လာမည့်နှစ်များတွင်လည်း ယခုနှစ်အောင်ချက်အတိုင်း ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားမည်ဟု မဟော်သဓာအထက်တန်းကျောင်း တာဝန်ရှိသူဆို

1802

စော (NP News) - ဇွန် ၁၃
ယခုနှစ်အောင်ချက်ကောင်းသည့် မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း(ရန်ကုန်) အနေဖြင့် သာသာရေးအသိပညာနှင့်တွဲကာ စာပေများကို သင်ကြားပေးနေပြီး လာမည့်နှစ်များတွင်လည်း ယခုနှစ်ကဲ့သို့ ဆက်လက်တိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါကျောင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးသူရိန်စိုးက NP News ကိုပြောသည်။
ယခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲအပြင် ဧပြီလ နှင့် မေလများတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပပေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၁၁ ရက်၊ နံနက် ၆ နာရီက ထုတ်ပြန်ကြေငြာခဲ့ရာ မဟော်သဓာကိုယ်ပိုင်အထက်တန်းကျောင်း(ရန်ကုန်)မှ ဖြေဆိုသူ (၂၈၂)ဦးအနက် (၂၇၈)ဦး အောင်မြင်ကာ အဆိုပါအောင်မြင်သူများထဲတွင် (၆)ဘာသာစုံဂုဏ်ထူးရှင် (၁၄)ဦး၊ ၅ဘာသာဂုဏ်ထူးရှင် (၁၆)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၂၀)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၅)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၄၁)ဦးနှင့် ရိုးရိုးအောင်သူ (၁၅၉) ရှိခဲ့ကာ အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ၉၈ ဒသမ၅၈ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း အဆိုပါကျောင်းမှ သိရသည်။
“လာမည့်နှစ်မှာလဲ အခုနှစ်အတိုင်းပဲဆက်လက်ပြီးတိုးတက်အောင် ဆရာတို့ဆောင်ရွက်သွားမှာပါ။ ဆရာတော်ဘုရားရယ်၊ ဆရာကြီးရယ်၊ အုပ်ချုပ်ရေးတွေရယ်၊ ဂိုက်ဆရာ၊ ဆရာမတွေရယ်၊ သင်ကြားရေးဆရာ၊ ဆရာမတွေ အားလုံးက အခုလိုပဲစဉ်ဆက်မပြတ်လေ့ကျင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒီအောင်မြင်မှုကိုရအောင်ကြိုးစားရတာထက် ဒီအောင်မြင်မှုတည်တံ့ဖို့အတွက် ထိန်းသိမ်းရတာပိုပြီးခက်ပါတယ်။ ဒါကြောင့်မိုလို့ ဒီနှစ်အောင်တဲ့ ဒီလိုအောင်ချက်မျိုး လာမဲ့နှစ်တွေမှာ ဆက်တိုက်ဒီထက်တိုးတက်အောင် ဒီအတိုင်းပဲ ဒီထက်ကောင်းတဲ့နည်းရှိရင်လည်း ဆက်လက်ကျင့်သုံးပြီးတော့ ဆရာတော်ဘုရားကလည်း ဒါတွေကို စဉ်ဆက်မပြတ် လေ့လာနေတာပါ”ဟု ၎င်းက ပြောသည်။
