ပန်ဆယ်လို၏ The Key က ဥပဒေချိုးဖောက်နေသည့်အပြင် NUG ဘက်တော်သားများကိုပါ MLM စနစ်ဖြင့် လိမ်လည်မှုဖြစ်လာနေ

7859

Iris (NP News) - ဇွန် ၁၂
NUG လော်ဘီ ပန်ဆယ်လို (အိမ့်ပိုးဥ) ဦးဆောင်၍ ကလောမြို့မှ ဟိုတယ်တစ်ခုကို The Key အမည်ဖြင့် ကံစမ်းမဲဖောက် ရောင်းချနေခြင်းသည် တရားဥပဒေကိုချိုးဖောက်ခြင်းဖြစ်သကဲ့သို့ တော်လှန်ရေးခေါင်းစဉ် အောက်မှ ထောက်ခံသူများကို ငွေကြေးလိမ်လည်နေသည့် MLM (Multi Level Marketing) မျိုးဖြစ်နေကြောင်း သက်ဆိုင်သူများနှင့် နားလည်တတ်ကျွမ်းသူများက ထောက်ပြပြောကြားလိုက်သည်။
လော်ဘီတစ်ဦးဖြစ်သူ ပန်ဆယ်လိုက မေလ(၂၁)ရက်မှစ၍ အဆိုပါအစီအစဉ်ကို ဖေ့စ်ဘွတ်ခ်နှင့် တယ်လီဂရမ်မှတစ်ဆင့် စတင်အသိပေးလာခြင်းဖြစ်ပြီး ကလောမြို့မှ ဟိုတယ်တစ်လုံးကို တော်လှန်ရေး အတွက်လှူဒါန်းသည်ဟု ဈေးခေါ်ထားသည်ကို တွေ့ရသည်။ နောက်တစ်နေ့တွင်လည်း အဆိုပါ ဟိုတယ်ကို မည်ကဲ့သို့ရောင်းချလျှင် ကောင်းမည်နည်းဟူသော လှုံ့ဆော်ရေးသားချက်များကို ဆက်တိုက်ရေးသားလာခဲ့ပြီး မေလ(၂၇)ရက်၌ အကျယ်တဝင့်စတင်ရေးသားခဲ့သည်ကိုတွေ့ရသည်။ “ဟိုတယ်ပိုင်ရှင်ဟာ အောင်မြင်နေတဲ့ ဟိုတယ်နဲ့ခရီးသွားလာရေး လုပ်ငန်းတစ်ခုအပြင် မြေဧကများစွာ ပိုင်ဆိုင်တဲ့ ကြွယ်ဝချမ်းသာတဲ့ မိသားစု တစ်စုဖြစ်ပါတယ်” ဟု အစချီ၍ ၎င်းတို့ရောင်းချလိုသည့်ဟိုတယ်အတွက် လော်ဘီလုပ်၍ရေးသားခဲ့သည်။ စစ်တပ်ကို တော်လှန်မှုကြောင့် ဖမ်းဆီးခံရလုဆဲဆဲ၌ ထွက်ပြေးလွတ်မြောက်သွားခဲ့သူများဖြစ်ကြောင်း၊ အဆိုပါမိသားစုပိုင် ဟိုတယ်နှင့်ပိုင်ဆိုင်မှုများကို စစ်တပ်က ချိပ်ပိတ်ခဲ့ကြောင်း၊ ဟိုတယ်ကိုရောင်းချပြီးလျှင် လည်း တော်လှန်ရေးအတွက် လှူဒါန်းမည်ဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။ “ဟိုတယ်ပိုင်ရှင်က ကျွန်တော်တို့ ကျောင်းကဗျ။ ကျွန်တော့်သူငယ်ချင်း ပါပဲ။ ဟိုတယ်အတွက် ချေးငွေကို