ဒေါ်လာနှင့်ရွှေဈေး ပြန်ကျလာသော်လည်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက် နေဆဲဖြစ်

6909

ယွန်း (NP News) - ဇွန် ၈
စံချိန်တင်မြင့်တက်ခဲ့သည့် ဒေါ်လာဈေးနှင့် ရွှေဈေးနှုန်းများ ပြန်ကျလာသော်လည်း အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း ဈေးကွက်အတွင်းစုံစမ်းထားသည့် အချက်အလက်များအရ သိရသည်။ ပြီးခဲ့သည့် မေလတွင် ဈေးကွက်အတွင်း၌ အခေါက်ရွှေတစ်ကျပ်သားဈေးနှုန်းမှာ ငွေကျပ်(၅၈)သိန်းအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)တွင် ရည်ညွှန်းသတ်မှတ်ဈေးနှုန်းမှာ ငွေကျပ်(၃၉)သိန်းကျော်သာရှိခဲ့သည်။
သို့သော် ဇွန်လ(၁)ရက်နေ့မှစတင်ကာ YGEA ၏ ရည်ညွှန်းဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ငွေကျပ်(၄၁)သိန်းကျော်အထိမြင့်တက်ခဲ့ပြီး ဇွန်လ(၃)ရက်နေ့မှစ၍ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်(၄၈)သိန်းကျော်အထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။ သို့သော်လည်း YGEA ၏ ထုတ်ပြန်ချက်အရ ဇွန်လ(၈)ရက်နေ့တွင် ကျပ်သိန်း(၄,၇၉၃,၁၀၀) ရှိခဲ့ပြီး ရွှေဈေးအနည်း ငယ် ကျဆင်းလာခဲ့သည်။
လက်ရှိတွင် ပြည်တွင်း၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်(၄၇)သိန်းကျော်ရှိပြီး အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ်(၄၂၀၀)ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။ ထိုသို့ ပြည်တွင်း၌ ရွှေနှင့် ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများသည်လည်း ယခုဇွန်လတွင် ပိုမိုကြီးမြင့်လာခဲ့ကြောင်း သိရသည်။
“အခုလမှာ ဈေးကပိုတက်လာတာ ရွှေဈေးတွေကလည်းတက်တယ်။ အရင်က ဆန်တစ်အိတ်(၉၀၀၀၀)က ဒီလရောက်တော့ (၁၂၀၀၀၀)ဖြစ်နေပြီ။ ဆီဆို (၈၀၀၀)ကနေ (၁၂၀၀၀)။ မဝယ်လို့ကလည်းမရဘူးလေ။ အခုထက်ဈေးလေးနည်းနည်းလောက်တော့ ပြန်ကျရင်ကောင်းမယ်။ ပြည်သူတွေပဲဒုက္ခရောက်တာလေ။ ဝင်ငွေကနည်း ကုန်ဈေးတွေကတက်နဲ့ အဆင်မပြေဘူး။ ဈေးကကျသွားရင်သာမသိလိုက်တာ တက်လာရင်တော့ပြန်ကျဖို့မလွယ်ဘူး” ဟု ရန်ကုန်မြို့ရှိ ပြည်သူတစ်ဦးက NP News ကိုပြောသည်။
