လည်ပင်းအနှိပ်ခံရပြီး သေဆုံးမှုကြောင့် လည်ပင်းအနှိပ်မခံကြဖို့ ထိုင်းအစိုးရ သတိပေးချက်ထုတ်ပြန်

3010

ရောင်နီ (NP News) - ဒီဇင်ဘာ ၁ဝ
ထိုင်းနိုင်ငံ၊ အူဒုန်သာနီခရိုင်ရှိ ဆိုင်တစ်ဆိုင်ရဲ့အနှိပ်ခန်းတစ်ခုမှာ အနှိပ်ခံရင်း အမျိုးသမီးအဆိုတော်တစ်ဦး ဒီဇင်ဘာ ၈ ရက်က ပျံ့နှံ့သွားခဲ့ပါတယ်။
နိုင်ငံပိုင် Nation TV ရဲ့ဖော်ပြချက်အရ ပင်းချာဒါအမည်ရတဲ့ အဆိုတော်တစ်ဦးဟာ နိုဝင်ဘာလက လည်ပင်းလိမ်တဲ့အနှိပ် အပါအဝင် အနှိပ်ခံပြီးကတည်းက နှစ်ရက်အကြာမှာ လည်ပင်းနောက်ကြော နာကျင်လာပြီး ညာလက်မောင်းအားပျော့ကာ ခန္ဓာကိုယ် ၅၀ ရာခိုင်နှုန်း လေဖြတ်သွားခဲ့ပါတယ်။
အဲဒီနောက် ဒီဇင်ဘာ ၇ ရက်မှ ကွယ်လွန်သွားခဲ့ပါတယ်။ လည်ပင်းကို အပြင်းအထန် နှိပ်နယ်ခြင်းဟာ ဦးနှောက် (သို့မဟုတ်) ကျောရိုးရှိ သွေးကြောတွေကို ပျက်စီးစေနိုင်တာကြောင့် လည်ပင်းအားနည်းစေခဲ့တယ်လို့ ယူဆထားပါတယ်။
ဒါကြောင့် လည်ပင်း (သို့မဟုတ်) ကျောရိုး အနှိပ်ခံခြင်းကို ရှောင်ကြဉ်ကြဖို့ ခေါင်းကိုက်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း (သို့မဟုတ်) ခြေလက် အားနည်းနေသူတွေအနေနဲ့ ဆရာဝန်ကို ချက်ချင်းပြသသင့်ကြောင်း လို့ နိုင်ငံပိုင်သတင်းဌာန Nation TV က သတိပေးထားပါတယ်။
လည်ပင်းလိမ်ခြင်း အနှိပ်ပညာကိုလည်း ထိုင်းရိုးရာအနှိပ်ခန်းတွေမှာ ရပ်တန့်ဖို့လည်း တိုက်တွန်းထားပါတယ်။ ထိုင်းအာရုံကြော ပညာရှင်သီရာဗက်ဟယ်မာချူဒါ က လည်ပင်းလိမ်ခြင်း (သို့မဟုတ်) သားအိမ်ခေါင်း ကျောရိုးကို နှိပ်နယ်ပေးခြင်းဟာ လေဖြတ်ခြင်းကိုဖြစ်စေနိုင်တယ်တယ်လို့ ဖေ့ဘုတ်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်အာရုံကြောပညာရှင် ၁၈၀ ခန့်ကလည်း သားအိမ်ခေါင်းကင်ဆာ ကျောရိုး ပြုပြင်ပြောင်းလဲမှု ခံယူပြီးနောက် အသက် ၂၁ နှစ်မှ ၆၀ နှစ်ကြား လူနာ ၅၅ ဦး သွက်ချာပါဒဖြစ်ကြတယ်လို့ ဆိုပါတယ်။