ကိုခင်မောင်အေးဆီ ကနေယူတယ်။ အတိုးရော အရင်းရော ပြန်မဆပ်နိုင်ဘူး။ အဲဒီအတွက် တရားစွဲခံထားရတာ။ အခုက နိုင်ငံရေးနဲ့ ရောချပြီး ချိပ်ပိတ်ခံရတယ်။ ဒါကို ဟိုကောင်မလေး (ပန်ဆယ်လို) က လေလံပစ်မယ် ထလုပ်နေတာ။ သူ့သားနဲ့ ဟိုကောင်မလေးက သူငယ်ချင်းတွေဖြစ်သွားကြပြီးတော့ ချိတ်ပြီး လုပ်ကြတယ်ဆိုလားပဲဗျာ။ တရားရှုံး အပေါင်ဆုံးတော့ မယ့်ဟိုတယ်ကို ပွဲဆူအောင်လုပ်ပြီး ပိုက်ဆံလည်းရ နာမည်လည်းယူတဲ့သဘောပေါ့ဗျာ။ ဘယ်လောက်မှ အကြီးအကျယ်ချမ်းသာတဲ့သူ မဟုတ်ပါဘူး။ အကြွေးတွေနဲ့ချည်းပါပဲ။ ကျွန်တော်တို့ အသိဆုံးပါ” ဟု ကလောမြို့ရှိ Essence Motel ပိုင်ရှင်မိသားစုနှင့် မိတ်ဆွေရင်းဖြစ်ခဲ့သူ လုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။
ဟိုတယ် မဟုတ်သော မိုတယ်အဆင့်သာရှိသည့်လုပ်ငန်းအတွက် လွန်ခဲ့သော ဆယ်နှစ်ခန့်ကတည်းက CB Bank သူဌေး ဦးခင်မောင်အေးထံမှ ရင်းနှီးကျွမ်းဝင်မှုကိုအသုံးချ၍ ပိုက်ဆံချေး ခဲ့ခြင်းဖြစ်ကြောင်း၊ (၁၀)နှစ်ကျော်လာသည်အထိ အတိုးရောအရင်းပါ ပြန်မဆပ်သောကြောင့် ဦးခင်မောင်အေးတို့ဘက်က တရားစွဲခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ နိုင်ငံရေးအခင်း အကျင်းနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း လုပ်ငန်းရှင်က ဖွင့်ဟသည်။ “စပြီးချေးတုန်းက ၁ ဒသမ ၂ ဘီလျံ ထင်တယ်။ အတိုးရောအရင်းရော မပေးတဲ့အခါမှာကျတော့ တရားစွဲတဲ့အဆင့်ရောက်ကုန်တာပေါ့ဗျာ”ဟု လုပ်ငန်းရှင်က ဆက်လက်ပြောသည်။ နိုင်ငံပိုင် သတင်းစာတွင်တွေ့ရသော ကြေညာချက်တစ်ခု၌ အိမ်အမှတ်(၁၉၆)၊ ပန်ဝါလမ်း၊ အမှတ်(၇) ရပ်ကွက်၊ ကလောမြို့တွင် နေထိုင်သူ ဒေါ်အေးအေးထွန်းနှင့် ဦးခင်ဇော်တို့အနေဖြင့် ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်အထိ အတိုးအရင်းပေါင်း ကျပ်သိန်း(၂၃၀ဝဝ)ကျော် သို့မဟုတ်ကျပ်(၂၃၄၉၀၁၇၁၄၅) ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ(၂၅)ရက် နောက်ဆုံးထား၍ တရားရုံးတော်သို့ ထုချေလွှာ လျှောက်ထားရှင်းလင်း နိုင်သည်ဟု တရားသူကြီးလက်မှတ်ဖြင့် ဖော်ပြထားသည်ကိုတွေ့ရသည်။ ဖော်ပြပါ အိမ်အမှတ်သည် ၎င်းတို့ မိုတယ်လုပ်ထားသော လိပ်စာလည်း ဖြစ်နေ ပြန်သည်။ တရားစွဲခံထားရမှုကို ဟိုတယ်ပိုင်ရှင်၏ သားဖြစ်သူကလည်း ၎င်း၏ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ဝန်ခံထား သကဲ့သို့ ပန်ဆယ်လိုကိုယ်တိုင်ကလည်း အမှုရင်ဆိုင်နေရသော မိုတယ်ဖြစ်နေသည်ကို ငြင်းဆိုထားခြင်း မရှိပေ။ “၂၀၂၃ နိုဝင်ဘာလောက်မှာ သူတို့ မိသားစုလိုက် အမေရိကားကို အလည်အပတ် လိုလိုနဲ့ ပြေးတာ။ အဆိုတော် အာဇာနည်တို့၊ ကာတွန်း အော်ပီကျယ်တို့ကလည်း ကူညီပေးတယ်လို့ သတင်းထွက်တယ်” ဟု မဲဆောက်အခြေ စိုက် NLD သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ တည်ဆဲဥပဒေများအရ အမှုရင်ဆိုင်နေရသော ပစ္စည်းများကို ပြန်လည်ရောင်းချခြင်း၊ လွှဲပြောင်းပေး ခြင်းအပါအဝင် မည်သည့် ဥပဒေမဲ့လုပ်ရပ်မှ လုပ်ခွင့်မရှိသကဲ့သို့ ကံစမ်းမဲဖောက်ပေး၍လည်းမရကြောင်း လေ့လာသိရှိရသည်။ “စကစ (၎င်း၏အသုံး) လက်အောက်မှာဖြစ်ဖြစ် ဘယ်သူ့လက်အောက်မှာ ဖြစ်ဖြစ် ဒီလိုမျိုးလုပ်လို့ မရဘူးလေ။ အခုဟာ ဟိုကောင် ဇင်ဇေလွင်တို့နဲ့ပါ ပေါင်းပြီး MLM တွေ လုပ်နေပြီ။ သိတယ်မလား ဟိုတယ်ကို ကံစမ်းမဲ ဖောက်ပြီး ပထမဆု ဒုတိယဆုဆိုပြီး ပေးချင်သလို တွေ လျှောက်ပေးဖို့ လုပ်နေတာက MLM တစ်မျိုးပဲလေ။ အဆိုးဆုံးက တော်လှန်ရေးဘက်တော်သား ပြည်သူ တွေကို လိမ်လည် ဂျင်းထည့်တာဗျ” ဟု မဲဆောက်သတင်းရင်းမြစ်က ပြောသည်။ ဇင်ဇေလွင် ဆိုသည်မှာ နိုင်ငံရေးတည်ငြိမ်စဉ်ကာလများအတွင်းက MLM များကို ဝေဖန်ထောက်ပြခဲ့သူဖြစ်ပြီး ဗုဒ္ဓဘာသာဝင်ရဟန်း များအား ဘာသာရေး စော်ကားမှု လုပ်နေသူလည်းဖြစ်သည်။ ပန်ဆယ်လို၏လှုံ့ဆော်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံပေါင်း(၁၉)ခုမှ စစ်တပ်ကြောက်ရောဂါရှိသူ မြန်မာနိုင်ငံသားများကို လက်မှတ်တစ်စောင်လျှင် အနည်းဆုံး ကျပ်(၄)သိန်းခွဲနီးပါး သို့မဟုတ် ဒေါ်လာ(၁၀ဝ)၏ သတ်မှတ် ပေါက်ဈေးနှင့်ညီသော နိုင်ငံခြားငွေဖြင့် ဝယ်ယူနိုင် ကြောင်း ကြေညာထားသည်။
“ဟိုတယ် မဲပေါက်သူက ဟိုတယ်အတွက် အကြွေးဆပ်ရမယ်ဆိုတဲ့ကိစ္စမျိုး လုံးဝ ရှိလာမှာမဟုတ်ပါ” ဟု ပန်ဆယ်လိုက ရေးသားထားပြီး အဆိုပါရေးသားချက်အရ မဲပေါက်သူအနေဖြင့် မိုတယ် ကို လက်ဝယ်မဟုတ်သော လေထဲတွင်သာ ပိုင်ဆိုင်ရခြင်းမျိုးဖြစ်နိုင်ကြောင်း သတ်မှတ်ရမည်ဖြစ်နေသည်။ ယင်းပြင် မဲမပေါက်ခဲ့လျှင်လည်း တော်လှန်ရေးအတွက် လှူဒါန်းသည်ဟု သတ်မှတ်စေလိုကြောင်း ထည့်သွင်း ဖော်ပြထားပြန်သည်။ NUG ဘက်တော်သား အချို့ပင်လျှင် ပန်ဆယ်လို၏လုပ်ရပ်က တော်လှန်ရေးခေါင်းစဉ်ဖြင့် ငွေရှာကြမ်းနေပြီဟု သတ်မှတ်ဝေဖန်နေကြပြီး ပန်ဆယ်လိုကလည်း ဇွန်လ(၅)ရက်အထိတိုင် အားမလျှော့တမ်း မကြာခဏ Post တင်၍ လှုံ့ဆော်နေသည်ကို တွေ့ရသည်။

zawgyi version
ပန္ဆယ္လို၏ The Key က ဥပေဒခ်ိဳးေဖာက္ေနသည့္အျပင္ NUG ဘက္ေတာ္သားမ်ားကိုပါ MLM စနစ္ျဖင့္ လိမ္လည္မႈျဖစ္လာေန
Iris (NP News) - ဇြန္ ၁၂
NUG ေလာ္ဘီ ပန္ဆယ္လို (အိမ့္ပိုးဥ) ဦးေဆာင္၍ ကေလာၿမိဳ႕မွ ဟိုတယ္တစ္ခုကို The Key အမည္ျဖင့္ ကံစမ္းမဲေဖာက္ ေရာင္းခ်ေနျခင္းသည္ တရားဥပေဒကိုခ်ိဳးေဖာက္ျခင္းျဖစ္သကဲ့သို႔ ေတာ္လွန္ေရးေခါင္းစဥ္ ေအာက္မွ ေထာက္ခံသူမ်ားကို ေငြေၾကးလိမ္လည္ေနသည့္ MLM (Multi Level Marketing) မ်ိဳးျဖစ္ေနေၾကာင္း သက္ဆိုင္သူမ်ားႏွင့္ နားလည္တတ္ကြၽမ္းသူမ်ားက ေထာက္ျပေျပာၾကားလိုက္သည္။
