ထိုင်းနိုင်ငံမှာ ထူးထူးခြားခြား အထီး၊ အမ အမွှာပူး ဆင်(၂)ကောင်မွေးဖွား

 4019

ရောင်နီ(NP News) - ဇွန် ၁၂

ထိုင်းနိုင်ငံမှာ ပန်ဂျန်ဂျူရီ အမည်ရှိ အသက် (၃၆)နှစ်အရွယ် ဆင်မကြီးတစ်ကောင်ဟာ အယုဒ္ဓယပြည်နယ်မှာ ဇွန်လ ၇ ရက်နေ့က ကမ္ဘာ့ပထမဆုံး အထီး၊ အမ အမွှာပူးဆင် (၂) ကောင်ကို မွေးဖွားခဲ့ပါတယ်။

အယုဒ္ဓယမြို့နယ် စွမ်ပရစ်ခရိုင်ခွဲရှိ Royal Elephant Kraal ကျေးရွာမှ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၇ ရက် ညမှာ အလေးချိန် ၈၀ ကီလိုဂရမ်ရှိ ဆင်ပေါက် အမွှာလေး(၂) ကောင် မွေးဖွားခဲ့ပြီး တိရစ္ဆာန်ဆေးကုဆရာဝန်တွေနဲ့ အခြားပြုစုစောင့်ရှောက်သူတွေကို အံ့အားသင့်စေခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဆင်ပေါက်လေး (၂)ကောင်ကို ဓာတ်မှန်ရိုက် စစ်ဆေးဖို့ ဆေးရုံကို ခေါ်ဆောင်သွားခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကမ္ဘာတဝန်းက ဆင်အမွှာမွေးဖွားမှုဖြစ်စဉ်တွေဆိုရင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတော့ ကင်ညာနိုင်ငံမှာ ဆင်အမွှာပူးမွေးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီအမွှာဟာ လိင်အင်္ဂါမတူညီတဲ့ အမွှာဖြစ်ပါတယ်။ ဆင်တွေမှာ မွေးဖွားမှုရဲ့ (၁)ရာခိုင်နှုန်းခန့်သာ အမွှာမွေးလေ့ရှိတယ်လို့ သိရပါတယ်။ အခု လိင်အင်္ဂါကွဲပြားတဲ့ အမွှာဆင်မွေးဖွားမှုကတော့ ကမ္ဘာ့ပထမဆုံး မွေးဖွားမှုဖြစ်ပြီး ဆင်မကြီး ပန်ဂျန်ဂျူရီရဲ့စတုတ္ထမြောက် ကိုယ်ဝန်ဖြစ်တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့မှာ ထိုင်းဘုရင်မင်းမြတ် သက်တော်(၇၂)နှစ်မြောက်မွေးနေ့ရှိပြီး မွေးနေ့မတိုင်ခင် ထူးထူးခြား အမွှာဆင် မွေးဖွားမှုဖြစ်စဉ်ဟာ အံ့ဖွယ်ကောင်းတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

zawgyi version
ထိုင္းႏိုင္ငံမွာ ထူးထူးျခားျခား အထီး၊ အမ အမႊာပူး ဆင္(၂)ေကာင္ ေမြးဖြား
ေရာင္နီ(NP News) - ဇြန္ ၁၂

ထိုင္းႏိုင္ငံမွာ ပန္ဂ်န္ဂ်ဴရီ အမည္ရွိ အသက္ (၃၆)ႏွစ္အ႐ြယ္ ဆင္မႀကီးတစ္ေကာင္ဟာ အယုဒၶယျပည္နယ္မွာ ဇြန္လ ၇ ရက္ေန႔က ကမာၻ႔ပထမဆုံး အထီး၊ အမ အမႊာပူးဆင္ (၂) ေကာင္ကို ေမြးဖြားခဲ့ပါတယ္။

အယုဒၶယၿမိဳ႕နယ္ စြမ္ပရစ္ခ႐ိုင္ခြဲရွိ Royal Elephant Kraal ေက်း႐ြာမွ တာဝန္ရွိသူတစ္ဦးက ဇြန္လ ၇ ရက္ ညမွာ အေလးခ်ိန္ ၈၀ ကီလိုဂရမ္ရွိ ဆင္ေပါက္ အမႊာေလး(၂) ေကာင္ ေမြးဖြားခဲ့ၿပီး တိရစာၦန္ေဆးကုဆရာဝန္ေတြနဲ႔ အျခားျပဳစုေစာင့္ေရွာက္သူေတြကို အံ့အားသင့္ေစခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါ ဆင္ေပါက္ေလး (၂)ေကာင္ကို ဓာတ္မွန္႐ိုက္ စစ္ေဆးဖို႔ ေဆး႐ုံကို ေခၚေဆာင္သြားခဲ့တယ္လို႔ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။ ကမာၻတဝန္းက ဆင္အမႊာေမြးဖြားမႈျဖစ္စဥ္ေတြဆိုရင္ ၂၀၂၃ ခုႏွစ္ ႏိုဝင္ဘာလကေတာ့ ကင္ညာႏိုင္ငံမွာ ဆင္အမႊာပူးေမြးခဲ့တဲ့ ျဖစ္စဥ္တစ္ခု ရွိခဲ့ဖူးပါတယ္။ ဒါေပမဲ့ အဲဒီအမႊာဟာ လိင္အဂၤါမတူညီတဲ့ အမႊာျဖစ္ပါတယ္။ ဆင္ေတြမွာ ေမြးဖြားမႈရဲ႕ (၁)ရာခိုင္ႏႈန္းခန႔္သာ အမႊာေမြးေလ့ရွိတယ္လို႔ သိရပါတယ္။ အခု လိင္အဂၤါကြဲျပားတဲ့ အမႊာဆင္ေမြးဖြားမႈကေတာ့ ကမာၻ႔ပထမဆုံး ေမြးဖြားမႈျဖစ္ၿပီး ဆင္မႀကီး ပန္ဂ်န္ဂ်ဴရီရဲ႕စတုတၳေျမာက္ ကိုယ္ဝန္ျဖစ္တယ္လို႔ သိရပါတယ္။

ဇူလိုင္လ ၂၈ ရက္ေန႔မွာ ထိုင္းဘုရင္မင္းျမတ္ သက္ေတာ္(၇၂)ႏွစ္ေျမာက္ေမြးေန႔ရွိၿပီး ေမြးေန႔မတိုင္ခင္ ထူးထူးျခား အမႊာဆင္ ေမြးဖြားမႈျဖစ္စဥ္ဟာ အံ့ဖြယ္ေကာင္းတယ္လို႔ တာဝန္ရွိသူေတြက ဆိုပါတယ္။

Related news

© 2021. All rights reserved.