Zawgyi Version;
လည္ပင္းအႏွိပ္ခံရၿပီး ေသဆုံးမႈေၾကာင့္ လည္ပင္းအႏွိပ္မခံၾကဖို႔ ထိုင္းအစိုးရ သတိေပးခ်က္ထုတ္ျပန္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁ဝ
ထိုင္းႏိုင္ငံ၊ အူဒုန္သာနီခ႐ိုင္ရွိ ဆိုင္တစ္ဆိုင္ရဲ႕အႏွိပ္ခန္းတစ္ခုမွာ အႏွိပ္ခံရင္း အမ်ိဳးသမီးအဆိုေတာ္တစ္ဦး ဒီဇင္ဘာ ၈ ရက္က ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။
ႏိုင္ငံပိုင္ Nation TV ရဲ႕ေဖာ္ျပခ်က္အရ ပင္းခ်ာဒါအမည္ရတဲ့ အဆိုေတာ္တစ္ဦးဟာ ႏိုဝင္ဘာလက လည္ပင္းလိမ္တဲ့အႏွိပ္ အပါအဝင္ အႏွိပ္ခံၿပီးကတည္းက ႏွစ္ရက္အၾကာမွာ လည္ပင္းေနာက္ေၾကာ နာက်င္လာၿပီး ညာလက္ေမာင္းအားေပ်ာ့ကာ ခႏၶာကိုယ္ ၅၀ ရာခိုင္ႏႈန္း ေလျဖတ္သြားခဲ့ပါတယ္။
အဲဒီေနာက္ ဒီဇင္ဘာ ၇ ရက္မွ ကြယ္လြန္သြားခဲ့ပါတယ္။ လည္ပင္းကို အျပင္းအထန္ ႏွိပ္နယ္ျခင္းဟာ ဦးေႏွာက္ (သို႔မဟုတ္) ေက်ာ႐ိုးရွိ ေသြးေၾကာေတြကို ပ်က္စီးေစႏိုင္တာေၾကာင့္ လည္ပင္းအားနည္းေစခဲ့တယ္လို႔ ယူဆထားပါတယ္။
ဒါေၾကာင့္ လည္ပင္း (သို႔မဟုတ္) ေက်ာ႐ိုး အႏွိပ္ခံျခင္းကို ေရွာင္ၾကဥ္ၾကဖို႔ ေခါင္းကိုက္ျခင္း၊ ေအာ့အန္ျခင္း၊ မူးေဝျခင္း (သို႔မဟုတ္) ေျခလက္ အားနည္းေနသူေတြအေနနဲ႔ ဆရာဝန္ကို ခ်က္ခ်င္းျပသသင့္ေၾကာင္း လို႔ ႏိုင္ငံပိုင္သတင္းဌာန Nation TV က သတိေပးထားပါတယ္။
လည္ပင္းလိမ္ျခင္း အႏွိပ္ပညာကိုလည္း ထိုင္း႐ိုးရာအႏွိပ္ခန္းေတြမွာ ရပ္တန႔္ဖို႔လည္း တိုက္တြန္းထားပါတယ္။ ထိုင္းအာ႐ုံေၾကာ ပညာရွင္သီရာဗက္ဟယ္မာခ်ဴဒါ က လည္ပင္းလိမ္ျခင္း (သို႔မဟုတ္) သားအိမ္ေခါင္း ေက်ာ႐ိုးကို ႏွိပ္နယ္ေပးျခင္းဟာ ေလျဖတ္ျခင္းကိုျဖစ္ေစႏိုင္တယ္တယ္လို႔ ေဖ့ဘုတ္မွာ ေျပာၾကားခဲ့ပါတယ္။
အေမရိကန္အာ႐ုံေၾကာပညာရွင္ ၁၈၀ ခန႔္ကလည္း သားအိမ္ေခါင္းကင္ဆာ ေက်ာ႐ိုး ျပဳျပင္ေျပာင္းလဲမႈ ခံယူၿပီးေနာက္ အသက္ ၂၁ ႏွစ္မွ ၆၀ ႏွစ္ၾကား လူနာ ၅၅ ဦး သြက္ခ်ာပါဒျဖစ္ၾကတယ္လို႔ ဆိုပါတယ္။