ယူကရိန်းမှ ကယ်ထုတ်ခဲ့တဲ့ ဘယ်လူဂါ ဝေလငါးနှစ်ကောင် စပိန်နိုင်ငံသို့ ရောက်ရှိ

 1379

ရောင်နီ (NP News) - ဇွန် ၂၂

ယူကရိန်းနိုင်ငံ၊ ခါခရစ်မြို့ရဲ့စစ်ပွဲတွေကြားက ကယ်ထုတ်ခဲ့တဲ့ ဘယ်လူဂါ ဝေလငါးနှစ်ကောင် စပိန်နိုင်ငံ ဗလင်စီယာရှိ ဥရောပရဲ့အကြီးဆုံးငါးပြတိုက်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
အဆိုပါ ဝေလငါး ၂ ကောင်ကို နိုင်ငံစုံမှ ရေနေနို့တိုက်သတ္တဝါပြုစုစောင့်ရှောက်ရေးကျွမ်းကျင်သူတွေ ပါဝင်တဲ့ အဏ္ဏဝါထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ခေါ်ထုတ်ကယ်ဆယ်ခဲ့တာဖြစ်ပြီး ဥရောပရဲ့အကြီးဆုံး oceananarium ဖြစ်တဲ့ Oceanogràfic de Valencia ငါးပြတိုက်မှာ ထားရှိထားတယ်လို့ သိရပါတယ်။ ဂျော်ဂျီယာ Aquarium ရဲ့ အဆိုအရ ဝေလငါးတွေဟာ အသက် ၁၅ နှစ် နဲ့ အသက် ၁၄ နှစ်အရွယ် အထီးနဲ့ အမ စုံတွဲဖြစ်ပြီး ၂ ကောင်လုံး ကျန်းမာရေးအခြေအနေကောင်းတယ်လို့ သိရပါတယ်။

ဝေလငါး ၂ ကောင်ရဲ့ဇာတိမြေဖြစ်တဲ့ ယူကရိန်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ခါခရစ်ဟာ ရုရှားနဲ့နယ်နိမိတ်အနီးမှာ တည်ရှိပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း ရုရှားရဲ့တိုက်ခိုက်မှုတွေ အရှိန်အဟုန်နဲ့ကြုံတွေ့ခဲ့ရပါတယ်။

Zawgyi Version;
ယူကရိန္းမွ ကယ္ထုတ္ခဲ့တဲ့ ဘယ္လူဂါ ေဝလငါးႏွစ္ေကာင္ စပိန္ႏိုင္ငံသို႔ ေရာက္ရွိ
ေရာင္နီ (NP News) - ဇြန္ ၂၂

ယူကရိန္းႏိုင္ငံ၊ ခါခရစ္ၿမိဳ႕ရဲ႕စစ္ပြဲေတြၾကားက ကယ္ထုတ္ခဲ့တဲ့ ဘယ္လူဂါ ေဝလငါးႏွစ္ေကာင္ စပိန္ႏိုင္ငံ ဗလင္စီယာရွိ ဥေရာပရဲ႕အႀကီးဆုံးငါးျပတိုက္ကို ေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။
အဆိုပါ ေဝလငါး ၂ ေကာင္ကို ႏိုင္ငံစုံမွ ေရေနႏို႔တိုက္သတၱဝါျပဳစုေစာင့္ေရွာက္ေရးကြၽမ္းက်င္သူေတြ ပါဝင္တဲ့ အဏၰဝါထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕က ေခၚထုတ္ကယ္ဆယ္ခဲ့တာျဖစ္ၿပီး ဥေရာပရဲ႕အႀကီးဆုံး oceananarium ျဖစ္တဲ့ Oceanogràfic de Valencia ငါးျပတိုက္မွာ ထားရွိထားတယ္လို႔ သိရပါတယ္။ ေဂ်ာ္ဂ်ီယာ Aquarium ရဲ႕ အဆိုအရ ေဝလငါးေတြဟာ အသက္ ၁၅ ႏွစ္ နဲ႔ အသက္ ၁၄ ႏွစ္အ႐ြယ္ အထီးနဲ႔ အမ စုံတြဲျဖစ္ၿပီး ၂ ေကာင္လုံး က်န္းမာေရးအေျခအေနေကာင္းတယ္လို႔ သိရပါတယ္။

ေဝလငါး ၂ ေကာင္ရဲ႕ဇာတိေျမျဖစ္တဲ့ ယူကရိန္းႏိုင္ငံရဲ႕ ဒုတိယအႀကီးဆုံးၿမိဳ႕ ခါခရစ္ဟာ ႐ုရွားနဲ႔နယ္နိမိတ္အနီးမွာ တည္ရွိၿပီး ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြအတြင္း ႐ုရွားရဲ႕တိုက္ခိုက္မႈေတြ အရွိန္အဟုန္နဲ႔ႀကဳံေတြ႕ခဲ့ရပါတယ္။

Related news

© 2021. All rights reserved.