ဗီယက်နန်နိုင်ငံ၊ ဟနွိုင်းမြို့ရဲ့နာမည်ကြီးရထားလမ်းမှာ ရထားလာနေချိန် ခရီးသွားတစ်ဦးကို ဓာတ်ပုံရိုက်ပေးမှုနဲ့ ကော်ဖီဆိုင်ပိုင်ရှင်တစ်ဦး ဒဏ်ရိုက်ခံရ

 5923

ရောင်နီ (NP News) - ဇွန် ၂၁

ဗီယက်နန်နိုင်ငံ၊ ဟနွိုင်းမြို့ရဲ့နာမည်ကျော်ကြားတဲ့ ရထားလမ်းကြားမှာ နိုင်ငံခြားသား ခရီးသွားတစ်ဦးကို ရထားလာနေချိန် ဓာတ်ပုံရိုက်ပေးခဲ့တဲ့ ကော်ဖီဆိုင် ဗီယက်နမ်ဒေါင် ၇.၅ သန်း ဒဏ်ရိုက်ခဲ့ရပါတယ်။

Hang Bong Ward ရှိ လူသိများတဲ့ အမှတ် ၅ Tran Phu လမ်းမှာ ကော်ဖီဆိုင်ပိုင်ရှင် အသက် ၆၁ နှစ်အရွယ်ကို မှတ်ပုံတင်လိုင်စင်မရှိခြင်း၊ ဆိုင်ရဲ့ဖောက်သည်ခရီးသွားတွေကို ရထားလမ်းမှာ အန္တရာယ်ရှိတဲ့ ဓာတ်ပုံရိုက်ကူးပေးခြင်းအတွက် ဒေါင် ၇.၈ သန်း ဒဏ်ရိုက်အပြစ်ပေး အရေးယူခဲ့တယ်လို့ ဟွန်ကင် ခရိုင်ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

ဇွန်လ ၁၈ ရက်က ဖေ့စ်ဘွတ်ခ်မှာတင်ခဲ့တဲ့ ဗီဒီယိုတစ်ခုမှာတော့ အမျိုးသမီးတစ်ဦးဟာ အန္တရာယ်ရှိတဲ့ ရထားလာနေချိန် ရထားလမ်းပေါ်မှာ ဓာတ်ပုံရိုက်နေခဲ့ပါတယ်။ အဲဒီနောက် ရထားနဲ့ အလွန်နီးလာတဲ့အခါမှ ကော်ဖီဆိုင်ရှင်အမျိုးသားက အဆိုပါအမျိုးသမီးကို ဘေးလွတ်ရာ တွန်းပို့ခဲ့တာတွေ့ရပါတယ်။ အဆိုပါကော်ဖီဆိုင်တွေဟာ ရထားလမ်းကြောင်းနဲ့ လက်မအနည်းသာ ကွာဝေးပါတယ်။ နိုင်ငံခြား ခရီးသွားတွေဟာ ရထားလမ်းနဲ့ ရထားဖြတ်သန်းမှုကို ကြည့်ရှုဖို့၊ ဓာတ်ပုံရိုက်ဖို့ မီးရထားလမ်းဘေး လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်လေ့ရှိကြပါတယ်။

အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ဟွန်ကမ် ခရိုင်ပြည်သူ့ကော်မတီက မီးရထားဖြတ်သန်းသွားလာနေတဲ့ ရပ်ကွက်ကော်မတီတွေကို အရှိန်အဟုန်မြှင့်စစ်ဆေးမှုတွေပြုလုပ်ပြီး မီးရထားလမ်းအန္တရာယ်ကင်းရှင်းရေး စည်းကမ်းတွေကိုဖောက်ဖျက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို တင်းတင်းကျပ်ကျပ် အရေးယူသွားမယ်လို့ ဆိုခဲ့ပါတယ်။

