စက်သုံးဆီ တစ်လီတာလျှင် (၁၂၀ဝဝဝ)ကျပ်အထိ စံချိန်တင်ပေးခဲ့ရသော ဒေသတစ်ခု ပေါ်ပေါက်

9999

အေဝိုင်အီး (NP News) - ဒီဇင်ဘာ ၁၃
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပါအဝင် နယ်မြေတည်ငြိမ်သောဒေသများ၌ ဓာတ်ဆီ-ဒီဇယ်တစ်လီတာ ကျပ် (၃၀ဝဝ)မှ(၄၀ဝဝ)ကြားတွင်သာ ရှိသော်လည်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေး ရွာအနီးတစ်ဝိုက်တွင် ဓာတ်ဆီ-ဒီဇယ် ရေသန့်ဗူးတစ်ဘူးစာ တစ်လီတာလျှင် ကျပ်(၁၂၀ဝဝဝ)အထိ ပေါက် ဈေးရှိခဲ့ဖူးကြောင်း သတင်းရရှိသည်။
နိုင်ငံတစ်ဝန်း၌ စက်သုံးဆီဈေးနှုန်းများ နေရာဒေသအလိုက် တူညီမှုမရှိသော်လည်း ရန်ကုန် ကို ဗဟိုပြု၍တွက်ချက်မည်ဆိုပါက ရှိသင့်ရှိထိုက်သောဈေးနှုန်းထက် မြောက်ခင်ရန်းကျေးရွာနှင့်အနီးတစ်ဝိုက်က စံချိန်တင်မြင့်မားနေခြင်းလည်းဖြစ် သည်။ " ပြီးခဲ့တဲ့နှစ်လလောက်က (၁၂၀ဝဝဝ) ကျပ် အထိပေးပြီးဝယ်ခဲ့ရတယ်။ ဒါတောင်ဝယ်လို့ အလုံ အလောက်မရတာတွေရှိခဲ့တယ်။ ရေသန့်ဘူး တစ်ဗူးစာ တစ်လီတာကို ပေးရတဲ့ဈေးနှုန်းနော် " ဟု မြောက်ခင်ရန်းကျေးရွာမှ NP News ၏ သတင်းရင်းမြစ်က ဒီဇင်ဘာ(၆)ရက်တွင် ပြောသည်။
အဆိုပါ ဈေးနှုန်းသည် မယုံနိုင်လောက်ဈေးနှုန်းမျိုးဖြစ်နေပြီး ရန်ကုန်ဈေးနှုန်း တစ်လီတာကျပ် (၃၀ဝဝ)ဝန်းကျင်ထက် အဆပေါင်း(၄၀)အထိ ပိုမိုများပြားနေခြင်းမျိုးဖြစ်သည်။ ရေသန့်တစ်ဘူးစာ စက်သုံးဆီတစ်လီတာကို ခက်ခက်ခဲခဲဝယ်ယူခဲ့ရခြင်းအပြင် အဆိုပါစက်သုံးဆီ ကိုလည်း အရေးတကြီးလိုအပ်မှသာ သုံးစွဲကြရခြင်း မျိုးအထိ ရှားပါးသွားခဲ့သည်ဟုဆိုသည်။ ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ မြောက်ခင်ရန်းကျေးရွာအနီးတစ်ဝိုက် မုံရွာ-ဂန့်ဂေါ-ကလေး လမ်းမကြီးတစ်လျှောက် PDF များ ကြီးစိုးထားခြင်းကြောင့်ဖြစ်ပြီး မကြာခဏဆိုသကဲ့သို့ Drop ဗုံးများဖြင့် လာရောက်တိုက်ခိုက်လေ့ရှိနေကြောင်း ကြားသိရသည်။