လက်ရှိတွင် ရွှေဈေးအနည်းငယ်ပြန်ကျနေသော်လည်း ဒေါ်လာဈေးနှင့် ရွှေဈေးနှစ်ခုစလုံးအား သက်ဆိုင်ရာမှ ယခုထက် ဈေးပိုကျစေရန် ထိရောက်စွာ လုပ်ဆောင်နိုင်မှသာ မြင့်တက်နေသည့် ကုန်ဈေးနှုန်း ပြန်ကျလာနိုင်မည်ဖြစ်ကြောင်း ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုထားသည်။
“ဈေးကချက်ချင်းကြီး ကျဖို့ကတော့ အဆင်မပြေသေးဘူး။ အဓိကကတော့ ကုန်ဈေးနှုန်းတွေကို သေချာကျအောင်လုပ်ပေးရမှာ။ ရွှေဈေးတွေ၊ ဒေါ်လာဈေးတွေက တကယ်ပဲကျသွားတာလား။ ပြီးရင်ပြန်တက်လာမှာလား။ အကုန်လုံးက ဇဝေဇဝါဖြစ်နေကြတာ။ ဈေးရောင်းတဲ့သူက ဈေးလျှော့ပြီးရောင်းပေးပြီးတော့ သူပြန်ဝယ်တဲ့အချိန်ကြ ဝယ်လို့မရရင် ဒုက္ခရောက်မှာလေ။ အဲဒီတော့ ဒေါ်လာဈေးရော၊ ရွှေဈေးရောကို ဒီထက်ပိုပြီးချဖို့လိုတယ်။ ရွှေဈေးကလည်း ဖုန်းထဲမှာ ပြထားတဲ့ဈေးနဲ့ အပြင်မှာ အဲဒီဈေးအတိုင်းသွားဝယ်ရင် မရောင်းဘူး။ ဘယ် လောက်ဖိုးပဲရောင်းပေးမယ်ဆိုတာမျိုးတွေဖြစ်နေတာ။ အခုသတ်မှတ်တာက ကျတယ်လို့မပြောဘူး။ ကြောက်လို့သာခဏငြိမ်တဲ့သဘော။ အဲဒါကြောင့်ထိထိရောက်ရောက်ကို လုပ်ဖို့လိုတယ်လို့ပြောတာ” ဟု အထက်ပါ ဆောက်လုပ်ရေးလုပ်ငန်းရှင်က ပြောသည်။
ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် နေ့စဥ် ရွှေဆိုင်များအားဖွင့်လှစ်ခြင်းနှင့် သတ်မှတ်ဈေးနှုန်းဖြင့်ရောင်းချခြင်းများကို ဆောင်ရွက်ရန် YGEA က ပြီးခဲ့သည့် ဇွန်လ(၅)ရက်နေ့တွင် အသိပေးထားသည်။ သို့သော် ရွှေဈေးကျဆင်းမှုကြောင့် ကုန်ဈေးနှုန်းများသည် ချက်ချင်းကျဆင်းနိုင်မည်မဟုတ်ဘဲ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက အသိပေးပြောဆိုထားသည်။
