PJ မှ PV နိုင်ငံကူးလက်မှတ် ပြောင်းလဲလျှောက်ထားမှုများကို ယာယီပိတ်သိမ်း

 4029

ယွန်း (NP News) - ဇွန် ၁၁

ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ် PJ (Passport for Job) မှ အလည်အပတ် နိုင်ငံကူးလက်မှတ် PV (Passport for Visit) ပြောင်းလဲလျှောက်ထားမှုကို ယာယီပိတ်သိမ်း ထားကြောင်း သိရသည်။

အဆိုပါ ပြောင်းလဲလျှောက်ထားမှုကို ဇွန်လ(၆)ရက်နေ့မှစ၍ ပိတ်သိမ်းလိုက်ခြင်းဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မည့်ရက်ကို မသိရသေးကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “သက်တမ်းရှိ PJ တွေကို PV ပြောင်းလဲတာကို ပိတ်ထားပါတယ်။ ဘာကြောင့်ဆိုတာတော့ မပါဘူး။ အပေါ်က ညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေတာပါ။ ၆ ရက်နေ့ကနေစပြီး ပိတ်လိုက်တာပါ။ ဘယ်တော့ပြန်ဖွင့်မယ်ဆိုတာတော့ မသိရသေးပါဘူး။ အရင်လုပ်ထားတဲ့သူတွေကတော့ ရပါတယ်။ အခုကတော့ သက်တမ်းရှိပြီးတော့ PV လာချိန်းတဲ့ သူတွေကို ပိတ်တာပေါ့။ အဲဒီလိုလုပ်တဲ့သူတွေက အရမ်းတော့မများဘူး။ နည်းသွားပါပြီ” ဟု အထက်ပါတာဝန်ရှိသူက NP News ကို ပြောသည်။

ပြည်တွင်း၌ ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် ပြည်တွင်းရှိ လုပ်သားများအနေဖြင့် နိုင်ငံခြားထွက်ခွာမှု ပိုမိုများပြားလာခဲ့ရာ PJ (Passport for Job) နိုင်ငံကူးလက်မှတ် လျှောက်ထားမှုပိုမိုများပြားလာခဲ့သည့်အပြင် တရားမဝင်သွားရောက်မှုများလည်း ရှိလာခဲ့သည်။ သို့သော် နစက၏ အလုပ်သမားဝန်ကြီး ဌာနမှ ပြီးခဲ့သည့် မေလ ၁ ရက်မှစ၍ ပြည်ပနိုင်ငံများ၏ မြန်မာအမျိုးသားအလုပ်ခေါ်စာများကို ယာယီဆိုင်းငံ့ထားခဲ့သည်။ ထို့နောက် မေ ၇ ရက်နေ့တွင် အသက် (၂၃)နှစ်မှ (၃၁)ကြားရှိ အမျိုးသားများမှလွဲ၍ ကျန်အမျိုးသားများအနေဖြင့် ပြည်ပထွက်ခွာ၍ အလုပ်လုပ်ကိုင်ခွင့်ရရှိပြီဖြစ်ကြောင်း ထပ်မံအသိပေးခဲ့သည်။

အဆိုပါ အသိပေးချက်ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ် (PJ) အစား အလည်အပတ်နိုင်ငံကူး လက်မှတ် (PV) လျှောက်ထားမှု များပြားလာခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံသည် မြန်မာအမျိုးသား အလုပ်သမားခေါ်ယူမှု အများဆုံးနိုင်ငံဖြစ်ပြီး စင်ကာပူနိုင်ငံ၊ ဂျပန်နိုင်ငံတို့မှလည်း မြန်မာအမျိုးသား အလုပ်သမားအများအပြားခေါ်ယူလျက်ရှိကြောင်း သိရသည်။

zawgyi version
PJ မွ PV ႏိုင္ငံကူးလက္မွတ္ ေျပာင္းလဲေလွ်ာက္ထားမႈမ်ားကို ယာယီပိတ္သိမ္း
ယြန္း (NP News) - ဇြန္ ၁၁

ျပည္ပထြက္ခြာအလုပ္လုပ္ခြင့္ ႏိုင္ငံကူးလက္မွတ္ PJ (Passport for Job) မွ အလည္အပတ္ ႏိုင္ငံကူးလက္မွတ္ PV (Passport for Visit) ေျပာင္းလဲေလွ်ာက္ထားမႈကို ယာယီပိတ္သိမ္း ထားေၾကာင္း သိရသည္။