ေလာ္ဘီတစ္ဦးျဖစ္သူ ပန္ဆယ္လိုက ေမလ(၂၁)ရက္မွစ၍ အဆိုပါအစီအစဥ္ကို ေဖ့စ္ဘြတ္ခ္ႏွင့္ တယ္လီဂရမ္မွတစ္ဆင့္ စတင္အသိေပးလာျခင္းျဖစ္ၿပီး ကေလာၿမိဳ႕မွ ဟိုတယ္တစ္လုံးကို ေတာ္လွန္ေရး အတြက္လႉဒါန္းသည္ဟု ေဈးေခၚထားသည္ကို ေတြ႕ရသည္။ ေနာက္တစ္ေန႔တြင္လည္း အဆိုပါ ဟိုတယ္ကို မည္ကဲ့သို႔ေရာင္းခ်လွ်င္ ေကာင္းမည္နည္းဟူေသာ လႈံ႕ေဆာ္ေရးသားခ်က္မ်ားကို ဆက္တိုက္ေရးသားလာခဲ့ၿပီး ေမလ(၂၇)ရက္၌ အက်ယ္တဝင့္စတင္ေရးသားခဲ့သည္ကိုေတြ႕ရသည္။ “ဟိုတယ္ပိုင္ရွင္ဟာ ေအာင္ျမင္ေနတဲ့ ဟိုတယ္နဲ႔ခရီးသြားလာေရး လုပ္ငန္းတစ္ခုအျပင္ ေျမဧကမ်ားစြာ ပိုင္ဆိုင္တဲ့ ႂကြယ္ဝခ်မ္းသာတဲ့ မိသားစု တစ္စုျဖစ္ပါတယ္” ဟု အစခ်ီ၍ ၎တို႔ေရာင္းခ်လိုသည့္ဟိုတယ္အတြက္ ေလာ္ဘီလုပ္၍ေရးသားခဲ့သည္။ စစ္တပ္ကို ေတာ္လွန္မႈေၾကာင့္ ဖမ္းဆီးခံရလုဆဲဆဲ၌ ထြက္ေျပးလြတ္ေျမာက္သြားခဲ့သူမ်ားျဖစ္ေၾကာင္း၊ အဆိုပါမိသားစုပိုင္ ဟိုတယ္ႏွင့္ပိုင္ဆိုင္မႈမ်ားကို စစ္တပ္က ခ်ိပ္ပိတ္ခဲ့ေၾကာင္း၊ ဟိုတယ္ကိုေရာင္းခ်ၿပီးလွ်င္ လည္း ေတာ္လွန္ေရးအတြက္ လႉဒါန္းမည္ျဖစ္ေၾကာင္း ေရးသားထားသည္ကို ေတြ႕ရသည္။ “ဟိုတယ္ပိုင္ရွင္က ကြၽန္ေတာ္တို႔ ေက်ာင္းကဗ်။ ကြၽန္ေတာ့္သူငယ္ခ်င္း ပါပဲ။ ဟိုတယ္အတြက္ ေခ်းေငြကို ကိုခင္ေမာင္ေအးဆီ ကေနယူတယ္။ အတိုးေရာ အရင္းေရာ ျပန္မဆပ္ႏိုင္ဘူး။ အဲဒီအတြက္ တရားစြဲခံထားရတာ။ အခုက ႏိုင္ငံေရးနဲ႔ ေရာခ်ၿပီး ခ်ိပ္ပိတ္ခံရတယ္။ ဒါကို ဟိုေကာင္မေလး (ပန္ဆယ္လို) က ေလလံပစ္မယ္ ထလုပ္ေနတာ။ သူ႔သားနဲ႔ ဟိုေကာင္မေလးက သူငယ္ခ်င္းေတြျဖစ္သြားၾကၿပီးေတာ့ ခ်ိတ္ၿပီး လုပ္ၾကတယ္ဆိုလားပဲဗ်ာ။ တရားရႈံး အေပါင္ဆုံးေတာ့ မယ့္ဟိုတယ္ကို ပြဲဆူေအာင္လုပ္ၿပီး ပိုက္ဆံလည္းရ နာမည္လည္းယူတဲ့သေဘာေပါ့ဗ်ာ။ ဘယ္ေလာက္မွ အႀကီးအက်ယ္ခ်မ္းသာတဲ့သူ မဟုတ္ပါဘူး။ အေႂကြးေတြနဲ႔ခ်ည္းပါပဲ။ ကြၽန္ေတာ္တို႔ အသိဆုံးပါ” ဟု ကေလာၿမိဳ႕ရွိ Essence Motel ပိုင္ရွင္မိသားစုႏွင့္ မိတ္ေဆြရင္းျဖစ္ခဲ့သူ လုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။
