မန္တလေးမြို့လယ်ရှိ ဇွဲထက်ရွှေဆိုင်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွား

 6988

သန့်ဇင် (NP News) - ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ ဇွဲထက်ရွှေဆိုင်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပေါက်ကွဲမှုသည် ဇွန်လ ၁၂ ရက်၊ မွန်းလွဲ ၂နာရီခွဲအချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ ၈၃လမ်းနှင့် ၃၄လမ်းထောင်ရှိ ဇွဲထက်စိန်ရွှေ ရတနာဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပေါက်ကွဲမှုဖြစ်တဲ့အသံကိုတော့ကြားမိတယ်။ နောက်တော့ ဇွဲထက်နားမှာဖြစ်တယ်လို့ပဲသိရတာပါ။ လူထိခိုက်မှုမရှိဘူးလို့လည်း ကြားမိတယ်”ဟု မန္တလေးမြို့ခံတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ NP News အနေဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အတိအကျပြန်လည်ဖြေဆိုခြင်းမျိုး မရှိသေးပေ။အလားတူပြီးခဲ့သည့် ၂၀၂၂ခုနှစ် မတ်လ ၃၀ရက်ကလည်း ၈၄လမ်းနှင့် လမ်း ၃၀ထောက်ရှိ ဇွဲထက်ရွှေဆိုင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ(၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်စေရန် နောက်ကွယ်တွင် ဆောင် ရွက်နေသည်ဟုဆိုကာ ဇွဲထက်ရွှေဆိုင်ပိုင်ရှင် အပါအဝင် ဝိန့်စိန်ရွှေဆိုင်ပိုင်ရှင်နှင့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင်တို့ကို ဖမ်းဆီးအရေးယူရန် ဆောင်ရွက်နေကြောင်း နစကဘက်က ထုတ်ပြန်ခဲ့ဖူးသည်။

zawgyi version
မႏၲေလးၿမိဳ႕လယ္ရွိ ဇြဲထက္ေ႐ႊဆိုင္ေရွ႕တြင္ ေပါက္ကြဲမႈျဖစ္ပြား
သန႔္ဇင္ (NP News) - ဇြန္ ၁၂

မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ရွိ ဇြဲထက္ေ႐ႊဆိုင္ေရွ႕တြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။ ေပါက္ကြဲမႈသည္ ဇြန္လ ၁၂ ရက္၊ မြန္းလြဲ ၂နာရီခြဲအခ်ိန္တြင္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၈၃လမ္းႏွင့္ ၃၄လမ္းေထာင္ရွိ ဇြဲထက္စိန္ေ႐ႊ ရတနာဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေပါက္ကြဲမႈျဖစ္တဲ့အသံကိုေတာ့ၾကားမိတယ္။ ေနာက္ေတာ့ ဇြဲထက္နားမွာျဖစ္တယ္လို႔ပဲသိရတာပါ။ လူထိခိုက္မႈမရွိဘူးလို႔လည္း ၾကားမိတယ္”ဟု မႏၲေလးၿမိဳ႕ခံတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ ဗုံးေပါက္ကြဲမႈႏွင့္ပတ္သက္၍ NP News အေနျဖင့္ မႏၲေလးတိုင္းေဒသႀကီးအစိုးရ အဖြဲ႕သို႔ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း အတိအက်ျပန္လည္ေျဖဆိုျခင္းမ်ိဳး မရွိေသးေပ။အလားတူၿပီးခဲ့သည့္ ၂၀၂၂ခုႏွစ္ မတ္လ ၃၀ရက္ကလည္း ၈၄လမ္းႏွင့္ လမ္း ၃၀ေထာက္ရွိ ဇြဲထက္ေ႐ႊဆိုင္ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး လူ(၆)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ဖူးသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း ေ႐ႊေဈးႏႈန္းမတည္မၿငိမ္ျဖစ္ေစရန္ ေနာက္ကြယ္တြင္ ေဆာင္ ႐ြက္ေနသည္ဟုဆိုကာ ဇြဲထက္ေ႐ႊဆိုင္ပိုင္ရွင္ အပါအဝင္ ဝိန႔္စိန္ေ႐ႊဆိုင္ပိုင္ရွင္ႏွင့္ ေအာင္သမာဓိေ႐ႊဆိုင္ပိုင္ရွင္တို႔ကို ဖမ္းဆီးအေရးယူရန္ ေဆာင္႐ြက္ေနေၾကာင္း နစကဘက္က ထုတ္ျပန္ခဲ့ဖူးသည္။

Related news

© 2021. All rights reserved.