သင်ကြားရေး ဆရာ၊ ဆရာမများအနေဖြင့် လပိုင်းအလိုက် သင်ရိုးမာတိကာများကို ကြိုတင်ရေးဆွဲခြင်း၊ သင်ခန်းစာများကို ပြင်ဆင်ခြင်း၊ စနစ်တကျသင်ကြားပေးခြင်းတို့ ပြုလုပ်ပြီး ထပ်မံစစ်ဆေးလေ့ကျင့်ပေးကြောင်း သိရသည်။ အဆိုပါသင်ကြားမှုများကိုလည်း ကျောင်း အုပ်ဆရာကြီး၊ ဒုကျောင်းအုပ်၊ အုပ်ချုပ်ရေးအဖွဲ့များက ကြီးကြပ်ကွဲကဲလမ်းညွှန်ပေးကာ ပြင်ဆင်ရန်ရှိသည်များကို ပြင်ဆင်ခြင်း၊ အကြံပေးခြင်းနှင့် ဆွေးနွေးခြင်းတို့ကို ပြုလုပ်ကြောင်း သိရသည်။
ထို့ပြင် သင်ကြားရေးပိုင်းအနေဖြင့် ဆရာ၊ ဆရာများသည် အတန်းနှင့်အခန်းတိုင်းတွင် သင်ရိုးအားလုံးကို ပြတ်အောင်သင်ကြားပေးကာ သင်ပြီးပါက ဖြေဆိုခိုင်းခြင်း၊ လေ့ကျင့်ပေးခြင်း၊ revision ပြန်ပေးခြင်း၊ အစိုးရစာမေးပွဲကြီးတွင် စာမေးပွဲဖြေဆိုသည့်အတိုင်း စာရွက်များ၊ မေးခွန်းပုံစံများကို အကုန်ကျခံကာ သေချာဖြေဆိုလေ့ကျင့်ပေးထားကြောင်း သိရသည်။ “ဆရာတော် (ဓမ္မဒူတ-အရှင်ပညာဝရ) ရဲ့စိတ်ဓာတ်ရေးရာမြှင့်တင်ရေးလုပ်ငန်းက အဓိကကျတယ်။ ဆရာတော်က မနက်ပိုင်း အပိုစောင်း သင်ကြားမှုအနေနဲ့ ဘာသာရေး အသိပညာပေါ့ Grade 10 အတန်းတွေဆိုရင်လည်း Grade 10 အချိန် တွေက ရတနာဂုဏ်ရည်သင်ခန်းစာကို သင်တယ်။ Grade 11 ဆိုရင်လည်း ကိုယ်ကျင့်အဘိဓမ္မာသင်ခန်းစာကို သင်တယ်။ Grade 12 တွေဆိုရင်လည်းပဲ ကြိုတင်ပြီးတော့ ကျောင်းသင်ခန်းစာတွေမသင်ခင် အချိန်ထဲကနေပြီးတော့ အနာဂတ်သာသနာရေး ကျမ်းစာသင်ပေးတယ်။ ဒါတွေသင်ရင်းနဲ့ ဆရာတော်က ကလေးတွေရဲ့ စိတ်ဓာတ်ရေးရာ ကို မြှင့်တင်ပေးတယ်။ စိတ်ဓာတ်တည်ငြိမ်မှုကို ဘာသာရေးအသိတရားနဲ့ တရားထိုင်ပြီးတော့ စိတ်တည်ငြိမ်မှုရအောင် အရင်ဆုံးကြိုးစားပေးတယ်” ဟု ဦးသူရိန်စိုးက ပြောသည်။
အဆိုပါကျောင်းကို လာရောက်ပညာသင်ကြားသူများတွင် တော်၊ သင့်၊ ညံ့ ကလေးများလည်း ပါဝင်သောကြောင့် ၎င်းတို့၏ လိုအပ်ချက်များကို သိအောင် စဉ်ဆက်မပြတ်လေ့ကျင့်စစ်ဆေးပေးကာ လိုအပ်မှုရှိသော ကလေးများအား လိုအပ်မှုရှိသည့်ဘာသာရပ်များကို မှတ်တမ်းတင်၍ သီးခြားထပ်မံ စနစ်တကျလေ့ကျင့်သင်ကြားပေးကြောင်း သိရသည်။ ထို့ပြင် အားကစားနှင့် ကြံ့ခိုင်မှုစွမ်းရည်အနေဖြင့် ညနေပိုင်းတွင် ပိုက်ကျော်ခြင်း ၊ ဘတ်စကတ်ဘော၊ ဘောလီဘောစသည်ဖြင့် ဆော့ကစားချိန်ပေးထားကြောင်း သိရသည်။
