ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းတစ်ခု၌ Grade-6 ကျောင်းသား(၂)ဦးစကားများရန်ဖြစ်ရာမှ ခဲတံချွန်ဓားဖြင့် ထိုးမှုဖြစ်ပွားခဲ့ရာကျောင်းသား တစ်ဦးသေဆုံး

40870

သန့်ဇင် (NP News) - ဇွန် ၇
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ အထက်တန်းကျောင်းတစ်ခု၌ Grade-6 ကျောင်းသား(၂)ဦးစကားများရန်ဖြစ်ရာမှ ခဲတံချွန်ဓားဖြင့် ထိုးမှုဖြစ်ပွားခဲ့ရာကျောင်းသား တစ်ဦးသေဆုံးသွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၆ ရက်)၊ နံနက်ပိုင်းအချိန်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အောင်မင်္ဂလာ(၅)လမ်းရှိ လေးထောင့်ကန် အထက်တန်းကျောင်း၏ ကျောင်းမုန့်ဈေးတန်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအထက်တန်းကျောင်း၏ ဆဋ္ဌမတန်း-ခ တွင် အတူပညာသင်ယူနေသော မောင်ကောင်းစည်သူနှင့် မောင်ဇင်မင်းခန့်တို့(၂)ဦးမှာ ကျောင်း၏မုန့်ဈေးတန်းတွင် စကားများရန်ဖြစ်ကြရာ မောင်ကောင်းစည်သူက ၎င်း၏ ကျောပိုးအိတ်ထဲတွင် အသင့်ပါလာသော ခဲတံချွန်ဓားဖြင့် မောင်ဇင်မင်းခန့်ကို ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ခဲတံချွန်ဓားဖြင့် ထိုးသတ်ခံရမှုကြောင့် မောင်ဇင်မင်းခန့်(၁၃)နှစ်တွင် ဝဲဘက်ရင်အုံထိုးသွင်းဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့နောက် သေဆုံးသူ မောင်ဇင်မင်းခန့်ကို သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ကျူးလွန်သူ မောင်ကောင်းစည်သူကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းက (ပ)၅၈၇/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အခြေခံပညာကျောင်းများ၌ ပညာသင်ယူနေသော ကျောင်းသား/သူများတွင် အသက်သေစေနိုင်သော ခဲတံချွန်ဓားများကို ကိုင်ဆောင်အသုံးပြုခွင့်ကိုတားမြစ်သင့်ကြောင်း ကျောင်းသားမိဘတစ်ဦးက အကြံပြုပြောဆိုထားသည်။
“အမှန်က ကလေးတွေက ၁၀ နှစ်အောက် ၁၅နှစ်အောက်ဆိုရင် ခဲတံချွန်စက်ပဲကိုင်သင့်တယ်။ အဲဒီလိုမျိုးသတ်မှတ်သင့်တယ်။ အခုနောက်ပိုင်းမှာ ကလေးတွေက လက်ရဲဇက်ရဲဖြစ်လာပြီ။ အဲဒါတွေကလည်း online ကြောင့်ဖြစ်လာတာလေ။ Game တွေကြောင့် ဖြစ်နေတာ”ဟု ကျောင်းသားမိဘတစ်ဦးက NP News သို့ပြောသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ဇွန်လ ၃ ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံး၌ ဖွင့်လှစ်သင်ကြားပေးနေလျက်ရှိရာ ကျောင်းသား/သူ(၆၄၁၄၇၉၉)ဦး တက်ရောက် ပညာသင်ယူနေကြောင်း သိရသည်။
zawgyi version
