္ဘာ ေလသိန္းဆုထီဖြင့္ပြဲအတြက္ “က” အကၡရာမွ အစဥ္လိုက္ “ဈ” အကၡရာအထိ စုစုေပါင္း အကၡရာ (၉)လုံးအေပၚမွ ၇၅ ရာခိုင္ႏႈန္းျဖစ္ေသာ ထီစာအုပ္ (၅၅၂၂၇၆)ကို ေရာင္းခ်ႏိုင္ခဲ့ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ထီလက္မွတ္ေရာင္းရေငြမွာ က်ပ္(၅၅၂၂ ဒသမ ၇၆) သန္းရရွိခဲ့ၿပီး ၇ဝ ရာခိုင္ႏႈန္းခြဲေဝခ်ီးျမႇင့္ေပးမည္ျဖစ္ေသာေၾကာင့္ ေငြက်ပ္(၃၈၆၅ ဒသမ ၉၃၂) သန္းကို ထီဆုေငြအျဖစ္ ခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း ေၾကညာခ်က္အရ သိရသည္။
အဆိုပါ ၇ဝ ရာခိုင္ႏႈန္း ခြဲေဝခ်ီးျမႇင့္ေပးမည့္ ထီဆုေငြမ်ားအျပင္ ဘ႑ာသိမ္းရေငြ က်ပ္ (၂၅၀) သန္းကိုလည္း ထည့္သြင္းခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။ (၆၃) ႀကိမ္ေျမာက္ ေအာင္ဘာေလသိန္းဆုထီဖြင့္ပြဲတြင္ အျမင့္ဆုံးေပးအပ္မည့္ အထူးဆုသည္ ေငြက်ပ္သိန္း (၅ဝဝဝ) တစ္ဆု၊ ေငြက်ပ္သိန္း(၂ဝဝဝ) တစ္ဆုႏွင့္ ေငြက်ပ္သိန္း(၁ဝဝဝ)တစ္ဆုျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ (၆၃)ႀကိမ္ေျမာက္ ေအာင္ဘာေလအြန္လိုင္းသိန္းဆုဖြင့္ပြဲကို မနက္ျဖန္ (ဇြန္လ ၁ ရက္)တြင္ သီးျခားခြဲ၍ ဖြင့္လွစ္သြားမည္ျဖစ္ၿပီး ေအာင္ဘာေလအြန္လိုင္းသိန္းဆုထီလက္မွတ္မ်ားေရာင္းရေငြအေပၚမွ (၇၀)ရာခိုင္ႏႈန္းအား ဆုမဲအျဖစ္ ျပန္လည္ခြဲေဝ ခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ေအာင္ဘာေလသိန္းဆုထီဖြင့္ပြဲကို မနက္ျဖန္ (ဇြန္လ ၁ ရက္)၊ နံနက္(၈)နာရီအခ်ိန္တြင္ က်င္းပသြားမည္ျဖစ္ၿပီး ေအာင္ဘာေလအြန္လိုင္းသိန္းဆုထီဖြင့္ပြဲကို နံနက္ (၁၀)နာရီအခ်ိန္တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။