ပို့ကုန်လုပ်ငန်းများအတွက် သယ်ပို့ယာဉ်အခက်အခဲများရှိနေရာ Exporter များကိုယ်တိုင် ကားဝယ်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရဟု ဆို

1738

ယွန်း (NP News) - ဇွန် ၁၉
ပို့ကုန်လုပ်ငန်းများအတွက် သယ်ပို့ယာဉ် အခက်အခဲများရှိနေသောကြောင့် Exporter များ ကိုယ်တိုင် ကားဝယ်ရမည့် အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း ပြည်တွင်းရှိ ပို့ကုန်လုပ်ငန်းရှင်များထံ NP News က စုံစမ်းမေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ဆိပ်ကမ်းများကို အမှီပြုကာ ပင်လယ်ရေကြောင်းကုန်သွယ်ရေးကို ဦးစားပေးလုပ်ဆောင်နေပြီး ရန်ကုန်တိုင်းတွင် ပို့ကုန်လုပ်ငန်းအတွက် သယ်ယူပို့ဆောင်ရေးယာဉ် လိုအပ်ချက်မြင့်မားလျှက်ရှိကြောင်း သိရသည်။
ထို့ပြင် သင်္ကြန်အပြီးကာလမှစ၍ လက်ရှိအချိန်အထိ မော်တော်ယာဉ်ငှားရမ်းရာတွင် အခက်အခဲ များ ပိုမိုမြင့်တက်လာခဲ့ပြီး စစ်မှုထမ်းဥပဒေကြောင့် ယာဉ်မောင်း လိုအပ်ချက်များလည်း ရှိနေကြောင်း ပို့ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။
“အဓိကကတော့ ယာဉ်လုပ်ငန်းရှင်တွေ ဘက်ကနေ မော်တော်ယာဉ်ငှားရမ်းခဈေးကို တိုးပြီးတော့ သတ်မှတ်တယ်။ မော်တော်ယာဉ်ဆိုတာ သင်္ဘောတင်တဲ့ မော်တော်ယာဉ်ပေါ့(သင်္ဘောပေါ်ကုန် တင်ဖို့ပို့တဲ့ မော်တော်ယာဉ်ပေါ့)။ နိုင်ငံခြားပို့ကုန်လုပ်တဲ့ မော်တော်ယာဉ်တွေရဲ့ ငှားရမ်းခကို တိုးပြီးသတ်မှတ်တာပေါ့။ သင်္ကြန်ပြီးတဲ့နောက်ပိုင်းကနေစပြီး အခုချိန်ထိကို ကားတွေငှားရတာတော်တော် ခက်တယ်။ တစ်ဖက်က ပို့ကုန်လုပ်ငန်းကို မြှင့်တင်ဆောင်ရွက်တယ်ဆိုပေမယ့်လည်း တကယ်တမ်း ကားငှားရတာအရမ်းခက်တယ်။ ကားကငွေပေးရင်လည်း မရဘူး။ အခက်အခဲတွေများတယ်။ ဒါပေမဲ့ ကားပစ္စည်းတွေ တင်သွင်းခွင့်မရဘူး။ တာယာတွေ တင်သွင်းလို့မရဘူး။ ဈေးတွေကတက်။ အထူးသဖြင့် ကားသမားတွေက စစ်မှုထမ်းဥပဒေအပေါ်မှာ နားလည်မှုလွဲပြီး ထွက်သွားတာတွေရှိတယ်။ တော်တော် ကို အခက်အခဲရှိတယ်”ဟု ပြည်တွင်းရှိ ပို့ကုန် လုပ်ငန်းရှင်ကြီးတစ်ဦးက ပြောသည်။
လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေးအစား ပင်လယ်ရေကြောင်းကုန်သွယ်ရေးကို အသုံးပြုလာ ကြပြီး ဆန် အပါအဝင် ပဲ၊ ပြောင်း သယ်ယူပို့ဆောင်မည့် ယာဉ်ရှားပါးမှု အခြေအနေနှင့် ရင်ဆိုင်နေရ ကြောင်း သိရသည်။ “အခုချိန်ထိ ဆန်တို့၊ ပဲတို့၊ ပြောင်းတို့ Export လုပ်တဲ့နေရာမှာ ကားတွေက တော်တော်ကို ရှားတယ်။ ပြောင်းတို့ ဘာတို့ဆို မန္တလေးတို့ဘာတို့ကနေကို မောင်းလာတာလေ။ ဆန်တို့ဘာတို့ဆိုရင်တော့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအတွင်းကနေ သွားကြတာလေ။ အဲဒီဆိပ်ကမ်းထဲကို တင်တဲ့ ကွန်တိန်နာကားဆိုတာသပ်သပ်ရှိတယ်။ ကုန်ကားရှိတယ်။ အဲဒီကားတွေက တော်တော်ကိုရှားနေတာ။ ကားတွေ ငှားရမ်းသုံးစွဲမှု အခက်အခဲက ကြီးနေတာပေါ့နော်။ တစ်ချို့ကတော့ ကားတွေကို လိုင်းထဲကို မထည့်တော့ဘူး။ အခုက Export လုပ်တဲ့သူတွေက ကိုယ့်ဟာကို ကားဝယ်ရမယ့် အနေအထား ဖြစ်လာတယ်” ဟု အထက်ပါပို့ကုန်လုပ်ငန်းရှင်က ဆက်လက်ပြောသည်။
အဆိုပါအခက်အခဲများကြောင့် မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များ အသင်း(MCTA)အနေဖြင့်ပြီးခဲ့သည့် မေလတွင် ကီလိုမီတာ ၂၀ နှင့်အထက် ခရီးစဉ်လမ်း ကြောင်းများ၏ ကွန်တိန်နာတင် မော်တော်ယာဉ် ငှားရမ်းခများကို ငွေကျပ်(၁၀ဝဝဝ) လျှော့ချလိုက်ကြောင်း သိရသည်။ ထိုသို့ ကျသင့်ငွေလျှော့ချခြင်းသည် ရန်ကုန်ဆိပ်ကမ်းမှတဆင့် မြို့တွင်းရှိ မည်သည့်ဂိုဒေါင်ကိုမဆို တင်ပို့သည့် ခရီးစဉ်လမ်းကြောင်းများသာ အကျုံးဝင်ကြောင်း MCTA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ အဲဒီမတိုင်ခင်ယူနေတဲ့ နှုန်းထား ရှိပါတယ်။ အဲဒီနှုန်းထားကနေ လျှော့လိုက် တာပေါ့။ ဥပမာအားဖြင့် ၁၅၀ဝဝဝ ယူနေရင် ၁၄၀ဝဝဝ ပေါ့။ ၁၀ဝဝဝ၀ ယူနေရင် ၉၀ဝဝဝ ပေါ့။ ကွန်တိန်နာတင်တဲ့ ကားခကို လျှော့ချသွားမှာပါ။ ဘယ်ကုန်ပစ္စည်းကိုမဆို တင်တဲ့ ကားခပေါ့။ ကီလိုမီတာ(၂၀)အထက် ခရီးစဉ်လမ်းကြောင်းတိုင်းရဲ့ ကျသင့်ငွေကို ၁၀ဝဝဝ ကျပ် လျှော့ချသွားမှာပါ။ ကီလို ၂၀ အောက်ခရီးစဉ်တွေကိုတော့ မလျှော့ပါဘူး” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ထိုသို့ကုန်ကျစရိတ်လျော့ချလိုက်သော်လည်း မော်တော်ယာဉ်လိုအပ်ချက်မြင့်မားလျှက်ရှိပြီး သယ်ပို့ယာဉ်အသုံးပြုခွင့်ရရှိရန် အခက်အခဲများနှင့် ကြုံတွေ့နေရဆဲဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ဆိုထားသည်။
