(၁၂၈)ရွာတွင်စတင်နေသည့် Smart Village စီမံကိန်းကို ရွာပေါင်း(၄ဝ)တွင် ထပ်မံတိုးချဲ့ရန်စီစဉ်နေ

2400

ချယ်ရီ (NP News) - ဒီဇင်ဘာ ၁၁
Smart Village စီမံကိန်းကို (၂၀၂၂)ခုနှစ်မှ စတင်၍ဆောင်ရွက်ခဲ့ရာ (၂)နှစ်ခွဲကျော် ကာလအတွင်း ကျေးရွာ (၁၂၈)ရွာ၌ ဆောင်ရွက်နေပြီး လာမည့်နှစ်တွင် ကျေးရွာ (၄၀)တွင် ထပ်မံတိုးချဲ့ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းက NP News ကို ပြောသည်။
ခေတ်မီစံပြကျေးရွာ (SMART Village) စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ခြင်းလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းဖွံ့ ဖြိုးရေးနှင့် ကျေးရွာစီးပွားရေးလုပ်ငန်း၊) အသင်း အဖွဲ့များခိုင်မာအားကောင်းစေရန် နည်းပညာဖြန့်ဖြူး ခြင်းလုပ်ငန်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစသည့် ကဏ္ဍကြီး (၆)ရပ်နှင့်အညီ လုပ် ဆောင်ပေးကြောင်း သိရသည်။
ထိုသို့ ခေတ်မီစံပြကျေးရွာ (SMART Village) စီမံကိန်းကို ဖော်ဆောင်ရာတွင် ကျေးရွာများကို စံသတ်မှတ်ချက်များထားကာ ရွေးချယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေါက်တာဇာနည် မင်းက ရှင်းပြသည်။ " ဥပမာအားဖြင့် အိမ်ခြေ(၁၀ဝ)အထက်ရှိတဲ့ ကျေးရွာဖြစ်ရမယ်။ လမ်းပန်းဆက်သွယ် ရေး သင့်တင့်မျှတရမယ်။ နောက်တစ်ခါ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့အတွက် အခြေခံ ကောင်းတွေ ရှိရမယ်။ နောက်တစ်ခါ အရမ်းကြီး ဆင်းရဲတဲ့ကျေးရွာလည်း မဟုတ်ဘူး။ အရမ်းကြီး ချမ်း သာတဲ့ ကျေးရွာလည်း မဟုတ်ဘူး။ အဲဒီလိုစံနှုန်းတွေနဲ့ ကျွန်တော်တို့က ရွေးချယ်ပြီးတော့ စောစောက ကဏ္ဍကြီး(၆)ရပ်နဲ့ ကျွန်တော်တို့ ဆောင်ရွက်တာ ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။
ထို့စီမံကိန်းကို (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်မှစတင်ကာ အကောင်ထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များကို ကျဉ်းမြောင်းစေရေးနှင့် လူနေမှုအ ဆင့်တန်း မြင့်မားရေးကို ဦးတည် ဆောင်ရွက်ခြင်းမျိုး ဖြစ်ကြောင်းသိရသည်။ " အခု(၂)နှစ်ခွဲကျော်ကာလအတွင်းကို (၁၂၈)ရွာ ဆောင်ရွက်ပြီးပြီ။ လာမယ့် နှစ်မှာလည်း ကျေးရွာ(၄၀)ကို