ဟိုတယ္ မဟုတ္ေသာ မိုတယ္အဆင့္သာရွိသည့္လုပ္ငန္းအတြက္ လြန္ခဲ့ေသာ ဆယ္ႏွစ္ခန႔္ကတည္းက CB Bank သူေဌး ဦးခင္ေမာင္ေအးထံမွ ရင္းႏွီးကြၽမ္းဝင္မႈကိုအသုံးခ်၍ ပိုက္ဆံေခ်း ခဲ့ျခင္းျဖစ္ေၾကာင္း၊ (၁၀)ႏွစ္ေက်ာ္လာသည္အထိ အတိုးေရာအရင္းပါ ျပန္မဆပ္ေသာေၾကာင့္ ဦးခင္ေမာင္ေအးတို႔ဘက္က တရားစြဲခဲ့ျခင္းျဖစ္ၿပီး ၂၀၂၁ ႏိုင္ငံေရးအခင္း အက်င္းႏွင့္ လုံးဝသက္ဆိုင္ျခင္းမရွိေၾကာင္း လုပ္ငန္းရွင္က ဖြင့္ဟသည္။ “စၿပီးေခ်းတုန္းက ၁ ဒသမ ၂ ဘီလ်ံ ထင္တယ္။ အတိုးေရာအရင္းေရာ မေပးတဲ့အခါမွာက်ေတာ့ တရားစြဲတဲ့အဆင့္ေရာက္ကုန္တာေပါ့ဗ်ာ”ဟု လုပ္ငန္းရွင္က ဆက္လက္ေျပာသည္။ ႏိုင္ငံပိုင္ သတင္းစာတြင္ေတြ႕ရေသာ ေၾကညာခ်က္တစ္ခု၌ အိမ္အမွတ္(၁၉၆)၊ ပန္ဝါလမ္း၊ အမွတ္(၇) ရပ္ကြက္၊ ကေလာၿမိဳ႕တြင္ ေနထိုင္သူ ေဒၚေအးေအးထြန္းႏွင့္ ဦးခင္ေဇာ္တို႔အေနျဖင့္ ၂၀၂၃ ခုႏွစ္ ေမလ ၁၅ ရက္အထိ အတိုးအရင္းေပါင္း က်ပ္သိန္း(၂၃၀ဝဝ)ေက်ာ္ သို႔မဟုတ္က်ပ္(၂၃၄၉၀၁၇၁၄၅) ကို ၂၀၂၃ ခုႏွစ္ ဇူလိုင္လ(၂၅)ရက္ ေနာက္ဆုံးထား၍ တရား႐ုံးေတာ္သို႔ ထုေခ်လႊာ ေလွ်ာက္ထားရွင္းလင္း ႏိုင္သည္ဟု တရားသူႀကီးလက္မွတ္ျဖင့္ ေဖာ္ျပထားသည္ကိုေတြ႕ရသည္။ ေဖာ္ျပပါ အိမ္အမွတ္သည္ ၎တို႔ မိုတယ္လုပ္ထားေသာ လိပ္စာလည္း ျဖစ္ေန ျပန္သည္။ တရားစြဲခံထားရမႈကို ဟိုတယ္ပိုင္ရွင္၏ သားျဖစ္သူကလည္း ၎၏ေဖ့စ္ဘြတ္ခ္မွတစ္ဆင့္ ဝန္ခံထား သကဲ့သို႔ ပန္ဆယ္လိုကိုယ္တိုင္ကလည္း အမႈရင္ဆိုင္ေနရေသာ မိုတယ္ျဖစ္ေနသည္ကို ျငင္းဆိုထားျခင္း မရွိေပ။ “၂၀၂၃ ႏိုဝင္ဘာေလာက္မွာ သူတို႔ မိသားစုလိုက္ အေမရိကားကို အလည္အပတ္ လိုလိုနဲ႔ ေျပးတာ။ အဆိုေတာ္ အာဇာနည္တို႔၊ ကာတြန္း ေအာ္ပီက်ယ္တို႔ကလည္း ကူညီေပးတယ္လို႔ သတင္းထြက္တယ္” ဟု မဲေဆာက္အေျခ စိုက္ NLD သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။ တည္ဆဲဥပေဒမ်ားအရ အမႈရင္ဆိုင္ေနရေသာ ပစၥည္းမ်ားကို ျပန္လည္ေရာင္းခ်ျခင္း၊ လႊဲေျပာင္းေပး ျခင္းအပါအဝင္ မည္သည့္ ဥပေဒမဲ့လုပ္ရပ္မွ လုပ္ခြင့္မရွိသကဲ့သို႔ ကံစမ္းမဲေဖာက္ေပး၍လည္းမရေၾကာင္း ေလ့လာသိရွိရသည္။ “စကစ (၎၏အသုံး) လက္ေအာက္မွာျဖစ္ျဖစ္ ဘယ္သူ႔လက္ေအာက္မွာ ျဖစ္ျဖစ္ ဒီလိုမ်ိဳးလုပ္လို႔ မရဘူးေလ။ အခုဟာ ဟိုေကာင္ ဇင္ေဇလြင္တို႔နဲ႔ပါ ေပါင္းၿပီး MLM ေတြ လုပ္ေနၿပီ။ သိတယ္မလား ဟိုတယ္ကို ကံစမ္းမဲ ေဖာက္ၿပီး ပထမဆု ဒုတိယဆုဆိုၿပီး ေပးခ်င္သလို ေတြ ေလွ်ာက္ေပးဖို႔ လုပ္ေနတာက MLM တစ္မ်ိဳးပဲေလ။ အဆိုးဆုံးက ေတာ္လွန္ေရးဘက္ေတာ္သား ျပည္သူ ေတြကို လိမ္လည္ ဂ်င္းထည့္တာဗ်” ဟု မဲေဆာက္သတင္းရင္းျမစ္က ေျပာသည္။ ဇင္ေဇလြင္ ဆိုသည္မွာ ႏိုင္ငံေရးတည္ၿငိမ္စဥ္ကာလမ်ားအတြင္းက MLM မ်ားကို ေဝဖန္ေထာက္ျပခဲ့သူျဖစ္ၿပီး ဗုဒၶဘာသာဝင္ရဟန္း မ်ားအား ဘာသာေရး ေစာ္ကားမႈ လုပ္ေနသူလည္းျဖစ္သည္။ ပန္ဆယ္လို၏လႈံ႕ေဆာ္ေရးလုပ္ငန္းစဥ္မ်ားတြင္ ႏိုင္ငံေပါင္း(၁၉)ခုမွ စစ္တပ္ေၾကာက္ေရာဂါရွိသူ ျမန္မာႏိုင္ငံသားမ်ားကို လက္မွတ္တစ္ေစာင္လွ်င္ အနည္းဆုံး က်ပ္(၄)သိန္းခြဲနီးပါး သို႔မဟုတ္ ေဒၚလာ(၁၀ဝ)၏ သတ္မွတ္ ေပါက္ေဈးႏွင့္ညီေသာ ႏိုင္ငံျခားေငြျဖင့္ ဝယ္ယူႏိုင္ ေၾကာင္း ေၾကညာထားသည္။
“ဟိုတယ္ မဲေပါက္သူက ဟိုတယ္အတြက္ အေႂကြးဆပ္ရမယ္ဆိုတဲ့ကိစၥမ်ိဳး လုံးဝ ရွိလာမွာမဟုတ္ပါ” ဟု ပန္ဆယ္လိုက ေရးသားထားၿပီး အဆိုပါေရးသားခ်က္အရ မဲေပါက္သူအေနျဖင့္ မိုတယ္ ကို လက္ဝယ္မဟုတ္ေသာ ေလထဲတြင္သာ ပိုင္ဆိုင္ရျခင္းမ်ိဳးျဖစ္ႏိုင္ေၾကာင္း သတ္မွတ္ရမည္ျဖစ္ေနသည္။ ယင္းျပင္ မဲမေပါက္ခဲ့လွ်င္လည္း ေတာ္လွန္ေရးအတြက္ လႉဒါန္းသည္ဟု သတ္မွတ္ေစလိုေၾကာင္း ထည့္သြင္း ေဖာ္ျပထားျပန္သည္။ NUG ဘက္ေတာ္သား အခ်ိဳ႕ပင္လွ်င္ ပန္ဆယ္လို၏လုပ္ရပ္က ေတာ္လွန္ေရးေခါင္းစဥ္ျဖင့္ ေငြရွာၾကမ္းေနၿပီဟု သတ္မွတ္ေဝဖန္ေနၾကၿပီး ပန္ဆယ္လိုကလည္း ဇြန္လ(၅)ရက္အထိတိုင္ အားမေလွ်ာ့တမ္း မၾကာခဏ Post တင္၍ လႈံ႕ေဆာ္ေနသည္ကို ေတြ႕ရသည္။