တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ် နိုင်ငံတွင်းကနေ ထွက်ခွာခွင့်ပိတ်ခံရ

2949

Pika (NP News) - ဒီဇင်ဘာ ၁ဝ
တောင်ကိုရီးယားတရားရေးရာဝန်ကြီးဌာနက သမ္မတယွန်ဆက်ယိုလ်ကို နိုင်ငံတွင်းကနေ ထွက်ခွာခွင့်ပိတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
ယွန်ဆက်ယိုလ်ဟာ စစ်အုပ်ချုပ်ရေးဥပဒေကို ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြဋ္ဌာန်းခဲ့ပြီးနောက် ယခုလိုနိုင်ငံတွင်းကနေ ထွက်ခွာခွင့်ပိတ်ခံလိုက်ရတာလည်းဖြစ်ပါတယ်။ လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ် ကန့်ကွက်မှုတွေလုပ်ဆောင်ပြီးတဲ့နောက် ယွန်ဆက်ယိုလ်ဟာ စစ်အုပ်ချုပ်ရေးဥပဒေကို နာရီပိုင်းအတွင်းမှာ ပြန်လည် ရုပ်သိမ်းခဲ့ရတယ်လို့လည်း သိရပါတယ်။ ယွန်ဆက်ယိုလ်ကို နိုင်ငံတွင်းကနေ ထွက်ခွာခွင့်ပိတ်လိုက်တဲ့ ဖြစ်စဉ်ဟာ တောင်ကိုရီးယားနိုင်ငံသမိုင်းမှာ အုပ်ချုပ်နေတဲ့သမ္မတကို အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်တာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။
အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးရုံးက အဆင့်မြင့်အရာရှိတွေ တောင်းဆိုခဲ့တဲ့ ယွန်ဆက်ယိုလ်အား ခရီးသွားလာခွင့်ပိတ်ပင်မှုကို တရားရေးရာဝန်ကြီးဌာနက လွှတ်တော်ကြားနားမှုတစ်ခုအတွင်း ထုတ်ပြန် ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် စစ်အုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်းမှုနဲ့ပတ်သက်ပြီး ယွန်ဆက်ယိုလ်အပါအဝင် ဆက်နွှယ်နေတဲ့လူတွေအားလုံးကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးရုံးအကြီးအကဲရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး Washington Post ကရေးသားဖော်ပြခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးဥပဒေကို ပြဌာန်းဖို့ကြိုးပမ်းရာမှာ ၎င်းရဲ့ပါဝင်ပတ်သက်နေတဲ့ အခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီး ယွန်ဆက်ယိုလ်ကို တောင်ကိုရီးယားအစိုးရရှေ့နေတွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် နိုင်ငံတွင်းမှာ ဆူပူအုံကြွမှုတွေဖြစ်စေခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ ပြန်လည်ဖျက်သိမ်းခဲ့ရတဲ့ စစ်အုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်းမှုအပြီး ပြည်ထဲရေးဝန်ကြီး လီဆန်းမင်းဟာ ဒီဇင်ဘာလ(၈)ရက်မှာ ရာထူးကနေ နုတ်ထွက်သွားခဲ့တယ်လို့လည်း သိရပါတယ်။