ထပ်တိုးချဲပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဗျ။ လတ်တလော နယ်မြေလုံခြုံရေး ကောင်းမွန်ခြင်းမရှိသေးတဲ့ ကယားနဲ့ ချင်းထဲမှာတော့ ဆောင်ရွက်ခြင်းမပြုဘဲနဲ့ ကျန်တဲ့ ပြည်နယ်၊ တိုင်းတွေမှာ အကုန်လုံး ဆောင် ရွက်တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ကျေးရွာပေါင်း (၁၂၈)ရွာမှာ ဆောင်ရွက်လျက်ရှိပါတယ်။ စီမံကိန်းကာလကတော့ (၅)နှစ်ဖြစ်ပါတယ်။ အခုဆိုရင်တော့ ကျွန်တော်တို့ ဒါပထမနှစ်မှာ ဆောင်ရွက်တဲ့ကျေးရွာတွေက စီမံကိန်းကာလ (၃)နှစ်ထဲကို ရောက်လာပြီလို့ ပြောလို့ရပါတယ်။ စီမံကိန်းကျေးရွာ (၁၂၈) ရွာမှာ အခုချိန်အထိဆိုရင် လျာထားလုပ်ငန်းပေါင်း (၁၆၆၄)ခု ရှိတဲ့အနက်မှာ (၁၀၃၁)ခုကို ကျွန်တော်တို့ ဆောင်ရွက်ပြီး ဖြစ်တဲ့အတွက် (၆၂%)ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ကျန်တဲ့ (၂)နှစ်မှာတော့ ကျန်တဲ့ လုပ်ငန်းတွေကို ဆက်ပြီးတော့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ခင်ဗျ"ဟု (ညွှန်ကြားရေးမှူး) ဒေါက်တာ ဇာနည်မင်းက ဆိုသည်။
စီမံကိန်းကာလက (၅)နှစ်သတ်မှတ်ထားပြီး ယခု(၂)နှစ်ခွဲအတွင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)ကလောမြို့နယ်၊ မကွေးတိုင်းဒေသကြီး သံဘိုမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းတို့အပါအဝင် အခြားတိုင်းနှင့်ပြည်နယ်ရှိ မြို့နယ်များ၏ ကျေးရွာများတွင် Smart Village လုပ်ငန်းစဉ်များကို လုပ်ဆောင်လျက် ရှိနေကြောင်း သိရသည်။ "လာမယ့်(၂၀၂၅)မှာ ပြီးတဲ့ဟာက ပြီးမယ်။ စီမံကိန်းကာလက (၅)နှစ်ဖြစ်တယ်။ အခုက (၃)နှစ်ထဲ ဝင်လာပြီဆိုတော့ တချို့ရွာက (၄)နှစ်နဲ့ ပြီးသွားမယ်။ ဥပမာ ကလောမြို့နယ်က ဘော်နင်း ဆိုရင် ဒီနှစ်ဆိုရင် သူက အကုန်ပြီးသွားပြီ။ အကုန် ပြည့်စုံသွားပြီပေါ့နော်။ တချို့ရွာတွေကလည်း မပြည့် စုံသေးဘူး။ နောက် ရန်ပုံငွေကလည်း ကန့်သတ် ချက်ရှိတာဖြစ်တဲ့အတွက် တစ်နှစ်တည်းနဲ့ အပြီးလုပ် ဖို့ မဖြစ်နိုင်ဘူး" ဟု ဒေါက်တာဇာနည်မင်းက ဆိုသည်။
zawgyi version
(၁၂၈)႐ြာတြင္စတင္ေနသည့္ Smart Village စီမံကိန္းကို ႐ြာေပါင္း(၄ဝ)တြင္ ထပ္မံတိုးခ်ဲ႕ရန္စီစဥ္ေန
ခ်ယ္ရီ (NP News) - ဒီဇင္ဘာ ၁၁