" အခုကတော့ တစ်လီတာကို (၅၅၀ဝဝ)ကျပ်နဲ့ရပြီ။ တပ်မတော် ရဟတ်ယာဉ်ဆင်းရင်ပါလာတော့ ဈေးသက်သာသွား တာ။ အရင်က (စက်သုံးဆီ)ဆီ တစ်ဘူးရဖို့တောင် တော်တော်ခက်ပါတယ်ဗျာ"ဟု သတင်းရင်းမြစ်က ပြောသည်။ တပ်မတော်၏ ဆေးကုသရေးအဖွဲ့များနှင့် နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်တို့က ရဟတ်ယာဉ်များဖြင့် တစ်လတစ်ကြိမ်နီးပါးဆင်းသက်၍ လိုအပ် သောဆေးဝါးနှင့် စားနပ်ရိက္ခာအချို့ကို သယ်ဆောင် လာပေးခြင်းကြောင့် နှစ်လကျော်အတွင်း ယင်းကဲ့သို့ ဈေးနှုန်းကျဆင်းလာရခြင်းဖြစ် သည်ဟု သိရသည်။
စက်သုံးဆီဈေးနှုန်းနှင့်ပတ်သက်၍ နိုင်ငံတစ်ဝန်းရှိ အချို့သောနေရာများတွင် ရန်ကုန်-မန္တလေး-နေပြည်တော် ဗဟိုပြုဈေးကွက်ထက် အဆမတန် များပြားနေမှုကြောင့် ညည်းတွားသံများလည်း ထွက် ပေါ်နေသည်။ အထူးသဖြင့် ဖားကန့်ကဲ့သို့သော ဒေသသည် စက်သုံးဆီ တစ်ဂါလန် (ရေသန့်ဘူး လေးဘူး ခွဲစာ)လျှင် ကျပ်(၈၀ဝဝဝ)ကျော်အထိ ပေါက်ဈေး ရှိခဲ့ပြီး ကျပ်တစ်သိန်းအထိ ဖြစ်လာနိုင်သည်ဟု မှန်းဆနေကြသည်။ " ဖားကန့်မှာ ဆီတစ်လီတာကို (၂၀ဝဝဝ) ကျပ်လောက်ပေးရတယ်။ မြစ်ကြီးနား ဘက်မှာလည်း (၁၃၀ဝဝ)ကျော်နေပြီ" ဟု ဖားကန့်ဘက်မှ သတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။
ရှမ်းမြောက်ဒေသနှင့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် စက်သုံးဆီဈေး နှုန်းများက တစ်လီတာလျှင် ကျပ်(၁၀ဝဝဝ)မှ (၂၀ဝဝဝ)အထိ ပေါက်ဈေးရှိနေသော်လည်း အဆိုပါ ဈေးနှုန်းများမှာ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာ နှင့်ယှဉ်လျှင် (၅)ဆကျော် ကွာဟနေဆဲဖြစ်သည်။ "ဖား ကန့်က အခုမှဈေးလေး နည်းနည်းတက်တာပါဗျာ။ ကျွန်တော်တို့က (၁၂၀ဝဝဝ)တောင်ပေးရတာပါ။ ဒါတောင်ဝယ်ချင်တိုင်း ဝယ်လို့ရခဲ့တာမဟုတ်ဘူးပြီး တော့ ဘူးကပြည့်တာလည်းမဟုတ်ဘူး"ဟု မြောက် ခင်ရန်းမှသတင်းရင်းမြစ်က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတွင် ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရန်း၊ ရွှေမေတ္တာနှင့် လယ်ကြီး(အရှေ့)၊ လယ်ကြီး (အနောက်)အစရှိသည့် ကျေးရွာများရှိထားပြီး မြောက်ခင်ရန်းရွာသည် မကွေးနှင့်စစ်ကိုင်းတိုင်းဒေသကြီးအစပ် ယောဒေသမြောက်ပိုင်း မုံရွာ- ဂန့်ဂေါ- ကလေးလမ်းပေါ်၌တည်ရှိကာ လူဦးရေ (၅၀ဝဝ)နီးပါးနေထိုင်သော ကျေးရွာကြီးတစ်ခုလည်း ဖြစ်သည်။