“ကုန်ဈေးနှုန်းက ချက်ချင်းကြီးကျဖို့ကတော့ မရှိဘူး။ တစ်ပတ်ဝန်းကျင်လောက်တော့ လည်ပတ်ရဦးမှာ။ အဲဒီလိုလည်ပတ်ပြီးမှ ဈေးကကျမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တစ်ချို့ဈေးတွေကကြိုပြီးတော့ အရင်ငွေဈေးတွေနဲ့ ဝယ်ထားတာတွေရှိမယ်။ အဲဒီအပေါ်မှာ ရောင်းရတာဖြစ်တော့ ချက်ချင်းကြီးတော့ မကျ နိုင်ဘူး။ ဒါပေမယ့် တစ်ပတ်လောက်နေရင်တော့ ကျကိုကျပေးရမှာ။ စောင့်ကြည့်ရမှာပေါ့။ ဖြစ်သင့်တဲ့ဈေးတစ်ခုကို ကြည့်ပေးနေတဲ့အဖွဲ့ကလည်းရှိပြီး သား။ အဲဒီအချိန်ရောက်လို့မှ မဖြစ်ရင် သူတို့ဘယ်လိုကိုင်တွယ်မလဲဆိုတာ ထပ်ပြီးတော့ ပြောမှာပေါ့။ အခုဈေးကျဖို့ကတော့ မဖြစ်နိုင်သေးဘူး။ ရွှေဈေးက အခုကျရင် အခုဈေးတွက်လို့ရတယ်။ ကုန်ဈေးက ထုတ်ရတဲ့စရိတ်တွေ ကုန်ကျစရိတ်တွေရှိသေးတယ်။ ချက်ချင်းကြီးမကျနိုင်ဘူး” ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၌ လက်ရှိအခြေအနေတွင် ကုန်ဈေးနှုန်းများမှာ ကြီးမြင့်လျက်ရှိပြီး ဆင်းသုခတစ်အိတ်လျှင် ငွေကျပ်(၈၅၀၀၀)ကျပ်နှင့် ပေါ်ဆန်းတစ်အိတ်လျှင် ငွေကျပ်(၂၀၀၀၀၀)ကျော်အထိ ရောက်ရှိနေပြီး အခြေခံလူတန်းစားများမှာ စားဝတ်နေရေးကျပ်တည်းလျက်ရှိနေသည်။
zawgyi version
ေဒၚလာႏွင့္ေ႐ႊေဈး ျပန္က်လာေသာ္လည္း အေျခခံစားေသာက္ကုန္ေဈးႏႈန္းမ်ား ျမင့္တက္ ေနဆဲျဖစ္
ယြန္း (NP News) - ဇြန္ ၈
စံခ်ိန္တင္ျမင့္တက္ခဲ့သည့္ ေဒၚလာေဈးႏွင့္ ေ႐ႊေဈးႏႈန္းမ်ား ျပန္က်လာေသာ္လည္း အေျခခံစားေသာက္ကုန္ေဈးႏႈန္းမ်ားမွာ ဆက္လက္ျမင့္တက္ေနဆဲျဖစ္ေၾကာင္း ေဈးကြက္အတြင္းစုံစမ္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။ ၿပီးခဲ့သည့္ ေမလတြင္ ေဈးကြက္အတြင္း၌ အေခါက္ေ႐ႊတစ္က်ပ္သားေဈးႏႈန္းမွာ ေငြက်ပ္(၅၈)သိန္းအထိ စံခ်ိန္တင္ျမင့္တက္ခဲ့ၿပီး ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း(YGEA)တြင္ ရည္ၫႊန္းသတ္မွတ္ေဈးႏႈန္းမွာ ေငြက်ပ္(၃၉)သိန္းေက်ာ္သာရွိခဲ့သည္။
သို႔ေသာ္ ဇြန္လ(၁)ရက္ေန႔မွစတင္ကာ YGEA ၏ ရည္ၫႊန္းေဈးႏႈန္းမွာ တစ္က်ပ္သားလွ်င္ ေငြက်ပ္(၄၁)သိန္းေက်ာ္အထိျမင့္တက္ခဲ့ၿပီး ဇြန္လ(၃)ရက္ေန႔မွစ၍ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္(၄၈)သိန္းေက်ာ္အထိ တိုးျမႇင့္သတ္မွတ္ခဲ့သည္။ သို႔ေသာ္လည္း YGEA ၏ ထုတ္ျပန္ခ်က္အရ ဇြန္လ(၈)ရက္ေန႔တြင္ က်ပ္သိန္း(၄,၇၉၃,၁၀၀) ရွိခဲ့ၿပီး ေ႐ႊေဈးအနည္း ငယ္ က်ဆင္းလာခဲ့သည္။
