စင်ကာပူနိုင်ငံ၊ Jurong Island ဆောက်လုပ်ရေးနေရာမှာ အလုပ်သမားတစ်ဦး ကွန်ကရစ်တုံး ထိခိုက်မိပြီး သေဆုံး

 1915

ရောင်နီ (NP News) - ဒီဇင်ဘာ ၈

စင်ကာပူနိုင်ငံ၊ Jurong Island ဆောက်လုပ်ရေးနေရာမှာ အသက် ၅၈ နှစ်အရွယ် ဆောက်လုပ်ရေးလုပ်သားတစ်ဦး ကြာသပတေးနေ့ (ဒီဇင်ဘာ ၅ ရက်) က ကွန်ကရစ်တုံးကြီးတစ်ခုနဲ့ထိခိုက်မိပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ကြာသပတေးနေ့ ညနေ ၅ နာရီ ၄၀ ခန့်က 3 Seraya Avenue ဘက်က အကူအညီတောင်းချက်ရရှိခဲ့တာ ဖြစ်တယ် လို့ စင်္ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ (SCDF) က ပြောကြားခဲ့ပါတယ်။ ဆောက်လုပ်ရေးဆိုက်ဒ်မှာ "ဖြိုဖျက် တဲ့လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ကွန်ကရစ်တုံးကြီးတစ်ခုနဲ့ထိခိုက်မိသွားခြင်းဖြစ်တယ်လို့ SCDF က ပြောကြားပါတယ်။
အဆိုပါ အလုပ်သမားဟာ အခင်းဖြစ်နေရာမှာပဲ ကွယ်လွန်သွားခဲ့တယ်လို့ SCDF ဆေးမှူးက ပြောပါတယ်။ အဆိုပါ မတော်တဆမှုနဲ့ပတ်သက်ပြီး လူအင်အားဝန်ကြီးဌာန (MOM)နဲ့ ဆောက်လုပ်ရေးအာဏာပိုင်အဖွဲ့ (BCA) တို့က ဆိုက်ဒ်မှာ အလုပ်ရပ်စဲဖို့ အမိန့်ထုတ်ထားပြီး၊ ဆောက်လုပ်ခွင့်ပါမစ်ကိုလည်း ရုတ်သိမ်းခဲ့ပါတယ်။
ဒါအပြင် ဘေးကင်းရေးနဲ့ ကျန်းမာရေးဥပဒေ၊ အဆောက်အဦထိန်းချုပ်ရေးအက်ဥပဒေအရ စုံစမ်းစစ်ဆေးမှုတွေ လည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူႏိုင္ငံ၊ Jurong Island ေဆာက္လုပ္ေရးေနရာမွာ အလုပ္သမားတစ္ဦး ကြန္ကရစ္တုံး ထိခိုက္မိၿပီး ေသဆုံး
ေရာင္နီ (NP News) - ဒီဇင္ဘာ ၈

စင္ကာပူႏိုင္ငံ၊ Jurong Island ေဆာက္လုပ္ေရးေနရာမွာ အသက္ ၅၈ ႏွစ္အ႐ြယ္ ေဆာက္လုပ္ေရးလုပ္သားတစ္ဦး ၾကာသပေတးေန႔ (ဒီဇင္ဘာ ၅ ရက္) က ကြန္ကရစ္တုံးႀကီးတစ္ခုနဲ႔ထိခိုက္မိၿပီး ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။
ၾကာသပေတးေန႔ ညေန ၅ နာရီ ၄၀ ခန႔္က 3 Seraya Avenue ဘက္က အကူအညီေတာင္းခ်က္ရရွိခဲ့တာ ျဖစ္တယ္ လို႔ စကၤာပူအရပ္ဘက္ကာကြယ္ေရးတပ္ဖြဲ႕ (SCDF) က ေျပာၾကားခဲ့ပါတယ္။ ေဆာက္လုပ္ေရးဆိုက္ဒ္မွာ "ၿဖိဳဖ်က္ တဲ့လုပ္ငန္းေဆာင္႐ြက္ေနစဥ္အတြင္း ကြန္ကရစ္တုံးႀကီးတစ္ခုနဲ႔ထိခိုက္မိသြားျခင္းျဖစ္တယ္လို႔ SCDF က ေျပာၾကားပါတယ္။
အဆိုပါ အလုပ္သမားဟာ အခင္းျဖစ္ေနရာမွာပဲ ကြယ္လြန္သြားခဲ့တယ္လို႔ SCDF ေဆးမႉးက ေျပာပါတယ္။ အဆိုပါ မေတာ္တဆမႈနဲ႔ပတ္သက္ၿပီး လူအင္အားဝန္ႀကီးဌာန (MOM)နဲ႔ ေဆာက္လုပ္ေရးအာဏာပိုင္အဖြဲ႕ (BCA) တို႔က ဆိုက္ဒ္မွာ အလုပ္ရပ္စဲဖို႔ အမိန႔္ထုတ္ထားၿပီး၊ ေဆာက္လုပ္ခြင့္ပါမစ္ကိုလည္း ႐ုတ္သိမ္းခဲ့ပါတယ္။
ဒါအျပင္ ေဘးကင္းေရးနဲ႔ က်န္းမာေရးဥပေဒ၊ အေဆာက္အဦထိန္းခ်ဳပ္ေရးအက္ဥပေဒအရ စုံစမ္းစစ္ေဆးမႈေတြ လည္း ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.