အဆိုပါ ေျပာင္းလဲေလွ်ာက္ထားမႈကို ဇြန္လ(၆)ရက္ေန႔မွစ၍ ပိတ္သိမ္းလိုက္ျခင္းျဖစ္ၿပီး ျပန္လည္ဖြင့္လွစ္မည့္ရက္ကို မသိရေသးေၾကာင္း ျမန္မာႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံးမွ တာဝန္ရွိသူတစ္ဦးက ဆိုသည္။ “သက္တမ္းရွိ PJ ေတြကို PV ေျပာင္းလဲတာကို ပိတ္ထားပါတယ္။ ဘာေၾကာင့္ဆိုတာေတာ့ မပါဘူး။ အေပၚက ၫႊန္ၾကားခ်က္အတိုင္း ေဆာင္႐ြက္ေနတာပါ။ ၆ ရက္ေန႔ကေနစၿပီး ပိတ္လိုက္တာပါ။ ဘယ္ေတာ့ျပန္ဖြင့္မယ္ဆိုတာေတာ့ မသိရေသးပါဘူး။ အရင္လုပ္ထားတဲ့သူေတြကေတာ့ ရပါတယ္။ အခုကေတာ့ သက္တမ္းရွိၿပီးေတာ့ PV လာခ်ိန္းတဲ့ သူေတြကို ပိတ္တာေပါ့။ အဲဒီလိုလုပ္တဲ့သူေတြက အရမ္းေတာ့မမ်ားဘူး။ နည္းသြားပါၿပီ” ဟု အထက္ပါတာဝန္ရွိသူက NP News ကို ေျပာသည္။

ျပည္တြင္း၌ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ(၁၀)ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည့္ ျပည္သူ႔စစ္မႈထမ္း ဥပေဒေၾကာင့္ ျပည္တြင္းရွိ လုပ္သားမ်ားအေနျဖင့္ ႏိုင္ငံျခားထြက္ခြာမႈ ပိုမိုမ်ားျပားလာခဲ့ရာ PJ (Passport for Job) ႏိုင္ငံကူးလက္မွတ္ ေလွ်ာက္ထားမႈပိုမိုမ်ားျပားလာခဲ့သည့္အျပင္ တရားမဝင္သြားေရာက္မႈမ်ားလည္း ရွိလာခဲ့သည္။ သို႔ေသာ္ နစက၏ အလုပ္သမားဝန္ႀကီး ဌာနမွ ၿပီးခဲ့သည့္ ေမလ ၁ ရက္မွစ၍ ျပည္ပႏိုင္ငံမ်ား၏ ျမန္မာအမ်ိဳးသားအလုပ္ေခၚစာမ်ားကို ယာယီဆိုင္းငံ့ထားခဲ့သည္။ ထို႔ေနာက္ ေမ ၇ ရက္ေန႔တြင္ အသက္ (၂၃)ႏွစ္မွ (၃၁)ၾကားရွိ အမ်ိဳးသားမ်ားမွလြဲ၍ က်န္အမ်ိဳးသားမ်ားအေနျဖင့္ ျပည္ပထြက္ခြာ၍ အလုပ္လုပ္ကိုင္ခြင့္ရရွိၿပီျဖစ္ေၾကာင္း ထပ္မံအသိေပးခဲ့သည္။

အဆိုပါ အသိေပးခ်က္ထုတ္ျပန္ၿပီးေနာက္ပိုင္းတြင္ ျပည္ပထြက္ခြာအလုပ္လုပ္ခြင့္ ႏိုင္ငံကူးလက္မွတ္ (PJ) အစား အလည္အပတ္ႏိုင္ငံကူး လက္မွတ္ (PV) ေလွ်ာက္ထားမႈ မ်ားျပားလာခဲ့ေၾကာင္း သိရသည္။ ထိုင္းႏိုင္ငံသည္ ျမန္မာအမ်ိဳးသား အလုပ္သမားေခၚယူမႈ အမ်ားဆုံးႏိုင္ငံျဖစ္ၿပီး စင္ကာပူႏိုင္ငံ၊ ဂ်ပန္ႏိုင္ငံတို႔မွလည္း ျမန္မာအမ်ိဳးသား အလုပ္သမားအမ်ားအျပားေခၚယူလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.