ရန္ကုန္ၿမိဳ႕ရွိ အထက္တန္းေက်ာင္းတစ္ခု၌ Grade-6 ေက်ာင္းသား(၂)ဦးစကားမ်ားရန္ျဖစ္ရာမွ ခဲတံခြၽန္ဓားျဖင့္ ထိုးမႈျဖစ္ပြားခဲ့ရာေက်ာင္းသား တစ္ဦးေသဆုံး
သန႔္ဇင္ (NP News) - ဇြန္ ၇
ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္ရွိ အထက္တန္းေက်ာင္းတစ္ခု၌ Grade-6 ေက်ာင္းသား(၂)ဦးစကားမ်ားရန္ျဖစ္ရာမွ ခဲတံခြၽန္ဓားျဖင့္ ထိုးမႈျဖစ္ပြားခဲ့ရာေက်ာင္းသား တစ္ဦးေသဆုံးသြားခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဇြန္လ ၆ ရက္)၊ နံနက္ပိုင္းအခ်ိန္တြင္ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းၿမိဳ႕နယ္၊ ေအာင္မဂၤလာ(၅)လမ္းရွိ ေလးေထာင့္ကန္ အထက္တန္းေက်ာင္း၏ ေက်ာင္းမုန႔္ေဈးတန္းတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါအထက္တန္းေက်ာင္း၏ ဆ႒မတန္း-ခ တြင္ အတူပညာသင္ယူေနေသာ ေမာင္ေကာင္းစည္သူႏွင့္ ေမာင္ဇင္မင္းခန႔္တို႔(၂)ဦးမွာ ေက်ာင္း၏မုန႔္ေဈးတန္းတြင္ စကားမ်ားရန္ျဖစ္ၾကရာ ေမာင္ေကာင္းစည္သူက ၎၏ ေက်ာပိုးအိတ္ထဲတြင္ အသင့္ပါလာေသာ ခဲတံခြၽန္ဓားျဖင့္ ေမာင္ဇင္မင္းခန႔္ကို ထိုးသတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ခဲတံခြၽန္ဓားျဖင့္ ထိုးသတ္ခံရမႈေၾကာင့္ ေမာင္ဇင္မင္းခန႔္(၁၃)ႏွစ္တြင္ ဝဲဘက္ရင္အုံထိုးသြင္းဒဏ္ရာတစ္ခ်က္ရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ ေသဆုံးသူ ေမာင္ဇင္မင္းခန႔္ကို သဃၤန္းကြၽန္းစံျပေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး က်ဴးလြန္သူ ေမာင္ေကာင္းစည္သူကို ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕မရဲစခန္းက (ပ)၅၈၇/၂၀၂၄ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ အေျခခံပညာေက်ာင္းမ်ား၌ ပညာသင္ယူေနေသာ ေက်ာင္းသား/သူမ်ားတြင္ အသက္ေသေစႏိုင္ေသာ ခဲတံခြၽန္ဓားမ်ားကို ကိုင္ေဆာင္အသုံးျပဳခြင့္ကိုတားျမစ္သင့္ေၾကာင္း ေက်ာင္းသားမိဘတစ္ဦးက အႀကံျပဳေျပာဆိုထားသည္။
“အမွန္က ကေလးေတြက ၁၀ ႏွစ္ေအာက္ ၁၅ႏွစ္ေအာက္ဆိုရင္ ခဲတံခြၽန္စက္ပဲကိုင္သင့္တယ္။ အဲဒီလိုမ်ိဳးသတ္မွတ္သင့္တယ္။ အခုေနာက္ပိုင္းမွာ ကေလးေတြက လက္ရဲဇက္ရဲျဖစ္လာၿပီ။ အဲဒါေတြကလည္း online ေၾကာင့္ျဖစ္လာတာေလ။ Game ေတြေၾကာင့္ ျဖစ္ေနတာ”ဟု ေက်ာင္းသားမိဘတစ္ဦးက NP News သို႔ေျပာသည္။
၂၀၂၄-၂၀၂၅ ပညာသင္ႏွစ္အတြက္ တိုင္းႏွင့္ျပည္နယ္အသီးသီးရွိ အေျခခံပညာေက်ာင္းမ်ားႏွင့္ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ားကို ဇြန္လ ၃ ရက္ေန႔မွစတင္ကာ တစ္ႏိုင္ငံလုံး၌ ဖြင့္လွစ္သင္ၾကားေပးေနလ်က္ရွိရာ ေက်ာင္းသား/သူ(၆၄၁၄၇၉၉)ဦး တက္ေရာက္ ပညာသင္ယူေနေၾကာင္း သိရသည္။