မကြာခင်ထွက်ရှိတော့မယ့်သီချင်းအတွက် Blackpink အဖွဲ့ဝင် လီဆာ အင်စတာဂရမ်မှာ အရိပ်အမြွတ်ပြလာ

373

ရောင်နီ (NP News) - ဇွန် ၈
Blackpink အဖွဲ့ဝင် ရက်ပ်အဆိုတော်လီဆာဟာ မကြာခင် တေးဂီတ အယ်လ်ဘမ်သစ် ထွက်ရှိဖို့ ရှိနေပြီး အဲဒီတေးဂီတ အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ရဲ့အမြည်းကို သူမရဲ့ Instagram Stories မှာ "Coming soon" caption နဲ့ ဇွန်လ (၆)ရက်က ဖော်ပြခဲ့ပါတယ်။
သူမရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်နဲ့ ကိုယ်ရေးကိုယ်တာအေဂျင်စီ Lloud ရဲ့ Instagram Stories မှာလည်း အလားတူ caption နဲ့ ဖော်ပြခဲ့ပါသေးတယ်။ လီဆာ ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလက Singles Lalisa and Money နဲ့ Blackpink အဖွဲ့နဲ့မဟုတ် တစ်ကိုယ်တော် အဆိုတော်အဖြစ် ပထမဆုံး ပွဲထွက်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ အသစ်ထွက်မယ့် အယ်လ်ဘမ်အတွက် အမြည်းဗီဒီယိုကို TikTok မှာလည်း ဖော်ပြခဲ့ပါတယ်။
သူမရဲ့ TikTok reel ကိုလည်း ဇွန်လ (၆)ရက်က တင်ခဲ့တာဖြစ်ပါတယ်။ Reels မှာကတော့ာ အဖြူရောင် ဂရပ်ဖစ်တီရှပ်နဲ့ အဝါရောင်ဂျင်းဘောင်းဘီဝတ်ထားတဲ့ သူမရဲ့ကိုယ်ဟန်အမူအရာတွေကို မြင်တွေ့ခဲ့ရပြီး နာရီ ၂၀ အတွင်း ကြည့်ရှုသူ ၂၂.၉ သန်းကျော် ရရှိခဲ့ပါတယ်။ အဲဒီပိုစ့်မှာပဲ ထိုင်းနိုင်ငံ ပရိသတ်တွေရဲ့ မှတ်ချက်ပေါင်း ၁၉၁,၀၀၀ ကျော်ထိ ရရှိခဲ့တာတွေ့ရပါတယ်။
K POP နယ်ပယ်မှာ အောင်မြင်မှုများစွာရရှိထားတဲ့ လီဆာဟာ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိမယ့် အမေရိကန် ရုပ်သံစီးရီး The White Lotus ရဲ့ Season 3 မှာလည်း ပွဲဦးထွက် သရုပ်ဆောင်သွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
မၾကာခင္ထြက္ရွိေတာ့မယ့္သီခ်င္းအတြက္ Blackpink အဖြဲ႕ဝင္ လီဆာ အင္စတာဂရမ္မွာ အရိပ္အႁမြတ္ျပလာ
ေရာင္နီ (NP News) - ဇြန္ ၈
Blackpink အဖြဲ႕ဝင္ ရက္ပ္အဆိုေတာ္လီဆာဟာ မၾကာခင္ ေတးဂီတ အယ္လ္ဘမ္သစ္ ထြက္ရွိဖို႔ ရွိေနၿပီး အဲဒီေတးဂီတ အယ္လ္ဘမ္ထဲက သီခ်င္းတစ္ပုဒ္ရဲ႕အျမည္းကို သူမရဲ႕ Instagram Stories မွာ "Coming soon" caption နဲ႔ ဇြန္လ (၆)ရက္က ေဖာ္ျပခဲ့ပါတယ္။
သူမရဲ႕ တရားဝင္ ဝက္ဘ္ဆိုဒ္နဲ႔ ကိုယ္ေရးကိုယ္တာေအဂ်င္စီ Lloud ရဲ႕ Instagram Stories မွာလည္း အလားတူ caption နဲ႔ ေဖာ္ျပခဲ့ပါေသးတယ္။ လီဆာ ဟာ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလက Singles Lalisa and Money နဲ႔ Blackpink အဖြဲ႕နဲ႔မဟုတ္ တစ္ကိုယ္ေတာ္ အဆိုေတာ္အျဖစ္ ပထမဆုံး ပြဲထြက္ခဲ့သူ ျဖစ္ပါတယ္။ သူမဟာ အသစ္ထြက္မယ့္ အယ္လ္ဘမ္အတြက္ အျမည္းဗီဒီယိုကို TikTok မွာလည္း ေဖာ္ျပခဲ့ပါတယ္။
သူမရဲ႕ TikTok reel ကိုလည္း ဇြန္လ (၆)ရက္က တင္ခဲ့တာျဖစ္ပါတယ္။ Reels မွာကေတာ့ာ အျဖဴေရာင္ ဂရပ္ဖစ္တီရွပ္နဲ႔ အဝါေရာင္ဂ်င္းေဘာင္းဘီဝတ္ထားတဲ့ သူမရဲ႕ကိုယ္ဟန္အမူအရာေတြကို ျမင္ေတြ႕ခဲ့ရၿပီး နာရီ ၂၀ အတြင္း ၾကည့္ရႈသူ ၂၂.၉ သန္းေက်ာ္ ရရွိခဲ့ပါတယ္။ အဲဒီပိုစ့္မွာပဲ ထိုင္းႏိုင္ငံ ပရိသတ္ေတြရဲ႕ မွတ္ခ်က္ေပါင္း ၁၉၁,၀၀၀ ေက်ာ္ထိ ရရွိခဲ့တာေတြ႕ရပါတယ္။
K POP နယ္ပယ္မွာ ေအာင္ျမင္မႈမ်ားစြာရရွိထားတဲ့ လီဆာဟာ ၂၀၂၅ ခုႏွစ္မွာ ထြက္ရွိမယ့္ အေမရိကန္ ႐ုပ္သံစီးရီး The White Lotus ရဲ႕ Season 3 မွာလည္း ပြဲဦးထြက္ သ႐ုပ္ေဆာင္သြားဦးမွာျဖစ္တယ္လို႔ သိရပါတယ္။