zawgyi version
စက္သုံးဆီ တစ္လီတာလွ်င္ (၁၂၀ဝဝဝ)က်ပ္အထိ စံခ်ိန္တင္ေပးခဲ့ရေသာ ေဒသတစ္ခု ေပၚေပါက္
ေအဝိုင္အီး (NP News) - ဒီဇင္ဘာ ၁၃
ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္ အပါအဝင္ နယ္ေျမတည္ၿငိမ္ေသာေဒသမ်ား၌ ဓာတ္ဆီ-ဒီဇယ္တစ္လီတာ က်ပ္ (၃၀ဝဝ)မွ(၄၀ဝဝ)ၾကားတြင္သာ ရွိေသာ္လည္း ဂန႔္ေဂါၿမိဳ႕နယ္ ေျမာက္ခင္ရန္းေက်း ႐ြာအနီးတစ္ဝိုက္တြင္ ဓာတ္ဆီ-ဒီဇယ္ ေရသန႔္ဗူးတစ္ဘူးစာ တစ္လီတာလွ်င္ က်ပ္(၁၂၀ဝဝဝ)အထိ ေပါက္ ေဈးရွိခဲ့ဖူးေၾကာင္း သတင္းရရွိသည္။
ႏိုင္ငံတစ္ဝန္း၌ စက္သုံးဆီေဈးႏႈန္းမ်ား ေနရာေဒသအလိုက္ တူညီမႈမရွိေသာ္လည္း ရန္ကုန္ ကို ဗဟိုျပဳ၍တြက္ခ်က္မည္ဆိုပါက ရွိသင့္ရွိထိုက္ေသာေဈးႏႈန္းထက္ ေျမာက္ခင္ရန္းေက်း႐ြာႏွင့္အနီးတစ္ဝိုက္က စံခ်ိန္တင္ျမင့္မားေနျခင္းလည္းျဖစ္ သည္။ " ၿပီးခဲ့တဲ့ႏွစ္လေလာက္က (၁၂၀ဝဝဝ) က်ပ္ အထိေပးၿပီးဝယ္ခဲ့ရတယ္။ ဒါေတာင္ဝယ္လို႔ အလုံ အေလာက္မရတာေတြရွိခဲ့တယ္။ ေရသန႔္ဘူး တစ္ဗူးစာ တစ္လီတာကို ေပးရတဲ့ေဈးႏႈန္းေနာ္ " ဟု ေျမာက္ခင္ရန္းေက်း႐ြာမွ NP News ၏ သတင္းရင္းျမစ္က ဒီဇင္ဘာ(၆)ရက္တြင္ ေျပာသည္။
အဆိုပါ ေဈးႏႈန္းသည္ မယုံႏိုင္ေလာက္ေဈးႏႈန္းမ်ိဳးျဖစ္ေနၿပီး ရန္ကုန္ေဈးႏႈန္း တစ္လီတာက်ပ္ (၃၀ဝဝ)ဝန္းက်င္ထက္ အဆေပါင္း(၄၀)အထိ ပိုမိုမ်ားျပားေနျခင္းမ်ိဳးျဖစ္သည္။ ေရသန႔္တစ္ဘူးစာ စက္သုံးဆီတစ္လီတာကို ခက္ခက္ခဲခဲဝယ္ယူခဲ့ရျခင္းအျပင္ အဆိုပါစက္သုံးဆီ ကိုလည္း အေရးတႀကီးလိုအပ္မွသာ သုံးစြဲၾကရျခင္း မ်ိဳးအထိ ရွားပါးသြားခဲ့သည္ဟုဆိုသည္။ ယင္းကဲ့သို႔ ျဖစ္ရျခင္းမွာ ေျမာက္ခင္ရန္းေက်း႐ြာအနီးတစ္ဝိုက္ မုံ႐ြာ-ဂန႔္ေဂါ-ကေလး လမ္းမႀကီးတစ္ေလွ်ာက္ PDF မ်ား ႀကီးစိုးထားျခင္းေၾကာင့္ျဖစ္ၿပီး မၾကာခဏဆိုသကဲ့သို႔ Drop ဗုံးမ်ားျဖင့္ လာေရာက္တိုက္ခိုက္ေလ့ရွိေနေၾကာင္း ၾကားသိရသည္။
