ဘာဘီအရုပ်ဝယ်တဲ့ လင့်ခ်က ညစ်ညမ်းဝဘ်ဆိုက်ဒ်နဲ့ချိတ်ဆက်ထားခြင်းကြောင့် ဘာဘီအရုပ်ကုမ္ပဏီ Mattel တရားစွဲခံရ

313

ရောင်နီ (NP News) - ဒီဇင်ဘာ ၅
ဒီဇင်ဘာ ၃ ရက်က Wicked ရုပ်ရှင်နဲ့စပ်ဆက်ပြီး ထုတ်လုပ်ထားတဲ့ ပုံတူဘာဘီရုပ်ကို ဝယ်ယူဖို့ ဝက်ဘ်ဆိုက်ဒ်လင့်ထဲ ဝင်ရောက်ဝယ်ယူရာမှ ညစ်ညမ်းဝက်ဘ်ဆိုက်ဒ်ထဲ ရောက်ရှိသွားခဲ့တာကြောင့် တောင်ကာရိုလိုင်းနား မိခင်က ဘာဘီအရုပ်ကုမ္ပဏီ Mattel ကို တရားစွဲခဲ့ပါတယ်။
မစ္စဟိုလီရစ်ခက်ဆန် အမည်ရှိ အမျိုးသမီးက အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်၊ ဖက်ဒရယ် တရားရုံးမှာ တရားစွဲခဲ့တာဖြစ်ပါတယ်။ သူမက သမီးဖြစ်သူအတွက် Wicked ဘာဘီရုပ်ဝယ်ဖို့ ဝဘ်ဆိုဒ်ထဲ ဝင်ရောက်ခဲ့တာဖြစ်ပြီး အဲဒီအရုပ်ဝယ်ယူတဲ့ ဝက်ဘ်ဆိုက်ဒ်လင့်ကနေ ချိတ်ဆက်ထားတဲ့ ညစ်ညမ်းဝက်ဘ်ဆိုက်ဒ်ကို တန်းရောက်ရှိသွားတာဖြစ်တယ်လို့ သူမက ဆိုပါတယ်။ အဲဒီနောက် ညစ်ညမ်းဝဘ်ဆိုက်ထဲက hardcore photograph တစ်ခုကို ဝယ်ယူမိပြီးသားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လင့်ခ်သာ မှားယွင်းနေတယ်ဆိုတာသိထားရင် အရုပ်ကိုဝယ်မှာ မဟုတ်ဘူးလို့ သူမက ဆိုပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး Mattel က နိုဝင်ဘာ ၁၁ ရက်မှာ အရုပ်ကို ပြန်လည်သိမ်းဆည်းခဲ့ပေမယ့် ပြန်အမ်းငွေ မပေးခဲ့ဘူးလို့ ဆိုပါတယ်။
Mattel ကတော့ အဆိုပါတရားစွဲဆိုမှုနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။ အင်္ဂါနေ့(ဒီဇင်ဘာ ၃ ရက်) က တရားစွဲဆိုမှုမှာတော့ လင့်ခ်မှားနှိပ်ပြီး ဝယ်ယူမိခဲ့တဲ့ အမေရိကန်နိုင်ငံထဲက မည်သူမဆိုအတွက် နစ်နာကြေးအနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သန်း တောင်းခံထားတယ်လို့ သိရပါတယ်။
ဒါဟာ Mattel အနေနဲ့ ပေါ့ဆမှု၊ ရောင်းချဖို့ မသင့်လျော်တဲ့ ထုတ်ကုန်တွေ ရောင်းချခြင်း၊ ကယ်လီဖိုးနီးယား သုံးစွဲသူ အကာအကွယ်ပေးရေး ဥပဒေတွေကို ချိုးဖောက်မှုဖြစ်တယ်လို့ ဆိုထားပါတယ်။