လက္ရွိတြင္ ျပည္တြင္း၌ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ေငြက်ပ္(၄၇)သိန္းေက်ာ္ရွိၿပီး အေမရိကန္တစ္ေဒၚလာလွ်င္ ေငြက်ပ္(၄၂၀၀)ဝန္းက်င္ ေပါက္ေဈးရွိေၾကာင္း သိရသည္။ ထိုသို႔ ျပည္တြင္း၌ ေ႐ႊႏွင့္ ေဒၚလာေဈးျမင့္တက္လာမႈေၾကာင့္ အေျခခံစားေသာက္ကုန္ေဈးႏႈန္းမ်ားသည္လည္း ယခုဇြန္လတြင္ ပိုမိုႀကီးျမင့္လာခဲ့ေၾကာင္း သိရသည္။
“အခုလမွာ ေဈးကပိုတက္လာတာ ေ႐ႊေဈးေတြကလည္းတက္တယ္။ အရင္က ဆန္တစ္အိတ္(၉၀၀၀၀)က ဒီလေရာက္ေတာ့ (၁၂၀၀၀၀)ျဖစ္ေနၿပီ။ ဆီဆို (၈၀၀၀)ကေန (၁၂၀၀၀)။ မဝယ္လို႔ကလည္းမရဘူးေလ။ အခုထက္ေဈးေလးနည္းနည္းေလာက္ေတာ့ ျပန္က်ရင္ေကာင္းမယ္။ ျပည္သူေတြပဲဒုကၡေရာက္တာေလ။ ဝင္ေငြကနည္း ကုန္ေဈးေတြကတက္နဲ႔ အဆင္မေျပဘူး။ ေဈးကက်သြားရင္သာမသိလိုက္တာ တက္လာရင္ေတာ့ျပန္က်ဖို႔မလြယ္ဘူး” ဟု ရန္ကုန္ၿမိဳ႕ရွိ ျပည္သူတစ္ဦးက NP News ကိုေျပာသည္။
လက္ရွိတြင္ ေ႐ႊေဈးအနည္းငယ္ျပန္က်ေနေသာ္လည္း ေဒၚလာေဈးႏွင့္ ေ႐ႊေဈးႏွစ္ခုစလုံးအား သက္ဆိုင္ရာမွ ယခုထက္ ေဈးပိုက်ေစရန္ ထိေရာက္စြာ လုပ္ေဆာင္ႏိုင္မွသာ ျမင့္တက္ေနသည့္ ကုန္ေဈးႏႈန္း ျပန္က်လာႏိုင္မည္ျဖစ္ေၾကာင္း ျပည္တြင္းရွိ ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးက သုံးသပ္ေျပာဆိုထားသည္။
“ေဈးကခ်က္ခ်င္းႀကီး က်ဖို႔ကေတာ့ အဆင္မေျပေသးဘူး။ အဓိကကေတာ့ ကုန္ေဈးႏႈန္းေတြကို ေသခ်ာက်ေအာင္လုပ္ေပးရမွာ။ ေ႐ႊေဈးေတြ၊ ေဒၚလာေဈးေတြက တကယ္ပဲက်သြားတာလား။ ၿပီးရင္ျပန္တက္လာမွာလား။ အကုန္လုံးက ဇေဝဇဝါျဖစ္ေနၾကတာ။ ေဈးေရာင္းတဲ့သူက ေဈးေလွ်ာ့ၿပီးေရာင္းေပးၿပီးေတာ့ သူျပန္ဝယ္တဲ့အခ်ိန္ၾက ဝယ္လို႔မရရင္ ဒုကၡေရာက္မွာေလ။ အဲဒီေတာ့ ေဒၚလာေဈးေရာ၊ ေ႐ႊေဈးေရာကို ဒီထက္ပိုၿပီးခ်ဖို႔လိုတယ္။ ေ႐ႊေဈးကလည္း ဖုန္းထဲမွာ ျပထားတဲ့ေဈးနဲ႔ အျပင္မွာ အဲဒီေဈးအတိုင္းသြားဝယ္ရင္ မေရာင္းဘူး။ ဘယ္ ေလာက္ဖိုးပဲေရာင္းေပးမယ္ဆိုတာမ်ိဳးေတြျဖစ္ေနတာ။ အခုသတ္မွတ္တာက က်တယ္လို႔မေျပာဘူး။ ေၾကာက္လို႔သာခဏၿငိမ္တဲ့သေဘာ။ အဲဒါေၾကာင့္ထိထိေရာက္ေရာက္ကို လုပ္ဖို႔လိုတယ္လို႔ေျပာတာ” ဟု အထက္ပါ ေဆာက္လုပ္ေရးလုပ္ငန္းရွင္က ေျပာသည္။
