ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ မိလ္လာပိုက်ထဲ တွားဝင်သွားတဲ့ မိကျောင်းဗီဒီယိုဖိုင် ပျံ့နှံ့နေ

 2679

ရောင်နီ (NP News) - ဇွန် ၁၅

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မိလ္လာပိုက်ထဲကို အရွယ်အစား ကြီးမားလှတဲ့ မိကျောင်းကြီး နှစ်ကောင် တွားဝင်ရောက်သွားတဲ့ ဗီဒီယိုဖိုင်တစ်ခု ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေပါတယ်။

မေလ ၂၇ ရက်က ဆိုရှယ်မီဒီယာ အသုံးပြုသူ Mylittledaisayyy က TikTok မှာ တင်ခဲ့တဲ့ အဲဒီဗွီဒီယိုမှာ အရှည် ၁.၅ မီတာကျော်ရှိတဲ့ အာရှမိကျောင်း နှစ်ကောင်မြို့ရဲ့ မိလ္လာရေနုတ်မြောင်းကြီးထဲ ဝင်ရောက်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ဗီဒီယိုဖိုင်ဟာ ကြည့်ရှုသူ သန်းနဲ့ချီ ရှိနေပြီး ထိတ်လန့်ကြောက်ရွံ့စရာလို့ပြောကြတဲ့မှတ်ချက်တွေနဲ့ ဟာသအဖြစ် ရယ်မောကြတဲ့မှတ်ချက်တွေလည်း များစွာ ရရှိခဲ့ပါတယ်။

မိလ္လာပိုက်လမ်းကြောင်းထဲကို မိကျောင်းဝင်ရောက်နေခြင်းဖြစ်ရပ်ဟာ အလွန်ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုတော့ မဟုတ်ပါဘူး။ မိကျောင်းတွေဟာ ကြွက်၊ မြွေနဲ့ ဖား စတဲ့ သားကောင်တွေကို အမဲလိုက်တဲ့ အနေနဲ့ မြေအောက်လိုဏ်ခေါင်းနဲ့ မိလ္လာပိုက်တွေထဲ ဝင်ရောက်ကြလေ့ရှိပါတယ်။

မိကျောင်းတွေဟာ အများအားဖြင့် အင်းအိုင်၊ မြစ်၊ ကန်တွေနဲ့ စိမ့်မြေတွေမှာ နေထိုင်ကျက်စားကြလေ့ ရှိပေမယ့် မြို့ပြနဲ့ လူနေထိုင်မှုတွေ တိုးချဲ့လာတာနဲ့အမျှ သူတို့ရဲ့စားကျက်မြေတွေကိုလည်း ပြောင်းရွှေ့ခဲ့ကြတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံ၊ ဘန္ေကာက္မွာ မိလႅာပိုက္ထဲ တြားဝင္သြားတဲ့ မိေက်ာင္းဗီဒီယိုဖိုင္ ပ်ံ႕ႏွံ႔ေန
ေရာင္နီ (NP News) - ဇြန္ ၁၅

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ မိလႅာပိုက္ထဲကို အ႐ြယ္အစား ႀကီးမားလွတဲ့ မိေက်ာင္းႀကီး ႏွစ္ေကာင္ တြားဝင္ေရာက္သြားတဲ့ ဗီဒီယိုဖိုင္တစ္ခု ဆိုရွယ္မီဒီယာမွာ ပ်ံ႕ႏွံ႔ေနပါတယ္။

ေမလ ၂၇ ရက္က ဆိုရွယ္မီဒီယာ အသုံးျပဳသူ Mylittledaisayyy က TikTok မွာ တင္ခဲ့တဲ့ အဲဒီဗြီဒီယိုမွာ အရွည္ ၁.၅ မီတာေက်ာ္ရွိတဲ့ အာရွမိေက်ာင္း ႏွစ္ေကာင္ၿမိဳ႕ရဲ႕ မိလႅာေရႏုတ္ေျမာင္းႀကီးထဲ ဝင္ေရာက္ဖို႔ ႀကိဳးစားေနတာကို ေတြ႕ရပါတယ္။ ဗီဒီယိုဖိုင္ဟာ ၾကည့္ရႈသူ သန္းနဲ႔ခ်ီ ရွိေနၿပီး ထိတ္လန႔္ေၾကာက္႐ြံ႕စရာလို႔ေျပာၾကတဲ့မွတ္ခ်က္ေတြနဲ႔ ဟာသအျဖစ္ ရယ္ေမာၾကတဲ့မွတ္ခ်က္ေတြလည္း မ်ားစြာ ရရွိခဲ့ပါတယ္။

မိလႅာပိုက္လမ္းေၾကာင္းထဲကို မိေက်ာင္းဝင္ေရာက္ေနျခင္းျဖစ္ရပ္ဟာ အလြန္ထူးဆန္းတဲ့ျဖစ္ရပ္တစ္ခုေတာ့ မဟုတ္ပါဘူး။ မိေက်ာင္းေတြဟာ ႂကြက္၊ ေႁမြနဲ႔ ဖား စတဲ့ သားေကာင္ေတြကို အမဲလိုက္တဲ့ အေနနဲ႔ ေျမေအာက္လိုဏ္ေခါင္းနဲ႔ မိလႅာပိုက္ေတြထဲ ဝင္ေရာက္ၾကေလ့ရွိပါတယ္။

မိေက်ာင္းေတြဟာ အမ်ားအားျဖင့္ အင္းအိုင္၊ ျမစ္၊ ကန္ေတြနဲ႔ စိမ့္ေျမေတြမွာ ေနထိုင္က်က္စားၾကေလ့ ရွိေပမယ့္ ၿမိဳ႕ျပနဲ႔ လူေနထိုင္မႈေတြ တိုးခ်ဲ႕လာတာနဲ႔အမွ် သူတို႔ရဲ႕စားက်က္ေျမေတြကိုလည္း ေျပာင္းေ႐ႊ႕ခဲ့ၾကတယ္လို႔ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။

Picture

Paing Phyo

15/06/2024 21:30

အဲ့ဒါ ဖွတ်ကြီးမဟုတ်လားဗျ

Picture

phyo pyae

16/06/2024 11:38

မိကျောင်းပါအဖုအဖုလေးတေနက်

Related news

© 2021. All rights reserved.