zawgyi version
ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္ ႏိုင္ငံတြင္းကေန ထြက္ခြာခြင့္ပိတ္ခံရ
Pika (NP News) - ဒီဇင္ဘာ ၁ဝ
ေတာင္ကိုရီးယားတရားေရးရာဝန္ႀကီးဌာနက သမၼတယြန္ဆက္ယိုလ္ကို ႏိုင္ငံတြင္းကေန ထြက္ခြာခြင့္ပိတ္လိုက္ၿပီျဖစ္တယ္လို႔ သိရပါတယ္။
ယြန္ဆက္ယိုလ္ဟာ စစ္အုပ္ခ်ဳပ္ေရးဥပေဒကို ၿပီးခဲ့တဲ့သီတင္းပတ္မွာ ျပ႒ာန္းခဲ့ၿပီးေနာက္ ယခုလိုႏိုင္ငံတြင္းကေန ထြက္ခြာခြင့္ပိတ္ခံလိုက္ရတာလည္းျဖစ္ပါတယ္။ လႊတ္ေတာ္အတြင္း မဲခြဲဆုံးျဖတ္ ကန႔္ကြက္မႈေတြလုပ္ေဆာင္ၿပီးတဲ့ေနာက္ ယြန္ဆက္ယိုလ္ဟာ စစ္အုပ္ခ်ဳပ္ေရးဥပေဒကို နာရီပိုင္းအတြင္းမွာ ျပန္လည္ ႐ုပ္သိမ္းခဲ့ရတယ္လို႔လည္း သိရပါတယ္။ ယြန္ဆက္ယိုလ္ကို ႏိုင္ငံတြင္းကေန ထြက္ခြာခြင့္ပိတ္လိုက္တဲ့ ျဖစ္စဥ္ဟာ ေတာင္ကိုရီးယားႏိုင္ငံသမိုင္းမွာ အုပ္ခ်ဳပ္ေနတဲ့သမၼတကို အေရးယူေဆာင္႐ြက္မႈေတြ လုပ္ေဆာင္တာ ပထမဆုံးအႀကိမ္ျဖစ္တယ္လို႔လည္း သိရပါတယ္။
အက်င့္ပ်က္ျခစားမႈ စုံစမ္းစစ္ေဆးေရး႐ုံးက အဆင့္ျမင့္အရာရွိေတြ ေတာင္းဆိုခဲ့တဲ့ ယြန္ဆက္ယိုလ္အား ခရီးသြားလာခြင့္ပိတ္ပင္မႈကို တရားေရးရာဝန္ႀကီးဌာနက လႊတ္ေတာ္ၾကားနားမႈတစ္ခုအတြင္း ထုတ္ျပန္ ေၾကညာခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ စစ္အုပ္ခ်ဳပ္ေရးဥပေဒျပ႒ာန္းမႈနဲ႔ပတ္သက္ၿပီး ယြန္ဆက္ယိုလ္အပါအဝင္ ဆက္ႏႊယ္ေနတဲ့လူေတြအားလုံးကို စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ အက်င့္ပ်က္ျခစားမႈ စုံစမ္းစစ္ေဆးေရး႐ုံးအႀကီးအကဲရဲ႕ ေျပာဆိုခ်က္ေတြကို ကိုးကားၿပီး Washington Post ကေရးသားေဖာ္ျပခဲ့ပါတယ္။ စစ္အုပ္ခ်ဳပ္ေရးဥပေဒကို ျပဌာန္းဖို႔ႀကိဳးပမ္းရာမွာ ၎ရဲ႕ပါဝင္ပတ္သက္ေနတဲ့ အခန္းက႑ေတြနဲ႔ပတ္သက္ၿပီး ယြန္ဆက္ယိုလ္ကို ေတာင္ကိုရီးယားအစိုးရေရွ႕ေနေတြက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ စုံစမ္းစစ္ေဆးမႈေတြ စတင္လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ ႏိုင္ငံတြင္းမွာ ဆူပူအုံႂကြမႈေတြျဖစ္ေစခဲ့ၿပီး နာရီပိုင္းအတြင္းမွာပဲ ျပန္လည္ဖ်က္သိမ္းခဲ့ရတဲ့ စစ္အုပ္ခ်ဳပ္ေရးဥပေဒျပ႒ာန္းမႈအၿပီး ျပည္ထဲေရးဝန္ႀကီး လီဆန္းမင္းဟာ ဒီဇင္ဘာလ(၈)ရက္မွာ ရာထူးကေန ႏုတ္ထြက္သြားခဲ့တယ္လို႔လည္း သိရပါတယ္။