ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေဆိုင်များ နေ့စဥ်ဖွင့်လှစ်ရန် နှင့် သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချရန် YGEA သတိပေး

36954

ယွန်း (NP News) - ဇွန် ၆
ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေဆိုင်များ နေ့စဥ်ဖွင့်လှစ်ရန်နှင့် သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)က ဇွန်(၅)ရက်နေ့က သတိပေးကြေညာချက် ထုတ်ပြန်ထားသည်။
ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီနှင့်သက် ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ရွှေဈေးကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေဆိုင်များအနေဖြင့် နေ့စဥ်ရွှေဆိုင်များအားဖွင့်လှစ်ခြင်းနှင့် သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချခြင်းများကို ဆောင်ရွက်ရန် YGEA က အသိပေးထားသည်။
သက်ဆိုင်ရာမှ လာရောက်စစ်ဆေးသည့်အခါတွင် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။ ယနေ့(ဇွန်လ ၆ ရက်) တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်း(၄,၈၁၀,၉၀၀) ဖြစ်ကြောင်း သိရသည်။
နစကအနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းတွင် တရားမဝင်ရွှေအရောင်းအဝယ်ပြုလုပ်သူ(၂၁)ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဈေးနှုန်းမတည်မငြိမ်ဖြစ်စေရန် နောက်ကွယ်မှ ဆောင်ရွက်နေသည့် ဝိန့်စိန်ရွှေဆိုင်၊ ဇွဲထက်ရွှေဆိုင်၊ အောင်သမာဓိရွှေဆိုင်တို့မှ တာဝန်ရှိသူများအပါအဝင် ထွက်ပြေးတိမ်းရှောင်သူ(၁၀)ဦးကိုလည်း အရေးယူနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း မောင်ကိန်းရွှေဆိုင် အပါအဝင် ရွှေဆိုင်(၃)ဆိုင်နှင့် ရွှေလုပ်ငန်း(၄)ခုကို ရွှေရောင်းဝယ်သူများဆိုင်ရာ ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်မှုကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အရေးယူခဲ့ကြောင်း သိရသည်။

zawgyi version
ေ႐ႊေဈးႏႈန္းတည္ၿငိမ္ေရးအတြက္ ေ႐ႊဆိုင္မ်ား ေန႔စဥ္ဖြင့္လွစ္ရန္ ႏွင့္ သတ္မွတ္ေဈးႏႈန္းျဖင့္ေရာင္းခ်ရန္ YGEA သတိေပး
ယြန္း (NP News) - ဇြန္ ၆
ေ႐ႊေဈးႏႈန္းတည္ၿငိမ္ေရးအတြက္ ေ႐ႊဆိုင္မ်ား ေန႔စဥ္ဖြင့္လွစ္ရန္ႏွင့္ သတ္မွတ္ေဈးႏႈန္းျဖင့္ေရာင္းခ်ရန္ ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA)က ဇြန္(၅)ရက္ေန႔က သတိေပးေၾကညာခ်က္ ထုတ္ျပန္ထားသည္။
ေ႐ႊႏွင့္ေငြေၾကးေဈးကြက္ ေစာင့္ၾကည့္၊ ထိန္းသိမ္း၊ ၾကပ္မတ္ေရးလုပ္ငန္းေကာ္မတီႏွင့္သက္ ဆိုင္ရာဌာနဆိုင္ရာမ်ားအေနျဖင့္ ေ႐ႊေဈးကို ထိန္းသိမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ေ႐ႊေဈးႏႈန္းတည္ၿငိမ္ေရးအတြက္ ေ႐ႊဆိုင္မ်ားအေနျဖင့္ ေန႔စဥ္ေ႐ႊဆိုင္မ်ားအားဖြင့္လွစ္ျခင္းႏွင့္ သတ္မွတ္ေဈးႏႈန္းျဖင့္ေရာင္းခ်ျခင္းမ်ားကို ေဆာင္႐ြက္ရန္ YGEA က အသိေပးထားသည္။
သက္ဆိုင္ရာမွ လာေရာက္စစ္ေဆးသည့္အခါတြင္ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက ထိေရာက္စြာ အေရးယူမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။ ယေန႔(ဇြန္လ ၆ ရက္) တြင္ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း၏ ထုတ္ျပန္ခ်က္အရ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ က်ပ္သိန္း(၄,၈၁၀,၉၀၀) ျဖစ္ေၾကာင္း သိရသည္။
နစကအေနျဖင့္ ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ တရားမဝင္ေ႐ႊအေရာင္းအဝယ္ျပဳလုပ္သူ(၂၁)ဦးကို ဖမ္းဆီးစစ္ေဆးခဲ့ၿပီး ေဈးႏႈန္းမတည္မၿငိမ္ျဖစ္ေစရန္ ေနာက္ကြယ္မွ ေဆာင္႐ြက္ေနသည့္ ဝိန႔္စိန္ေ႐ႊဆိုင္၊ ဇြဲထက္ေ႐ႊဆိုင္၊ ေအာင္သမာဓိေ႐ႊဆိုင္တို႔မွ တာဝန္ရွိသူမ်ားအပါအဝင္ ထြက္ေျပးတိမ္းေရွာင္သူ(၁၀)ဦးကိုလည္း အေရးယူႏိုင္ေရးေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ ဧၿပီလအတြင္းကလည္း ေမာင္ကိန္းေ႐ႊဆိုင္ အပါအဝင္ ေ႐ႊဆိုင္(၃)ဆိုင္ႏွင့္ ေ႐ႊလုပ္ငန္း(၄)ခုကို ေ႐ႊေရာင္းဝယ္သူမ်ားဆိုင္ရာ ၫႊန္ၾကားခ်က္ကို လိုက္နာရန္ ပ်က္ကြက္မႈေၾကာင့္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က အေရးယူခဲ့ေၾကာင္း သိရသည္။