နယ်စပ်ကို မြောက်ကိုရီးယားစစ်သားတွေ ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီးနောက် သတိပေးပစ်ခတ်မှုတွေကို တောင်ကိုရီးယားစစ်တပ် ပြုလုပ်

 3244

Pika (NP News) - ဇွန် ၂၂

မြောက်ကိုရီးယားစစ်သားအများအပြားသည် ဇွန်လ(၂၀)ရက် နံနက်ပိုင်းတွင် နှစ်နိုင်ငံကြားနယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လာခဲ့ပြီးနောက် တောင်ကိုရီးယားစစ်တပ်က သတိပေးပစ်ခတ်မှုများကို လုပ်ဆောင်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်များရုံး(JCS) က ထုတ်ပြန်ပြောကြားခဲ့သည်။

သတိပေးပစ်ခတ်မှုများ လုပ်ဆောင်ပြီးနောက် မြောက်ကိုရီးယားစစ်သားများ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း (JCS) က ထပ်မံပြောကြားခဲ့သည်။ မြောက်ကိုရီးယားစစ်သားများသည် ဇွန်လ(၂၀)ရက် နံနက်(၁၁)နာရီဝန်းကျင် အချိန်တွင် စစ်မဲ့ဇုန်(DMZ) အလယ်ကိုဖြတ်သွားသည့် စစ်နယ်နိမိတ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထို့ပြင် ယခုလအတွင်း အဆိုပါဖြစ်ရပ်မျိုး အနည်းဆုံး(၃)ကြိမ်ခန့် ဖြစ်ပွားခဲ့ဖူးကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြောက်ကိုရီးယားစစ်သားအများအပြားသည် နှစ်နိုင်ငံကြားရှိ စစ်နယ်နိမိတ်မျဉ်းကို ဖြတ်ကျော်ခဲ့ ပြီးနောက် တောင်ကိုရီးယားစစ်တပ်က သတိပေးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ဖူးကြောင်း သိရသည်။ ၁၉၅ဝ-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲအပြီးတွင် နှစ်နိုင်ငံကြားတိုက်ပွဲများ ရပ်တန့်သွားခဲ့ပြီးနောက် ဆယ်စုနှစ်များအတွင်း အသေ အပျောက်များသည့် တိုက်ပွဲများ ရံဖန်ရံခါဖြစ်ပွားခဲ့သော်လည်း မကြာသေးမီကဖြစ်ပွားခဲ့သော ဖြစ်ရပ်များသည် နှစ်နိုင်ငံကြား စစ်နယ်နိမိတ်မျဉ်းအနီးတွင် ရှားရှားပါးပါးဖြစ်ပွားသော လှုပ်ရှားမှုများဖြစ်ကြောင်းလည်း သိရသည်။ ရုရှားသမ္မတပူတင်သည် (၂၄)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယခုသီတင်းပတ်တွင် မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့သို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် အဆိုပါဖြစ်ရပ်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

Zawgyi Version;
နယ္စပ္ကို ေျမာက္ကိုရီးယားစစ္သားေတြ ျဖတ္ေက်ာ္ဝင္ေရာက္လာခဲ့ၿပီးေနာက္ သတိေပးပစ္ခတ္မႈေတြကို ေတာင္ကိုရီးယားစစ္တပ္ ျပဳလုပ္
Pika (NP News) - ဇြန္ ၂၂

ေျမာက္ကိုရီးယားစစ္သားအမ်ားအျပားသည္ ဇြန္လ(၂၀)ရက္ နံနက္ပိုင္းတြင္ ႏွစ္ႏိုင္ငံၾကားနယ္စပ္ကို ျဖတ္ေက်ာ္ ဝင္ေရာက္လာခဲ့ၿပီးေနာက္ ေတာင္ကိုရီးယားစစ္တပ္က သတိေပးပစ္ခတ္မႈမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း ေတာင္ကိုရီးယားစစ္ဦးစီးခ်ဳပ္မ်ား႐ုံး(JCS) က ထုတ္ျပန္ေျပာၾကားခဲ့သည္။

သတိေပးပစ္ခတ္မႈမ်ား လုပ္ေဆာင္ၿပီးေနာက္ ေျမာက္ကိုရီးယားစစ္သားမ်ား ျပန္လည္ဆုတ္ခြာသြားခဲ့ေၾကာင္း (JCS) က ထပ္မံေျပာၾကားခဲ့သည္။ ေျမာက္ကိုရီးယားစစ္သားမ်ားသည္ ဇြန္လ(၂၀)ရက္ နံနက္(၁၁)နာရီဝန္းက်င္ အခ်ိန္တြင္ စစ္မဲ့ဇုန္(DMZ) အလယ္ကိုျဖတ္သြားသည့္ စစ္နယ္နိမိတ္မ်ဥ္းကို ျဖတ္ေက်ာ္ဝင္ေရာက္လာခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

ထို႔ျပင္ ယခုလအတြင္း အဆိုပါျဖစ္ရပ္မ်ိဳး အနည္းဆုံး(၃)ႀကိမ္ခန႔္ ျဖစ္ပြားခဲ့ဖူးေၾကာင္းလည္း သိရသည္။ ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း ေျမာက္ကိုရီးယားစစ္သားအမ်ားအျပားသည္ ႏွစ္ႏိုင္ငံၾကားရွိ စစ္နယ္နိမိတ္မ်ဥ္းကို ျဖတ္ေက်ာ္ခဲ့ ၿပီးေနာက္ ေတာင္ကိုရီးယားစစ္တပ္က သတိေပးပစ္ခတ္မႈမ်ား လုပ္ေဆာင္ခဲ့ဖူးေၾကာင္း သိရသည္။ ၁၉၅ဝ-၁၉၅၃ ခုႏွစ္ ကိုရီးယားစစ္ပြဲအၿပီးတြင္ ႏွစ္ႏိုင္ငံၾကားတိုက္ပြဲမ်ား ရပ္တန႔္သြားခဲ့ၿပီးေနာက္ ဆယ္စုႏွစ္မ်ားအတြင္း အေသ အေပ်ာက္မ်ားသည့္ တိုက္ပြဲမ်ား ရံဖန္ရံခါျဖစ္ပြားခဲ့ေသာ္လည္း မၾကာေသးမီကျဖစ္ပြားခဲ့ေသာ ျဖစ္ရပ္မ်ားသည္ ႏွစ္ႏိုင္ငံၾကား စစ္နယ္နိမိတ္မ်ဥ္းအနီးတြင္ ရွားရွားပါးပါးျဖစ္ပြားေသာ လႈပ္ရွားမႈမ်ားျဖစ္ေၾကာင္းလည္း သိရသည္။ ႐ုရွားသမၼတပူတင္သည္ (၂၄)ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ယခုသီတင္းပတ္တြင္ ေျမာက္ကိုရီးယားႏိုင္ငံ ၿပဳံးယမ္းၿမိဳ႕သို႔ သြားေရာက္လည္ပတ္ခဲ့ၿပီးေနာက္ အဆိုပါျဖစ္ရပ္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.