Smart Village စီမံကိန္းကို (၂၀၂၂)ခုႏွစ္မွ စတင္၍ေဆာင္႐ြက္ခဲ့ရာ (၂)ႏွစ္ခြဲေက်ာ္ ကာလအတြင္း ေက်း႐ြာ (၁၂၈)႐ြာ၌ ေဆာင္႐ြက္ေနၿပီး လာမည့္ႏွစ္တြင္ ေက်း႐ြာ (၄၀)တြင္ ထပ္မံတိုးခ်ဲ႕ ေဆာင္႐ြက္ရန္ စီစဥ္ထားေၾကာင္း သမဝါယမႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန၊ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ေဒါက္တာဇာနည္မင္းက NP News ကို ေျပာသည္။
ေခတ္မီစံျပေက်း႐ြာ (SMART Village) စီမံကိန္းကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ ေက်း႐ြာအေျခခံအေဆာက္အအုံမ်ား ဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ား၊ သြင္းအားစုႏွင့္ ေငြေၾကးဝန္ေဆာင္မႈမ်ား ေထာက္ပံ့ျခင္းလုပ္ငန္း၊ အသက္ေမြးဝမ္းေက်ာင္းဖြံ႕ ၿဖိဳးေရးႏွင့္ ေက်း႐ြာစီးပြားေရးလုပ္ငန္း၊) အသင္း အဖြဲ႕မ်ားခိုင္မာအားေကာင္းေစရန္ နည္းပညာျဖန႔္ျဖဴး ျခင္းလုပ္ငန္း၊ လူမႈကာကြယ္ေစာင့္ေရွာက္ေရး လုပ္ငန္းႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး လုပ္ငန္းစသည့္ က႑ႀကီး (၆)ရပ္ႏွင့္အညီ လုပ္ ေဆာင္ေပးေၾကာင္း သိရသည္။
ထိုသို႔ ေခတ္မီစံျပေက်း႐ြာ (SMART Village) စီမံကိန္းကို ေဖာ္ေဆာင္ရာတြင္ ေက်း႐ြာမ်ားကို စံသတ္မွတ္ခ်က္မ်ားထားကာ ေ႐ြးခ်ယ္ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ေဒါက္တာဇာနည္ မင္းက ရွင္းျပသည္။ " ဥပမာအားျဖင့္ အိမ္ေျခ(၁၀ဝ)အထက္ရွိတဲ့ ေက်း႐ြာျဖစ္ရမယ္။ လမ္းပန္းဆက္သြယ္ ေရး သင့္တင့္မွ်တရမယ္။ ေနာက္တစ္ခါ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးလုပ္ငန္းေတြ ဖြံ႕ၿဖိဳးဖို႔အတြက္ အေျခခံ ေကာင္းေတြ ရွိရမယ္။ ေနာက္တစ္ခါ အရမ္းႀကီး ဆင္းရဲတဲ့ေက်း႐ြာလည္း မဟုတ္ဘူး။ အရမ္းႀကီး ခ်မ္း သာတဲ့ ေက်း႐ြာလည္း မဟုတ္ဘူး။ အဲဒီလိုစံႏႈန္းေတြနဲ႔ ကြၽန္ေတာ္တို႔က ေ႐ြးခ်ယ္ၿပီးေတာ့ ေစာေစာက က႑ႀကီး(၆)ရပ္နဲ႔ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္တာ ျဖစ္ပါတယ္" ဟု ၎က ဆိုသည္။