zawgyi version
လာမည့္ႏွစ္မ်ားတြင္လည္း ယခုႏွစ္ေအာင္ခ်က္အတိုင္း ဆက္လက္တိုးတက္ေအာင္ ေဆာင္႐ြက္သြားမည္ဟု မေဟာ္သဓာအထက္တန္းေက်ာင္း တာဝန္ရွိသူဆို
ေစာ (NP News) - ဇြန္ ၁၃
ယခုႏွစ္ေအာင္ခ်က္ေကာင္းသည့္ မေဟာ္သဓာကိုယ္ပိုင္အထက္တန္းေက်ာင္း(ရန္ကုန္) အေနျဖင့္ သာသာေရးအသိပညာႏွင့္တြဲကာ စာေပမ်ားကို သင္ၾကားေပးေနၿပီး လာမည့္ႏွစ္မ်ားတြင္လည္း ယခုႏွစ္ကဲ့သို႔ ဆက္လက္တိုးတက္ေအာင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အဆိုပါေက်ာင္းမွ တာဝန္ရွိသူတစ္ဦးျဖစ္ေသာ ဦးသူရိန္စိုးက NP News ကိုေျပာသည္။
ယခုႏွစ္ မတ္လတြင္ က်င္းပခဲ့ေသာ တကၠသိုလ္ဝင္စာေမးပြဲအျပင္ ဧၿပီလ ႏွင့္ ေမလမ်ားတြင္ အထူးအစီအစဥ္တစ္ရပ္အေနျဖင့္ က်င္းပေပးခဲ့သည့္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္းမ်ားကို ဇြန္လ ၁၁ ရက္၊ နံနက္ ၆ နာရီက ထုတ္ျပန္ေၾကျငာခဲ့ရာ မေဟာ္သဓာကိုယ္ပိုင္အထက္တန္းေက်ာင္း(ရန္ကုန္)မွ ေျဖဆိုသူ (၂၈၂)ဦးအနက္ (၂၇၈)ဦး ေအာင္ျမင္ကာ အဆိုပါေအာင္ျမင္သူမ်ားထဲတြင္ (၆)ဘာသာစုံဂုဏ္ထူးရွင္ (၁၄)ဦး၊ ၅ဘာသာဂုဏ္ထူးရွင္ (၁၆)ဦး၊ (၄)ဘာသာဂုဏ္ထူးရွင္ (၂၀)ဦး၊ (၃)ဘာသာဂုဏ္ထူးရွင္ (၁၅)ဦး၊ (၂)ဘာသာဂုဏ္ထူးရွင္ (၁၅)ဦး၊ တစ္ဘာသာဂုဏ္ထူးရွင္ (၄၁)ဦးႏွင့္ ႐ိုး႐ိုးေအာင္သူ (၁၅၉) ရွိခဲ့ကာ ေအာင္ခ်က္ရာခိုင္ႏႈန္းအေနျဖင့္ ၉၈ ဒသမ၅၈ ရာခိုင္ႏႈန္းအထိ ရွိခဲ့ေၾကာင္း အဆိုပါေက်ာင္းမွ သိရသည္။
“လာမည့္ႏွစ္မွာလဲ အခုႏွစ္အတိုင္းပဲဆက္လက္ၿပီးတိုးတက္ေအာင္ ဆရာတို႔ေဆာင္႐ြက္သြားမွာပါ။ ဆရာေတာ္ဘုရားရယ္၊ ဆရာႀကီးရယ္၊ အုပ္ခ်ဳပ္ေရးေတြရယ္၊ ဂိုက္ဆရာ၊ ဆရာမေတြရယ္၊ သင္ၾကားေရးဆရာ၊ ဆရာမေတြ အားလုံးက အခုလိုပဲစဥ္ဆက္မျပတ္ေလ့က်င့္ သင္ၾကားေပးသြားမွာျဖစ္ပါတယ္။ ဒီေအာင္ျမင္မႈကိုရေအာင္ႀကိဳးစားရတာထက္ ဒီေအာင္ျမင္မႈတည္တံ့ဖို႔အတြက္ ထိန္းသိမ္းရတာပိုၿပီးခက္ပါတယ္။ ဒါေၾကာင့္မိုလို႔ ဒီႏွစ္ေအာင္တဲ့ ဒီလိုေအာင္ခ်က္မ်ိဳး လာမဲ့ႏွစ္ေတြမွာ ဆက္တိုက္ဒီထက္တိုးတက္ေအာင္ ဒီအတိုင္းပဲ ဒီထက္ေကာင္းတဲ့နည္းရွိရင္လည္း ဆက္လက္က်င့္သုံးၿပီးေတာ့ ဆရာေတာ္ဘုရားကလည္း ဒါေတြကို စဥ္ဆက္မျပတ္ ေလ့လာေနတာပါ”ဟု ၎က ေျပာသည္။
