YouTube မှာ Subscriber အများဆုံး ချန်နယ်အဖြစ် MrBeast ဗိုလ်စွဲ

 955

ရောင်နီ (NP News) - ဇွန် ၆

နာမည်ကျော် Youtuber တစ်ဦးဖြစ်တဲ့ MrBeast ဟာ မကြာသေးမီက သူ့ရဲ့ YouTube Channel မှာ စာရင်းသွင်းသူ ဦးရေ သန်းပေါင်းများစွာ တိုးပွားလာပြီး Bollywood ဂီတချန်နယ် T-Series ကို အနိုင်ယူခဲ့ကာ Subscribers အများဆုံး Channel ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်က ၎င်းရဲ့ပြိုင်ဘက်ဖြစ်တဲ့ T-Series Channel ဟာ Subscribers ၂၆၆,၇၀၆,၃၈၇ ဦးထိ ရှိခဲ့ပြီး စာရင်းသွင်းသူဦးရေ ၂၆၆,၇၀၇,၉၉၅ ထိ တိုးလာကာ ကမ္ဘာပေါ်မှာ Subscriber အများဆုံး YouTube ချန်နယ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ဇွန်လ ၅ ရက်မှာတော့ MrBeast က Subscribers ၂၇၂ သန်းဝန်းကျင်နဲ့ T-Series ကို ကျော်လွန်ကာ ကမ္ဘာပေါ်မှာ Subscriber အများဆုံး Channel ဖြစ်လာခဲ့တာပါ။ ဒီအောင်မြင်မှုကို ဂျိမ်းစ်စတီဖင်ဂျင်မီဒိုလန်ဆွန် လို့လည်း သိကြတဲ့ 'MrBeast' က Twitter မှာ ပိုစ့်တင်ခဲ့တာဖြစ်ပါတယ်။

MrBeast ဟာ survival ဗီဒီယိုတွေကို ဖန်တီးလေ့ရှိပြီး သူ့ရဲ့ video view တွေဟာ နေ့စဉ်ပျမ်းမျှအားဖြင့် ၁.၃၁ သန်းထိ ရရှိခဲ့လေ့ရှိတယ်လို့ သိရပါတယ်။

Zawgyi Version;
YouTube မွာ Subscriber အမ်ားဆုံး ခ်န္နယ္အျဖစ္ MrBeast ဗိုလ္စြဲ
ေရာင္နီ (NP News) - ဇြန္ ၆

နာမည္ေက်ာ္ Youtuber တစ္ဦးျဖစ္တဲ့ MrBeast ဟာ မၾကာေသးမီက သူ႔ရဲ႕ YouTube Channel မွာ စာရင္းသြင္းသူ ဦးေရ သန္းေပါင္းမ်ားစြာ တိုးပြားလာၿပီး Bollywood ဂီတခ်န္နယ္ T-Series ကို အႏိုင္ယူခဲ့ကာ Subscribers အမ်ားဆုံး Channel ျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္အနည္းငယ္က ၎ရဲ႕ၿပိဳင္ဘက္ျဖစ္တဲ့ T-Series Channel ဟာ Subscribers ၂၆၆,၇၀၆,၃၈၇ ဦးထိ ရွိခဲ့ၿပီး စာရင္းသြင္းသူဦးေရ ၂၆၆,၇၀၇,၉၉၅ ထိ တိုးလာကာ ကမာၻေပၚမွာ Subscriber အမ်ားဆုံး YouTube ခ်န္နယ္ ျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္ ဇြန္လ ၅ ရက္မွာေတာ့ MrBeast က Subscribers ၂၇၂ သန္းဝန္းက်င္နဲ႔ T-Series ကို ေက်ာ္လြန္ကာ ကမာၻေပၚမွာ Subscriber အမ်ားဆုံး Channel ျဖစ္လာခဲ့တာပါ။ ဒီေအာင္ျမင္မႈကို ဂ်ိမ္းစ္စတီဖင္ဂ်င္မီဒိုလန္ဆြန္ လို႔လည္း သိၾကတဲ့ 'MrBeast' က Twitter မွာ ပိုစ့္တင္ခဲ့တာျဖစ္ပါတယ္။

MrBeast ဟာ survival ဗီဒီယိုေတြကို ဖန္တီးေလ့ရွိၿပီး သူ႔ရဲ႕ video view ေတြဟာ ေန႔စဥ္ပ်မ္းမွ်အားျဖင့္ ၁.၃၁ သန္းထိ ရရွိခဲ့ေလ့ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.