Zawgyi Version;
ဗီယက္နန္ႏိုင္ငံ၊ ဟႏြိဳင္းၿမိဳ႕ရဲ႕နာမည္ႀကီးရထားလမ္းမွာ ရထားလာေနခ်ိန္ ခရီးသြားတစ္ဦးကို ဓာတ္ပုံ႐ိုက္ေပးမႈနဲ႔ ေကာ္ဖီဆိုင္ပိုင္ရွင္တစ္ဦး ဒဏ္႐ိုက္ခံရ
ေရာင္နီ (NP News) - ဇြန္ ၂၁

ဗီယက္နန္ႏိုင္ငံ၊ ဟႏြိဳင္းၿမိဳ႕ရဲ႕နာမည္ေက်ာ္ၾကားတဲ့ ရထားလမ္းၾကားမွာ ႏိုင္ငံျခားသား ခရီးသြားတစ္ဦးကို ရထားလာေနခ်ိန္ ဓာတ္ပုံ႐ိုက္ေပးခဲ့တဲ့ ေကာ္ဖီဆိုင္ ဗီယက္နမ္ေဒါင္ ၇.၅ သန္း ဒဏ္႐ိုက္ခဲ့ရပါတယ္။

Hang Bong Ward ရွိ လူသိမ်ားတဲ့ အမွတ္ ၅ Tran Phu လမ္းမွာ ေကာ္ဖီဆိုင္ပိုင္ရွင္ အသက္ ၆၁ ႏွစ္အ႐ြယ္ကို မွတ္ပုံတင္လိုင္စင္မရွိျခင္း၊ ဆိုင္ရဲ႕ေဖာက္သည္ခရီးသြားေတြကို ရထားလမ္းမွာ အႏၲရာယ္ရွိတဲ့ ဓာတ္ပုံ႐ိုက္ကူးေပးျခင္းအတြက္ ေဒါင္ ၇.၈ သန္း ဒဏ္႐ိုက္အျပစ္ေပး အေရးယူခဲ့တယ္လို႔ ဟြန္ကင္ ခ႐ိုင္ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။

ဇြန္လ ၁၈ ရက္က ေဖ့စ္ဘြတ္ခ္မွာတင္ခဲ့တဲ့ ဗီဒီယိုတစ္ခုမွာေတာ့ အမ်ိဳးသမီးတစ္ဦးဟာ အႏၲရာယ္ရွိတဲ့ ရထားလာေနခ်ိန္ ရထားလမ္းေပၚမွာ ဓာတ္ပုံ႐ိုက္ေနခဲ့ပါတယ္။ အဲဒီေနာက္ ရထားနဲ႔ အလြန္နီးလာတဲ့အခါမွ ေကာ္ဖီဆိုင္ရွင္အမ်ိဳးသားက အဆိုပါအမ်ိဳးသမီးကို ေဘးလြတ္ရာ တြန္းပို႔ခဲ့တာေတြ႕ရပါတယ္။ အဆိုပါေကာ္ဖီဆိုင္ေတြဟာ ရထားလမ္းေၾကာင္းနဲ႔ လက္မအနည္းသာ ကြာေဝးပါတယ္။ ႏိုင္ငံျခား ခရီးသြားေတြဟာ ရထားလမ္းနဲ႔ ရထားျဖတ္သန္းမႈကို ၾကည့္ရႈဖို႔၊ ဓာတ္ပုံ႐ိုက္ဖို႔ မီးရထားလမ္းေဘး လက္ဖက္ရည္ဆိုင္ေတြမွာ ထိုင္ေလ့ရွိၾကပါတယ္။

အခုျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ဟြန္ကမ္ ခ႐ိုင္ျပည္သူ႔ေကာ္မတီက မီးရထားျဖတ္သန္းသြားလာေနတဲ့ ရပ္ကြက္ေကာ္မတီေတြကို အရွိန္အဟုန္ျမႇင့္စစ္ေဆးမႈေတြျပဳလုပ္ၿပီး မီးရထားလမ္းအႏၲရာယ္ကင္းရွင္းေရး စည္းကမ္းေတြကိုေဖာက္ဖ်က္တဲ့ စီးပြားေရးလုပ္ငန္းေတြကို တင္းတင္းက်ပ္က်ပ္ အေရးယူသြားမယ္လို႔ ဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.