ဘာဘီအ႐ုပ္ဝယ္တဲ့ လင့္ခ္က ညစ္ညမ္းဝဘ္ဆိုက္ဒ္နဲ႔ခ်ိတ္ဆက္ထားျခင္းေၾကာင့္ ဘာဘီအ႐ုပ္ကုမၸဏီ Mattel တရားစြဲခံရ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၅
ဒီဇင္ဘာ ၃ ရက္က Wicked ႐ုပ္ရွင္နဲ႔စပ္ဆက္ၿပီး ထုတ္လုပ္ထားတဲ့ ပုံတူဘာဘီ႐ုပ္ကို ဝယ္ယူဖို႔ ဝက္ဘ္ဆိုက္ဒ္လင့္ထဲ ဝင္ေရာက္ဝယ္ယူရာမွ ညစ္ညမ္းဝက္ဘ္ဆိုက္ဒ္ထဲ ေရာက္ရွိသြားခဲ့တာေၾကာင့္ ေတာင္ကာ႐ိုလိုင္းနား မိခင္က ဘာဘီအ႐ုပ္ကုမၸဏီ Mattel ကို တရားစြဲခဲ့ပါတယ္။
မစၥဟိုလီရစ္ခက္ဆန္ အမည္ရွိ အမ်ိဳးသမီးက အေမရိကန္ႏိုင္ငံ၊ ေလာ့စ္အိန္ဂ်လိစ္၊ ဖက္ဒရယ္ တရား႐ုံးမွာ တရားစြဲခဲ့တာျဖစ္ပါတယ္။ သူမက သမီးျဖစ္သူအတြက္ Wicked ဘာဘီ႐ုပ္ဝယ္ဖို႔ ဝဘ္ဆိုဒ္ထဲ ဝင္ေရာက္ခဲ့တာျဖစ္ၿပီး အဲဒီအ႐ုပ္ဝယ္ယူတဲ့ ဝက္ဘ္ဆိုက္ဒ္လင့္ကေန ခ်ိတ္ဆက္ထားတဲ့ ညစ္ညမ္းဝက္ဘ္ဆိုက္ဒ္ကို တန္းေရာက္ရွိသြားတာျဖစ္တယ္လို႔ သူမက ဆိုပါတယ္။ အဲဒီေနာက္ ညစ္ညမ္းဝဘ္ဆိုက္ထဲက hardcore photograph တစ္ခုကို ဝယ္ယူမိၿပီးသားျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။ လင့္ခ္သာ မွားယြင္းေနတယ္ဆိုတာသိထားရင္ အ႐ုပ္ကိုဝယ္မွာ မဟုတ္ဘူးလို႔ သူမက ဆိုပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး Mattel က ႏိုဝင္ဘာ ၁၁ ရက္မွာ အ႐ုပ္ကို ျပန္လည္သိမ္းဆည္းခဲ့ေပမယ့္ ျပန္အမ္းေငြ မေပးခဲ့ဘူးလို႔ ဆိုပါတယ္။
Mattel ကေတာ့ အဆိုပါတရားစြဲဆိုမႈနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ ျငင္းဆိုထားပါတယ္။ အဂၤါေန႔(ဒီဇင္ဘာ ၃ ရက္) က တရားစြဲဆိုမႈမွာေတာ့ လင့္ခ္မွားႏွိပ္ၿပီး ဝယ္ယူမိခဲ့တဲ့ အေမရိကန္ႏိုင္ငံထဲက မည္သူမဆိုအတြက္ နစ္နာေၾကးအနည္းဆုံး အေမရိကန္ေဒၚလာ ၅ သန္း ေတာင္းခံထားတယ္လို႔ သိရပါတယ္။
ဒါဟာ Mattel အေနနဲ႔ ေပါ့ဆမႈ၊ ေရာင္းခ်ဖို႔ မသင့္ေလ်ာ္တဲ့ ထုတ္ကုန္ေတြ ေရာင္းခ်ျခင္း၊ ကယ္လီဖိုးနီးယား သုံးစြဲသူ အကာအကြယ္ေပးေရး ဥပေဒေတြကို ခ်ိဳးေဖာက္မႈျဖစ္တယ္လို႔ ဆိုထားပါတယ္။