၂၀၂၄ ခုနှစ်အတွင်း OWIC ကတ် ထုတ်ပေးထားသည့် အလုပ်သမား တစ်သိန်းရှစ်သောင်းကျော် ရှိ

 607

NP News - ဒီဇင်ဘာ ၁၃

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ အလုပ်သမားစုစုပေါင်း (၁၈၁,၈၉၉)ဦးကို OWIC ကတ်လုပ်ခွင့်ပြုခဲ့ပြီး ပြည်ပနိုင်ငံများကို စေလွှတ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနကသိရသည်။

"ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်အစီအစဉ်နဲ့ပဲဖြစ်ဖြစ် သွားတဲ့အခါ OWIC ကတ်တွေကို ၂၀၂၃ ခုနှစ်မှာ အလုပ်သမားပေါင်း (၂၁၀၆၂၈)ဦး ထုတ်ပေးနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်နိုဝင်ဘာအထိ (၁၈၁,၈၉၉)ဦးကို OWIC ကတ်တွေ ပြုလုပ်ပေးပြီး စေလွှတ်နိုင်ခဲ့ပါတယ်။ OWIC ကတ်ပြုလုပ်တာမှာ ပြည်ပအလုပ်အကိုင်လိုင်စင်ရအကျိုးတော်ဆောင် အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့်အလုပ်သမားများအတွက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမားဌာနစု၊ မြောက်ဒဂုံ နှင့် မိမိအစီအစဉ်ဖြင့်သွားရောက်မည့် အလုပ်သမားများ၊ ခွင့်ပြန်အလုပ်သမားများအတွက်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ၊ ရွှေ့ပြောင်းအလုပ်သမားညွှန်ကြားရေးရုံးမရမ်းကုန်းမြို့နယ်မှာ ဆောင်ရွက်ပေးနေပါတယ်" ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်ပကို သွားရောက်အလုပ်လုပ်မည့်သူများသည် ပြည်ပအလုပ်အကိုင်သက်သေခံလက်မှတ် (OWIC) ကို လျှောက်ထားရယူပြီးမှသာပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ရခြင်းဖြစ်ရာ ကတ်ကို ပြည်ပအ လုပ်အကိုင်လိုင်စင်ရအေဂျင်စီများဖြင့် ချိတ်ဆက်ရယူခြင်းနှင့်မိမိအစီအစဉ်ဖြင့်သွားရောက်ရန်အတွက်ရယူခြင်းတို့ကိုဆောင်ရွက်ရကြောင်းသိရသည်။ အဆင့်မြင့်ပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ ပြည်ပ၌အလုပ်လုပ်ကိုင်ပြီးခွင့်ဖြင့် ပြန်လာသူများကိုမူ သင်တန်းတက်ရောက်ခွင့်ကင်းလွတ်ပြီးမှသာ OWIC ကတ်ကိုထုတ်ပေးပြီး၊ မိမိအစီအစဉ်ဖြင့်သွားရောက်မည့်သူများကိုမှု OWIC ကတ်ရရန် ဝန်ကြီး ဌာနလမ်းညွှန်သည့် သင်တန်းတက်ရောက်ရမည်ဖြစ်မည်ဖြစ်ကြောင်းသိရသည်။

zawgyi version
၂၀၂၄ ခုႏွစ္အတြင္း OWIC ကတ္ ထုတ္ေပးထားသည့္ အလုပ္သမား တစ္သိန္းရွစ္ေသာင္းေက်ာ္ ရွိ
NP News - ဒီဇင္ဘာ ၁၃

အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ ၂၀၂၄ ခုႏွစ္၊ ႏိုဝင္ဘာလအထိ အလုပ္သမားစုစုေပါင္း (၁၈၁,၈၉၉)ဦးကို OWIC ကတ္လုပ္ခြင့္ျပဳခဲ့ၿပီး ျပည္ပႏိုင္ငံမ်ားကို ေစလႊတ္ခြင့္ျပဳခဲ့ၿပီးျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနကသိရသည္။

"ျပည္ပအလုပ္အကိုင္အက်ိဳးေဆာင္လိုင္စင္ရေအဂ်င္စီေတြနဲ႔ပဲျဖစ္ျဖစ္၊ ကိုယ့္အစီအစဥ္နဲ႔ပဲျဖစ္ျဖစ္ သြားတဲ့အခါ OWIC ကတ္ေတြကို ၂၀၂၃ ခုႏွစ္မွာ အလုပ္သမားေပါင္း (၂၁၀၆၂၈)ဦး ထုတ္ေပးႏိုင္ခဲ့ၿပီး ၂၀၂၄ ခုႏွစ္ႏိုဝင္ဘာအထိ (၁၈၁,၈၉၉)ဦးကို OWIC ကတ္ေတြ ျပဳလုပ္ေပးၿပီး ေစလႊတ္ႏိုင္ခဲ့ပါတယ္။ OWIC ကတ္ျပဳလုပ္တာမွာ ျပည္ပအလုပ္အကိုင္လိုင္စင္ရအက်ိဳးေတာ္ေဆာင္ ေအဂ်င္စီအစီအစဥ္ျဖင့္ ေစလႊတ္သည့္အလုပ္သမားမ်ားအတြက္ အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာန၊ ေ႐ႊ႕ေျပာင္းအလုပ္သမားဌာနစု၊ ေျမာက္ဒဂုံ ႏွင့္ မိမိအစီအစဥ္ျဖင့္သြားေရာက္မည့္ အလုပ္သမားမ်ား၊ ခြင့္ျပန္အလုပ္သမားမ်ားအတြက္အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာန ၊ ေ႐ႊ႕ေျပာင္းအလုပ္သမားၫႊန္ၾကားေရး႐ုံးမရမ္းကုန္းၿမိဳ႕နယ္မွာ ေဆာင္႐ြက္ေပးေနပါတယ္" ဟု အလုပ္သမားၫႊန္ၾကားေရးဦးစီးဌာနတာဝန္ရွိသူတစ္ဦးက ေျပာသည္။

ျပည္ပကို သြားေရာက္အလုပ္လုပ္မည့္သူမ်ားသည္ ျပည္ပအလုပ္အကိုင္သက္ေသခံလက္မွတ္ (OWIC) ကို ေလွ်ာက္ထားရယူၿပီးမွသာျပည္ပကို သြားေရာက္အလုပ္လုပ္ကိုင္ရျခင္းျဖစ္ရာ ကတ္ကို ျပည္ပအ လုပ္အကိုင္လိုင္စင္ရေအဂ်င္စီမ်ားျဖင့္ ခ်ိတ္ဆက္ရယူျခင္းႏွင့္မိမိအစီအစဥ္ျဖင့္သြားေရာက္ရန္အတြက္ရယူျခင္းတို႔ကိုေဆာင္႐ြက္ရေၾကာင္းသိရသည္။ အဆင့္ျမင့္ပညာရွင္မ်ား၊ ကြၽမ္းက်င္ပညာရွင္မ်ား၊ ျပည္ပ၌အလုပ္လုပ္ကိုင္ၿပီးခြင့္ျဖင့္ ျပန္လာသူမ်ားကိုမူ သင္တန္းတက္ေရာက္ခြင့္ကင္းလြတ္ၿပီးမွသာ OWIC ကတ္ကိုထုတ္ေပးၿပီး၊ မိမိအစီအစဥ္ျဖင့္သြားေရာက္မည့္သူမ်ားကိုမႈ OWIC ကတ္ရရန္ ဝန္ႀကီး ဌာနလမ္းၫႊန္သည့္ သင္တန္းတက္ေရာက္ရမည္ျဖစ္မည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.