zawgyi version
ပို႔ကုန္လုပ္ငန္းမ်ားအတြက္ သယ္ပို႔ယာဥ္အခက္အခဲမ်ားရွိေနရာ Exporter မ်ားကိုယ္တိုင္ ကားဝယ္ရမည့္ အေျခအေနႏွင့္ ရင္ဆိုင္ေနရဟု ဆို
ယြန္း (NP News) - ဇြန္ ၁၉
ပို႔ကုန္လုပ္ငန္းမ်ားအတြက္ သယ္ပို႔ယာဥ္ အခက္အခဲမ်ားရွိေနေသာေၾကာင့္ Exporter မ်ား ကိုယ္တိုင္ ကားဝယ္ရမည့္ အေျခအေနႏွင့္ရင္ဆိုင္ေနရေၾကာင္း ျပည္တြင္းရွိ ပို႔ကုန္လုပ္ငန္းရွင္မ်ားထံ NP News က စုံစမ္းေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
လက္ရွိတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွ ဆိပ္ကမ္းမ်ားကို အမွီျပဳကာ ပင္လယ္ေရေၾကာင္းကုန္သြယ္ေရးကို ဦးစားေပးလုပ္ေဆာင္ေနၿပီး ရန္ကုန္တိုင္းတြင္ ပို႔ကုန္လုပ္ငန္းအတြက္ သယ္ယူပို႔ေဆာင္ေရးယာဥ္ လိုအပ္ခ်က္ျမင့္မားလွ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ သၾကၤန္အၿပီးကာလမွစ၍ လက္ရွိအခ်ိန္အထိ ေမာ္ေတာ္ယာဥ္ငွားရမ္းရာတြင္ အခက္အခဲ မ်ား ပိုမိုျမင့္တက္လာခဲ့ၿပီး စစ္မႈထမ္းဥပေဒေၾကာင့္ ယာဥ္ေမာင္း လိုအပ္ခ်က္မ်ားလည္း ရွိေနေၾကာင္း ပို႔ကုန္လုပ္ငန္းရွင္မ်ားထံမွ သိရသည္။
“အဓိကကေတာ့ ယာဥ္လုပ္ငန္းရွင္ေတြ ဘက္ကေန ေမာ္ေတာ္ယာဥ္ငွားရမ္းခေဈးကို တိုးၿပီးေတာ့ သတ္မွတ္တယ္။ ေမာ္ေတာ္ယာဥ္ဆိုတာ သေဘၤာတင္တဲ့ ေမာ္ေတာ္ယာဥ္ေပါ့(သေဘၤာေပၚကုန္ တင္ဖို႔ပို႔တဲ့ ေမာ္ေတာ္ယာဥ္ေပါ့)။ ႏိုင္ငံျခားပို႔ကုန္လုပ္တဲ့ ေမာ္ေတာ္ယာဥ္ေတြရဲ႕ ငွားရမ္းခကို တိုးၿပီးသတ္မွတ္တာေပါ့။ သၾကၤန္ၿပီးတဲ့ေနာက္ပိုင္းကေနစၿပီး အခုခ်ိန္ထိကို ကားေတြငွားရတာေတာ္ေတာ္ ခက္တယ္။ တစ္ဖက္က ပို႔ကုန္လုပ္ငန္းကို ျမႇင့္တင္ေဆာင္႐ြက္တယ္ဆိုေပမယ့္လည္း တကယ္တမ္း ကားငွားရတာအရမ္းခက္တယ္။ ကားကေငြေပးရင္လည္း မရဘူး။ အခက္အခဲေတြမ်ားတယ္။ ဒါေပမဲ့ ကားပစၥည္းေတြ တင္သြင္းခြင့္မရဘူး။ တာယာေတြ တင္သြင္းလို႔မရဘူး။ ေဈးေတြကတက္။ အထူးသျဖင့္ ကားသမားေတြက စစ္မႈထမ္းဥပေဒအေပၚမွာ နားလည္မႈလြဲၿပီး ထြက္သြားတာေတြရွိတယ္။ ေတာ္ေတာ္ ကို အခက္အခဲရွိတယ္”ဟု ျပည္တြင္းရွိ ပို႔ကုန္ လုပ္ငန္းရွင္ႀကီးတစ္ဦးက ေျပာသည္။