ေ႐ႊေဈးႏႈန္းတည္ၿငိမ္ေရးအတြက္ ေန႔စဥ္ ေ႐ႊဆိုင္မ်ားအားဖြင့္လွစ္ျခင္းႏွင့္ သတ္မွတ္ေဈးႏႈန္းျဖင့္ေရာင္းခ်ျခင္းမ်ားကို ေဆာင္႐ြက္ရန္ YGEA က ၿပီးခဲ့သည့္ ဇြန္လ(၅)ရက္ေန႔တြင္ အသိေပးထားသည္။ သို႔ေသာ္ ေ႐ႊေဈးက်ဆင္းမႈေၾကာင့္ ကုန္ေဈးႏႈန္းမ်ားသည္ ခ်က္ခ်င္းက်ဆင္းႏိုင္မည္မဟုတ္ဘဲ အခ်ိန္အတိုင္းအတာတစ္ခုအထိ ေစာင့္ၾကည့္သင့္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္ တစ္ဦးက အသိေပးေျပာဆိုထားသည္။
“ကုန္ေဈးႏႈန္းက ခ်က္ခ်င္းႀကီးက်ဖို႔ကေတာ့ မရွိဘူး။ တစ္ပတ္ဝန္းက်င္ေလာက္ေတာ့ လည္ပတ္ရဦးမွာ။ အဲဒီလိုလည္ပတ္ၿပီးမွ ေဈးကက်မွာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ တစ္ခ်ိဳ႕ေဈးေတြကႀကိဳၿပီးေတာ့ အရင္ေငြေဈးေတြနဲ႔ ဝယ္ထားတာေတြရွိမယ္။ အဲဒီအေပၚမွာ ေရာင္းရတာျဖစ္ေတာ့ ခ်က္ခ်င္းႀကီးေတာ့ မက် ႏိုင္ဘူး။ ဒါေပမယ့္ တစ္ပတ္ေလာက္ေနရင္ေတာ့ က်ကိုက်ေပးရမွာ။ ေစာင့္ၾကည့္ရမွာေပါ့။ ျဖစ္သင့္တဲ့ေဈးတစ္ခုကို ၾကည့္ေပးေနတဲ့အဖြဲ႕ကလည္းရွိၿပီး သား။ အဲဒီအခ်ိန္ေရာက္လို႔မွ မျဖစ္ရင္ သူတို႔ဘယ္လိုကိုင္တြယ္မလဲဆိုတာ ထပ္ၿပီးေတာ့ ေျပာမွာေပါ့။ အခုေဈးက်ဖို႔ကေတာ့ မျဖစ္ႏိုင္ေသးဘူး။ ေ႐ႊေဈးက အခုက်ရင္ အခုေဈးတြက္လို႔ရတယ္။ ကုန္ေဈးက ထုတ္ရတဲ့စရိတ္ေတြ ကုန္က်စရိတ္ေတြရွိေသးတယ္။ ခ်က္ခ်င္းႀကီးမက်ႏိုင္ဘူး” ဟု ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။
ျမန္မာႏိုင္ငံ၌ လက္ရွိအေျခအေနတြင္ ကုန္ေဈးႏႈန္းမ်ားမွာ ႀကီးျမင့္လ်က္ရွိၿပီး ဆင္းသုခတစ္အိတ္လွ်င္ ေငြက်ပ္(၈၅၀၀၀)က်ပ္ႏွင့္ ေပၚဆန္းတစ္အိတ္လွ်င္ ေငြက်ပ္(၂၀၀၀၀၀)ေက်ာ္အထိ ေရာက္ရွိေနၿပီး အေျခခံလူတန္းစားမ်ားမွာ စားဝတ္ေနေရးက်ပ္တည္းလ်က္ရွိေနသည္။