ထို႔စီမံကိန္းကို (၂၀၂၂-၂၀၂၃) ဘ႑ာေရးႏွစ္မွစတင္ကာ အေကာင္ထည္ေဖာ္ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး ၿမိဳ႕ျပႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးမႈ ကြာဟခ်က္မ်ားကို က်ဥ္းေျမာင္းေစေရးႏွင့္ လူေနမႈအ ဆင့္တန္း ျမင့္မားေရးကို ဦးတည္ ေဆာင္႐ြက္ျခင္းမ်ိဳး ျဖစ္ေၾကာင္းသိရသည္။ " အခု(၂)ႏွစ္ခြဲေက်ာ္ကာလအတြင္းကို (၁၂၈)႐ြာ ေဆာင္႐ြက္ၿပီးၿပီ။ လာမယ့္ ႏွစ္မွာလည္း ေက်း႐ြာ(၄၀)ကို ထပ္တိုးခ်ဲၿပီးေတာ့ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္ဗ်။ လတ္တေလာ နယ္ေျမလုံၿခဳံေရး ေကာင္းမြန္ျခင္းမရွိေသးတဲ့ ကယားနဲ႔ ခ်င္းထဲမွာေတာ့ ေဆာင္႐ြက္ျခင္းမျပဳဘဲနဲ႔ က်န္တဲ့ ျပည္နယ္၊ တိုင္းေတြမွာ အကုန္လုံး ေဆာင္ ႐ြက္တာ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ေက်း႐ြာေပါင္း (၁၂၈)႐ြာမွာ ေဆာင္႐ြက္လ်က္ရွိပါတယ္။ စီမံကိန္းကာလကေတာ့ (၅)ႏွစ္ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ ဒါပထမႏွစ္မွာ ေဆာင္႐ြက္တဲ့ေက်း႐ြာေတြက စီမံကိန္းကာလ (၃)ႏွစ္ထဲကို ေရာက္လာၿပီလို႔ ေျပာလို႔ရပါတယ္။ စီမံကိန္းေက်း႐ြာ (၁၂၈) ႐ြာမွာ အခုခ်ိန္အထိဆိုရင္ လ်ာထားလုပ္ငန္းေပါင္း (၁၆၆၄)ခု ရွိတဲ့အနက္မွာ (၁၀၃၁)ခုကို ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ၿပီး ျဖစ္တဲ့အတြက္ (၆၂%)ေဆာင္႐ြက္ၿပီး ျဖစ္ပါတယ္။ က်န္တဲ့ (၂)ႏွစ္မွာေတာ့ က်န္တဲ့ လုပ္ငန္းေတြကို ဆက္ၿပီးေတာ့ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္ခင္ဗ်"ဟု (ၫႊန္ၾကားေရးမႉး) ေဒါက္တာ ဇာနည္မင္းက ဆိုသည္။
စီမံကိန္းကာလက (၅)ႏွစ္သတ္မွတ္ထားၿပီး ယခု(၂)ႏွစ္ခြဲအတြင္းတြင္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း)ကေလာၿမိဳ႕နယ္၊ မေကြးတိုင္းေဒသႀကီး သံဘိုၿမိဳ႕နယ္၊ ရန္ကုန္တိုင္းေဒသႀကီးႏွင့္ ဧရာဝတီ တိုင္းတို႔အပါအဝင္ အျခားတိုင္းႏွင့္ျပည္နယ္ရွိ ၿမိဳ႕နယ္မ်ား၏ ေက်း႐ြာမ်ားတြင္ Smart Village လုပ္ငန္းစဥ္မ်ားကို လုပ္ေဆာင္လ်က္ ရွိေနေၾကာင္း သိရသည္။ "လာမယ့္(၂၀၂၅)မွာ ၿပီးတဲ့ဟာက ၿပီးမယ္။ စီမံကိန္းကာလက (၅)ႏွစ္ျဖစ္တယ္။ အခုက (၃)ႏွစ္ထဲ ဝင္လာၿပီဆိုေတာ့ တခ်ိဳ႕႐ြာက (၄)ႏွစ္နဲ႔ ၿပီးသြားမယ္။ ဥပမာ ကေလာၿမိဳ႕နယ္က ေဘာ္နင္း ဆိုရင္ ဒီႏွစ္ဆိုရင္ သူက အကုန္ၿပီးသြားၿပီ။ အကုန္ ျပည့္စုံသြားၿပီေပါ့ေနာ္။ တခ်ိဳ႕႐ြာေတြကလည္း မျပည့္ စုံေသးဘူး။ ေနာက္ ရန္ပုံေငြကလည္း ကန႔္သတ္ ခ်က္ရွိတာျဖစ္တဲ့အတြက္ တစ္ႏွစ္တည္းနဲ႔ အၿပီးလုပ္ ဖို႔ မျဖစ္ႏိုင္ဘူး" ဟု ေဒါက္တာဇာနည္မင္းက ဆိုသည္။