သင္ၾကားေရး ဆရာ၊ ဆရာမမ်ားအေနျဖင့္ လပိုင္းအလိုက္ သင္႐ိုးမာတိကာမ်ားကို ႀကိဳတင္ေရးဆြဲျခင္း၊ သင္ခန္းစာမ်ားကို ျပင္ဆင္ျခင္း၊ စနစ္တက်သင္ၾကားေပးျခင္းတို႔ ျပဳလုပ္ၿပီး ထပ္မံစစ္ေဆးေလ့က်င့္ေပးေၾကာင္း သိရသည္။ အဆိုပါသင္ၾကားမႈမ်ားကိုလည္း ေက်ာင္း အုပ္ဆရာႀကီး၊ ဒုေက်ာင္းအုပ္၊ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားက ႀကီးၾကပ္ကြဲကဲလမ္းၫႊန္ေပးကာ ျပင္ဆင္ရန္ရွိသည္မ်ားကို ျပင္ဆင္ျခင္း၊ အႀကံေပးျခင္းႏွင့္ ေဆြးေႏြးျခင္းတို႔ကို ျပဳလုပ္ေၾကာင္း သိရသည္။
ထို႔ျပင္ သင္ၾကားေရးပိုင္းအေနျဖင့္ ဆရာ၊ ဆရာမ်ားသည္ အတန္းႏွင့္အခန္းတိုင္းတြင္ သင္႐ိုးအားလုံးကို ျပတ္ေအာင္သင္ၾကားေပးကာ သင္ၿပီးပါက ေျဖဆိုခိုင္းျခင္း၊ ေလ့က်င့္ေပးျခင္း၊ revision ျပန္ေပးျခင္း၊ အစိုးရစာေမးပြဲႀကီးတြင္ စာေမးပြဲေျဖဆိုသည့္အတိုင္း စာ႐ြက္မ်ား၊ ေမးခြန္းပုံစံမ်ားကို အကုန္က်ခံကာ ေသခ်ာေျဖဆိုေလ့က်င့္ေပးထားေၾကာင္း သိရသည္။ “ဆရာေတာ္ (ဓမၼဒူတ-အရွင္ပညာဝရ) ရဲ႕စိတ္ဓာတ္ေရးရာျမႇင့္တင္ေရးလုပ္ငန္းက အဓိကက်တယ္။ ဆရာေတာ္က မနက္ပိုင္း အပိုေစာင္း သင္ၾကားမႈအေနနဲ႔ ဘာသာေရး အသိပညာေပါ့ Grade 10 အတန္းေတြဆိုရင္လည္း Grade 10 အခ်ိန္ ေတြက ရတနာဂုဏ္ရည္သင္ခန္းစာကို သင္တယ္။ Grade 11 ဆိုရင္လည္း ကိုယ္က်င့္အဘိဓမၼာသင္ခန္းစာကို သင္တယ္။ Grade 12 ေတြဆိုရင္လည္းပဲ ႀကိဳတင္ၿပီးေတာ့ ေက်ာင္းသင္ခန္းစာေတြမသင္ခင္ အခ်ိန္ထဲကေနၿပီးေတာ့ အနာဂတ္သာသနာေရး က်မ္းစာသင္ေပးတယ္။ ဒါေတြသင္ရင္းနဲ႔ ဆရာေတာ္က ကေလးေတြရဲ႕ စိတ္ဓာတ္ေရးရာ ကို ျမႇင့္တင္ေပးတယ္။ စိတ္ဓာတ္တည္ၿငိမ္မႈကို ဘာသာေရးအသိတရားနဲ႔ တရားထိုင္ၿပီးေတာ့ စိတ္တည္ၿငိမ္မႈရေအာင္ အရင္ဆုံးႀကိဳးစားေပးတယ္” ဟု ဦးသူရိန္စိုးက ေျပာသည္။
အဆိုပါေက်ာင္းကို လာေရာက္ပညာသင္ၾကားသူမ်ားတြင္ ေတာ္၊ သင့္၊ ညံ့ ကေလးမ်ားလည္း ပါဝင္ေသာေၾကာင့္ ၎တို႔၏ လိုအပ္ခ်က္မ်ားကို သိေအာင္ စဥ္ဆက္မျပတ္ေလ့က်င့္စစ္ေဆးေပးကာ လိုအပ္မႈရွိေသာ ကေလးမ်ားအား လိုအပ္မႈရွိသည့္ဘာသာရပ္မ်ားကို မွတ္တမ္းတင္၍ သီးျခားထပ္မံ စနစ္တက်ေလ့က်င့္သင္ၾကားေပးေၾကာင္း သိရသည္။ ထို႔ျပင္ အားကစားႏွင့္ ႀကံ့ခိုင္မႈစြမ္းရည္အေနျဖင့္ ညေနပိုင္းတြင္ ပိုက္ေက်ာ္ျခင္း ၊ ဘတ္စကတ္ေဘာ၊ ေဘာလီေဘာစသည္ျဖင့္ ေဆာ့ကစားခ်ိန္ေပးထားေၾကာင္း သိရသည္။