မလေးရှားနိုင်ငံ၊ ပီနန်မှာ ကြွက်သတ်ဆေးသံသယရှိ မုန့်ကို စားမိပြီး အသက် (၂)နှစ်ကျော် ကလေးငယ်(၂)ဦး သေဆုံး

584
ရောင်နီ(NP News) - ဇူလိုင် ၁၃
မလေးရှားနိုင်ငံ၊ ပီနန်မှာ ကြွက်သတ်ဆေး ပါဝင်တယ်လို့ သံသယရှိတဲ့ မုန့်တွေကိုစားမိပြီး အသက် ၂ နှစ်နဲ့ ၃ နှစ်အရွယ် ကလေးငယ် ၂ ဦး ဇူလိုင်လ ၁၂ ရက်နေ့က ပီနန်ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
မိုဟာမက်လက်စရာကီ အမည်ရှိ အသက် ၂ နှစ်နဲ့ ၃ နှစ် အရွယ် ကလေးငယ် ၂ ဦးဟာ ဇူလိုင်လ ၇ ရက်က ကြွက်သတ်ဆေးပါ၀င်တယ်လို့ ယူဆရတဲ့ မုန့်တွေကို ညီအစ်ကို (၂)ယောက်စားမိပြီး ၂ ယောက်လုံး ပြင်းထန်အခြေအနေနဲ့ ဆေးရုံတက်ခဲ့ရတာ ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ အသက် ၃ နှစ်အရွယ် မိုဟာမက်အက်ကီစာရုကီကတော့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်မှာ ပီနန်ဆေးရုံမှာပဲ သေဆုံးသွားခဲ့ပြီး ညီဖြစ်သူကတော့ ဇူလိုင် ၁၂ ရက်မှာ သေဆုံးခဲ့ပါတယ်။
၄င်းတို့စားသုံးခဲ့တဲ့ မုန့်တွေဟာ လယ်သမားတစ်ဦးက ၎င်းရဲ့ ကောက်နှံတွေကို ဖျက်စီးနေတဲ့ တောရိုင်းတိရိစ္ဆာန်တွေကို ထောင်ချောက်ဆင် ချထားတဲ့ ကြွက်သတ်ဆေးဖြူးထားတဲ့ မုန့်တွေ ဖြစ်ပါတယ်။ အဆိုပါ မုန့်တွေ ချထားတဲ့ နေရာဟာ ၎င်းတို့နေအိမ်မှ မီတာ ၅၀ အကွာမှာ ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
zawgyi version
မေလးရွားႏိုင္ငံ၊ ပီနန္မွာ ႂကြက္သတ္ေဆးသံသယရွိ မုန႔္ကို စားမိၿပီး အသက္ (၂)ႏွစ္ေက်ာ္ ကေလးငယ္(၂)ဦး ေသဆုံး
ေရာင္နီ(NP News) - ဇူလိုင္ ၁၃
မေလးရွားႏိုင္ငံ၊ ပီနန္မွာ ႂကြက္သတ္ေဆး ပါဝင္တယ္လို႔ သံသယရွိတဲ့ မုန႔္ေတြကိုစားမိၿပီး အသက္ ၂ ႏွစ္နဲ႔ ၃ ႏွစ္အ႐ြယ္ ကေလးငယ္ ၂ ဦး ဇူလိုင္လ ၁၂ ရက္ေန႔က ပီနန္ေဆး႐ုံမွာ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။
မိုဟာမက္လက္စရာကီ အမည္ရွိ အသက္ ၂ ႏွစ္နဲ႔ ၃ ႏွစ္ အ႐ြယ္ ကေလးငယ္ ၂ ဦးဟာ ဇူလိုင္လ ၇ ရက္က ႂကြက္သတ္ေဆးပါ၀င္တယ္လို႔ ယူဆရတဲ့ မုန႔္ေတြကို ညီအစ္ကို (၂)ေယာက္စားမိၿပီး ၂ ေယာက္လုံး ျပင္းထန္အေျခအေနနဲ႔ ေဆး႐ုံတက္ခဲ့ရတာ ျဖစ္ပါတယ္။ အစ္ကိုျဖစ္သူ အသက္ ၃ ႏွစ္အ႐ြယ္ မိုဟာမက္အက္ကီစာ႐ုကီကေတာ့ ဇူလိုင္လ ၁၁ ရက္ေန႔ နံနက္ ၈ နာရီ ၃၀ မိနစ္မွာ ပီနန္ေဆး႐ုံမွာပဲ ေသဆုံးသြားခဲ့ၿပီး ညီျဖစ္သူကေတာ့ ဇူလိုင္ ၁၂ ရက္မွာ ေသဆုံးခဲ့ပါတယ္။
၄င္းတို႔စားသုံးခဲ့တဲ့ မုန႔္ေတြဟာ လယ္သမားတစ္ဦးက ၎ရဲ႕ ေကာက္ႏွံေတြကို ဖ်က္စီးေနတဲ့ ေတာ႐ိုင္းတိရိစာၦန္ေတြကို ေထာင္ေခ်ာက္ဆင္ ခ်ထားတဲ့ ႂကြက္သတ္ေဆးျဖဴးထားတဲ့ မုန႔္ေတြ ျဖစ္ပါတယ္။ အဆိုပါ မုန႔္ေတြ ခ်ထားတဲ့ ေနရာဟာ ၎တို႔ေနအိမ္မွ မီတာ ၅၀ အကြာမွာ ရွိခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။