ဂျပန်နိုင်ငံရဲ့အချောဆုံး မင်းသမီးလို့သတ်မှတ်ခံထားရဖူးတဲ့ "Love Letter" မင်းသမီး၊ J-pop စတား မီဟိုနာကာရာမာ တိုကျိုနေအိမ်မှာ ကွယ်လွန်

2123
ရောင်နီ (NP News) - ဒီဇင်ဘာ ၈
ဂျပန်နိုင်ငံရဲ့အချောဆုံးမင်းသမီးလို့ တစ်ချိန်က သတ်မှတ်ခံရဖူးတဲ့ မင်းသမီးမီဟိုနာကာရာမာ(အသက် ၅၄ နှစ်)ကို တိုကျိုမြို့ရှိ သူမရဲ့အီဘီဆု နေအိမ်၊ ရေချိုးကန်ထဲမှာ သောကြာနေ့ (ဒီဇင်ဘာ ၆ ရက်) က သေဆုံးလျက် တွေ့ရှိခဲ့ရ ပါတယ်။
နာကာရာမာဟာ အလုပ်ကိုရောက်လာခြင်းမရှိတာကြောင့် သူမရဲ့အဖွဲ့ထဲက အဖွဲ့ဝင်တစ်ဦးက သူမရဲ့ နေအိမ်သို့ သွားရောက်ကြည့်ရှုခဲ့စဉ်မှာ ရေချိုးကန်ထဲ သေဆုံးလျက်ရှိနေတာတွေ့ခဲ့တာဖြစ်ပါတယ်။ ဆရာဝန်တွေကလည်း သူမဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ နာကာရာမာဟာ ၁၉၉၅ ခုနှစ် ရုပ်ရှင် "Love Letter" မှာ "မီပိုရင်" ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ လူသိများခဲ့ပြီး အကောင်းဆုံးမင်းသမီးဆုများစွာ ဆွတ်ခူး ရရှိခဲ့သူဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့အလှဆုံးအမျိုးသမီးအဖြစ်လည်း သတ်မှတ်ခံထားရဖူးတဲ့ နာကာရာမာဟာ A Sleeping Forest (1998) အပါအဝင် လူကြိုက်များတဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သီချင်းတွေလည်း သီဆိုခဲ့ခြင်းကြောင့် J-pop အဆိုတော်တစ်ဦးအဖြစ်လည်း နာမည်ကြီးပါတယ်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံရဲ႕အေခ်ာဆုံး မင္းသမီးလို႔သတ္မွတ္ခံထားရဖူးတဲ့ "Love Letter" မင္းသမီး၊ J-pop စတား မီဟိုနာကာရာမာ တိုက်ိဳေနအိမ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၈
ဂ်ပန္ႏိုင္ငံရဲ႕အေခ်ာဆုံးမင္းသမီးလို႔ တစ္ခ်ိန္က သတ္မွတ္ခံရဖူးတဲ့ မင္းသမီးမီဟိုနာကာရာမာ(အသက္ ၅၄ ႏွစ္)ကို တိုက်ိဳၿမိဳ႕ရွိ သူမရဲ႕အီဘီဆု ေနအိမ္၊ ေရခ်ိဳးကန္ထဲမွာ ေသာၾကာေန႔ (ဒီဇင္ဘာ ၆ ရက္) က ေသဆုံးလ်က္ ေတြ႕ရွိခဲ့ရ ပါတယ္။
နာကာရာမာဟာ အလုပ္ကိုေရာက္လာျခင္းမရွိတာေၾကာင့္ သူမရဲ႕အဖြဲ႕ထဲက အဖြဲ႕ဝင္တစ္ဦးက သူမရဲ႕ ေနအိမ္သို႔ သြားေရာက္ၾကည့္ရႈခဲ့စဥ္မွာ ေရခ်ိဳးကန္ထဲ ေသဆုံးလ်က္ရွိေနတာေတြ႕ခဲ့တာျဖစ္ပါတယ္။ ဆရာဝန္ေတြကလည္း သူမဟာ အခင္းျဖစ္ေနရာမွာပဲ ေသဆုံးသြားခဲ့တယ္လို႔ အတည္ျပဳခဲ့ပါတယ္။ နာကာရာမာဟာ ၁၉၉၅ ခုႏွစ္ ႐ုပ္ရွင္ "Love Letter" မွာ "မီပိုရင္" ဆိုတဲ့ ဇာတ္ေကာင္နာမည္နဲ႔ လူသိမ်ားခဲ့ၿပီး အေကာင္းဆုံးမင္းသမီးဆုမ်ားစြာ ဆြတ္ခူး ရရွိခဲ့သူျဖစ္ပါတယ္။
ဂ်ပန္ႏိုင္ငံရဲ႕အလွဆုံးအမ်ိဳးသမီးအျဖစ္လည္း သတ္မွတ္ခံထားရဖူးတဲ့ နာကာရာမာဟာ A Sleeping Forest (1998) အပါအဝင္ လူႀကိဳက္မ်ားတဲ့ ႐ုပ္ျမင္သံၾကားဇာတ္လမ္းတြဲမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး သီခ်င္းေတြလည္း သီဆိုခဲ့ျခင္းေၾကာင့္ J-pop အဆိုေတာ္တစ္ဦးအျဖစ္လည္း နာမည္ႀကီးပါတယ္။