လက္ရွိတြင္ နယ္စပ္ကုန္သြယ္ေရးအစား ပင္လယ္ေရေၾကာင္းကုန္သြယ္ေရးကို အသုံးျပဳလာ ၾကၿပီး ဆန္ အပါအဝင္ ပဲ၊ ေျပာင္း သယ္ယူပို႔ေဆာင္မည့္ ယာဥ္ရွားပါးမႈ အေျခအေနႏွင့္ ရင္ဆိုင္ေနရ ေၾကာင္း သိရသည္။ “အခုခ်ိန္ထိ ဆန္တို႔၊ ပဲတို႔၊ ေျပာင္းတို႔ Export လုပ္တဲ့ေနရာမွာ ကားေတြက ေတာ္ေတာ္ကို ရွားတယ္။ ေျပာင္းတို႔ ဘာတို႔ဆို မႏၲေလးတို႔ဘာတို႔ကေနကို ေမာင္းလာတာေလ။ ဆန္တို႔ဘာတို႔ဆိုရင္ေတာ့ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ ပဲခူးတိုင္းအတြင္းကေန သြားၾကတာေလ။ အဲဒီဆိပ္ကမ္းထဲကို တင္တဲ့ ကြန္တိန္နာကားဆိုတာသပ္သပ္ရွိတယ္။ ကုန္ကားရွိတယ္။ အဲဒီကားေတြက ေတာ္ေတာ္ကိုရွားေနတာ။ ကားေတြ ငွားရမ္းသုံးစြဲမႈ အခက္အခဲက ႀကီးေနတာေပါ့ေနာ္။ တစ္ခ်ိဳ႕ကေတာ့ ကားေတြကို လိုင္းထဲကို မထည့္ေတာ့ဘူး။ အခုက Export လုပ္တဲ့သူေတြက ကိုယ့္ဟာကို ကားဝယ္ရမယ့္ အေနအထား ျဖစ္လာတယ္” ဟု အထက္ပါပို႔ကုန္လုပ္ငန္းရွင္က ဆက္လက္ေျပာသည္။
အဆိုပါအခက္အခဲမ်ားေၾကာင့္ ျမန္မာႏိုင္ငံကုန္ေသတၱာတင္ေမာ္ေတာ္ယာဥ္မ်ား အသင္း(MCTA)အေနျဖင့္ၿပီးခဲ့သည့္ ေမလတြင္ ကီလိုမီတာ ၂၀ ႏွင့္အထက္ ခရီးစဥ္လမ္း ေၾကာင္းမ်ား၏ ကြန္တိန္နာတင္ ေမာ္ေတာ္ယာဥ္ ငွားရမ္းခမ်ားကို ေငြက်ပ္(၁၀ဝဝဝ) ေလွ်ာ့ခ်လိုက္ေၾကာင္း သိရသည္။ ထိုသို႔ က်သင့္ေငြေလွ်ာ့ခ်ျခင္းသည္ ရန္ကုန္ဆိပ္ကမ္းမွတဆင့္ ၿမိဳ႕တြင္းရွိ မည္သည့္ဂိုေဒါင္ကိုမဆို တင္ပို႔သည့္ ခရီးစဥ္လမ္းေၾကာင္းမ်ားသာ အက်ဳံးဝင္ေၾကာင္း MCTA မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
“ကြၽန္ေတာ္တို႔ အဲဒီမတိုင္ခင္ယူေနတဲ့ ႏႈန္းထား ရွိပါတယ္။ အဲဒီႏႈန္းထားကေန ေလွ်ာ့လိုက္ တာေပါ့။ ဥပမာအားျဖင့္ ၁၅၀ဝဝဝ ယူေနရင္ ၁၄၀ဝဝဝ ေပါ့။ ၁၀ဝဝဝ၀ ယူေနရင္ ၉၀ဝဝဝ ေပါ့။ ကြန္တိန္နာတင္တဲ့ ကားခကို ေလွ်ာ့ခ်သြားမွာပါ။ ဘယ္ကုန္ပစၥည္းကိုမဆို တင္တဲ့ ကားခေပါ့။ ကီလိုမီတာ(၂၀)အထက္ ခရီးစဥ္လမ္းေၾကာင္းတိုင္းရဲ႕ က်သင့္ေငြကို ၁၀ဝဝဝ က်ပ္ ေလွ်ာ့ခ်သြားမွာပါ။ ကီလို ၂၀ ေအာက္ခရီးစဥ္ေတြကိုေတာ့ မေလွ်ာ့ပါဘူး” ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။
ထိုသို႔ကုန္က်စရိတ္ေလ်ာ့ခ်လိုက္ေသာ္လည္း ေမာ္ေတာ္ယာဥ္လိုအပ္ခ်က္ျမင့္မားလွ်က္ရွိၿပီး သယ္ပို႔ယာဥ္အသုံးျပဳခြင့္ရရွိရန္ အခက္အခဲမ်ားႏွင့္ ႀကဳံေတြ႕ေနရဆဲျဖစ္ေၾကာင္း ပို႔ကုန္လုပ္ငန္းရွင္မ်ားက ဆိုထားသည္။