" အခုကေတာ့ တစ္လီတာကို (၅၅၀ဝဝ)က်ပ္နဲ႔ရၿပီ။ တပ္မေတာ္ ရဟတ္ယာဥ္ဆင္းရင္ပါလာေတာ့ ေဈးသက္သာသြား တာ။ အရင္က (စက္သုံးဆီ)ဆီ တစ္ဘူးရဖို႔ေတာင္ ေတာ္ေတာ္ခက္ပါတယ္ဗ်ာ"ဟု သတင္းရင္းျမစ္က ေျပာသည္။ တပ္မေတာ္၏ ေဆးကုသေရးအဖြဲ႕မ်ားႏွင့္ နယ္ေျမလုံၿခဳံေရးတပ္ဖြဲ႕ဝင္တို႔က ရဟတ္ယာဥ္မ်ားျဖင့္ တစ္လတစ္ႀကိမ္နီးပါးဆင္းသက္၍ လိုအပ္ ေသာေဆးဝါးႏွင့္ စားနပ္ရိကၡာအခ်ိဳ႕ကို သယ္ေဆာင္ လာေပးျခင္းေၾကာင့္ ႏွစ္လေက်ာ္အတြင္း ယင္းကဲ့သို႔ ေဈးႏႈန္းက်ဆင္းလာရျခင္းျဖစ္ သည္ဟု သိရသည္။
စက္သုံးဆီေဈးႏႈန္းႏွင့္ပတ္သက္၍ ႏိုင္ငံတစ္ဝန္းရွိ အခ်ိဳ႕ေသာေနရာမ်ားတြင္ ရန္ကုန္-မႏၲေလး-ေနျပည္ေတာ္ ဗဟိုျပဳေဈးကြက္ထက္ အဆမတန္ မ်ားျပားေနမႈေၾကာင့္ ညည္းတြားသံမ်ားလည္း ထြက္ ေပၚေနသည္။ အထူးသျဖင့္ ဖားကန႔္ကဲ့သို႔ေသာ ေဒသသည္ စက္သုံးဆီ တစ္ဂါလန္ (ေရသန႔္ဘူး ေလးဘူး ခြဲစာ)လွ်င္ က်ပ္(၈၀ဝဝဝ)ေက်ာ္အထိ ေပါက္ေဈး ရွိခဲ့ၿပီး က်ပ္တစ္သိန္းအထိ ျဖစ္လာႏိုင္သည္ဟု မွန္းဆေနၾကသည္။ " ဖားကန႔္မွာ ဆီတစ္လီတာကို (၂၀ဝဝဝ) က်ပ္ေလာက္ေပးရတယ္။ ျမစ္ႀကီးနား ဘက္မွာလည္း (၁၃၀ဝဝ)ေက်ာ္ေနၿပီ" ဟု ဖားကန႔္ဘက္မွ သတင္းရင္းျမစ္တစ္ဦးကလည္း ေျပာသည္။
ရွမ္းေျမာက္ေဒသႏွင့္ ကခ်င္ျပည္နယ္၊ ရခိုင္ျပည္နယ္၊ ခ်င္းျပည္နယ္တို႔တြင္ စက္သုံးဆီေဈး ႏႈန္းမ်ားက တစ္လီတာလွ်င္ က်ပ္(၁၀ဝဝဝ)မွ (၂၀ဝဝဝ)အထိ ေပါက္ေဈးရွိေနေသာ္လည္း အဆိုပါ ေဈးႏႈန္းမ်ားမွာ ဂန႔္ေဂါၿမိဳ႕နယ္ ေျမာက္ခင္ရန္းေက်း႐ြာ ႏွင့္ယွဥ္လွ်င္ (၅)ဆေက်ာ္ ကြာဟေနဆဲျဖစ္သည္။ "ဖား ကန႔္က အခုမွေဈးေလး နည္းနည္းတက္တာပါဗ်ာ။ ကြၽန္ေတာ္တို႔က (၁၂၀ဝဝဝ)ေတာင္ေပးရတာပါ။ ဒါေတာင္ဝယ္ခ်င္တိုင္း ဝယ္လို႔ရခဲ့တာမဟုတ္ဘူးၿပီး ေတာ့ ဘူးကျပည့္တာလည္းမဟုတ္ဘူး"ဟု ေျမာက္ ခင္ရန္းမွသတင္းရင္းျမစ္က ေျပာသည္။
စစ္ကိုင္းတိုင္းေဒသႀကီး ဂန႔္ေဂါၿမိဳ႕နယ္ေျမာက္ပိုင္းတြင္ ဟံသာဝတီ၊ ကုကၠား၊ ေျမာက္ခင္ရန္း၊ ေ႐ႊေမတၱာႏွင့္ လယ္ႀကီး(အေရွ႕)၊ လယ္ႀကီး (အေနာက္)အစရွိသည့္ ေက်း႐ြာမ်ားရွိထားၿပီး ေျမာက္ခင္ရန္း႐ြာသည္ မေကြးႏွင့္စစ္ကိုင္းတိုင္းေဒသႀကီးအစပ္ ေယာေဒသေျမာက္ပိုင္း မုံ႐ြာ- ဂန႔္ေဂါ- ကေလးလမ္းေပၚ၌တည္ရွိကာ လူဦးေရ (၅၀ဝဝ)နီးပါးေနထိုင္ေသာ ေက်း႐ြာႀကီးတစ္ခုလည္း ျဖစ္သည္။