တရုတ်နိုင်ငံရဲ့လူချမ်းသာ social influencer တစ်ဦး အခွန်ရှောင်မှုအတွက် ယွမ် (၁၃)သန်းကျော် ဒဏ်ရိုက်ခံရ

 912

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၁

ဇိမ်ခံလူနေမှုဘဝကို ဆိုရှယ်မီဒီယာမှာ အလွန်အကျွံပြသခဲ့တဲ့ တရုတ် လူချမ်းသာ social influencer တစ်ဦးကို အခွန်ရှောင်မှုအတွက် ယွမ် ၁၃.၃ သန်း (အမေရိကန်ဒေါ်လာ ၁.၈ သန်း) ဒဏ်ရိုက်ပြီး ဆိုရှယ်အကောင့်တွေ ပိတ်ခဲ့တယ်လို့ ရှန်ဟိုင်းအခွန် အာဏာပိုင်တွေက ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

"ဘိုဂုန်ဇီ" "မစ္စတာဘို"လို့ လူသိများတဲ့ အမျိုးသားဝမ်ဇီဘိုဟာ ကိုယ်ပိုင်ဝင်ငွေခွန်နဲ့တန်ဖိုးထပ်ခွန်အပါအဝင် စုစုပေါင်းယွမ်ငွေ (၇.၄၉)သန်းကို ပေးဆောင်ဖို့ ကျန်ရှိတာဖြစ်တယ်လို့ ရှန်ဟိုင်းမြူနီစီပယ်အခွန်ဝန်ဆောင်မှုမှ ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာနေထိုင်သူ ဝမ်ကျီဘိုဟာ Hermes ဇိမ်ခံပစ္စည်းတွေကို ဆိုရှယ်မီဒီယာမှာ သုံးပြုနိုင်ခြင်းကြောင့် လူသိများပါတယ်။ ဒါကြောင့် သူရဲ့တရုတ်နိုင်ငံ၊ TikTok ဗားရှင်း၊ Douyin အကောင့်ဟာ အသံပိတ်ထားခံရခြင်း၊ follower အသစ်တွေမရအောင် ကန့်သတ်ခံရခြင်းတို့ရှိခဲ့ပါတယ်။ ဒါ့ပြင် Sina Weibo မိုက်ခရိုဘလော့ဂ်ဆိုဒ်နဲ့ Xiaohongshu အက်ပ်လို အခြားတရုတ်လူမှုမီဒီယာ ပလက်ဖောင်းတွေမှာလည်း သူရဲ့အကောင့်တွေကို ဖျက်ပစ်ခဲ့တယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြချက်အရ သိရပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ အခွန်ရှောင်မှုအပေါ် ကျယ်ကျယ်ပြန့်ပြန့်နှိမ်နင်းမှု တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာအခွန်ရှောင်မှုအပေါ် တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေပါတယ်။ အခွန်ပေးဆောင်ဖို့ လိမ်လည်ခြင်း၊ ဖုံးကွယ်ခြင်း သို့မဟုတ် ပျက်ကွက်သူတွေဟာ ဒဏ်ငွေချမှတ်ခံရနိုင်ပြီး ရာဇဝတ်မှုဆိုင်ရာ တာဝန်ဝတ္တရားအတွက် ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ သိရပါတယ်။

zawgyi version
တ႐ုတ္ႏိုင္ငံရဲ႕လူခ်မ္းသာ social influencer တစ္ဦး အခြန္ေရွာင္မႈအတြက္ ယြမ္ (၁၃)သန္းေက်ာ္ ဒဏ္႐ိုက္ခံရ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၁

ဇိမ္ခံလူေနမႈဘဝကို ဆိုရွယ္မီဒီယာမွာ အလြန္အကြၽံျပသခဲ့တဲ့ တ႐ုတ္ လူခ်မ္းသာ social influencer တစ္ဦးကို အခြန္ေရွာင္မႈအတြက္ ယြမ္ ၁၃.၃ သန္း (အေမရိကန္ေဒၚလာ ၁.၈ သန္း) ဒဏ္႐ိုက္ၿပီး ဆိုရွယ္အေကာင့္ေတြ ပိတ္ခဲ့တယ္လို႔ ရွန္ဟိုင္းအခြန္ အာဏာပိုင္ေတြက ဒီဇင္ဘာ ၁၈ ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။

"ဘိုဂုန္ဇီ" "မစၥတာဘို"လို႔ လူသိမ်ားတဲ့ အမ်ိဳးသားဝမ္ဇီဘိုဟာ ကိုယ္ပိုင္ဝင္ေငြခြန္နဲ႔တန္ဖိုးထပ္ခြန္အပါအဝင္ စုစုေပါင္းယြမ္ေငြ (၇.၄၉)သန္းကို ေပးေဆာင္ဖို႔ က်န္ရွိတာျဖစ္တယ္လို႔ ရွန္ဟိုင္းျမဴနီစီပယ္အခြန္ဝန္ေဆာင္မႈမွ ေျပာၾကားခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံ၊ ရွန္ဟိုင္းမွာေနထိုင္သူ ဝမ္က်ီဘိုဟာ Hermes ဇိမ္ခံပစၥည္းေတြကို ဆိုရွယ္မီဒီယာမွာ သုံးျပဳႏိုင္ျခင္းေၾကာင့္ လူသိမ်ားပါတယ္။ ဒါေၾကာင့္ သူရဲ႕တ႐ုတ္ႏိုင္ငံ၊ TikTok ဗားရွင္း၊ Douyin အေကာင့္ဟာ အသံပိတ္ထားခံရျခင္း၊ follower အသစ္ေတြမရေအာင္ ကန႔္သတ္ခံရျခင္းတို႔ရွိခဲ့ပါတယ္။ ဒါ့ျပင္ Sina Weibo မိုက္ခ႐ိုဘေလာ့ဂ္ဆိုဒ္နဲ႔ Xiaohongshu အက္ပ္လို အျခားတ႐ုတ္လူမႈမီဒီယာ ပလက္ေဖာင္းေတြမွာလည္း သူရဲ႕အေကာင့္ေတြကို ဖ်က္ပစ္ခဲ့တယ္လို႔ တ႐ုတ္မီဒီယာေတြက ေဖာ္ျပခ်က္အရ သိရပါတယ္။ ဒါဟာ တ႐ုတ္ႏိုင္ငံရဲ႕ အခြန္ေရွာင္မႈအေပၚ က်ယ္က်ယ္ျပန႔္ျပန႔္ႏွိမ္နင္းမႈ တစ္စိတ္တစ္ပိုင္း ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံဟာအခြန္ေရွာင္မႈအေပၚ တင္းတင္းက်ပ္က်ပ္ ကိုင္တြယ္ေနပါတယ္။ အခြန္ေပးေဆာင္ဖို႔ လိမ္လည္ျခင္း၊ ဖုံးကြယ္ျခင္း သို႔မဟုတ္ ပ်က္ကြက္သူေတြဟာ ဒဏ္ေငြခ်မွတ္ခံရႏိုင္ၿပီး ရာဇဝတ္မႈဆိုင္ရာ တာဝန္ဝတၱရားအတြက္ ဥပေဒအရ အေရးယူခံရႏိုင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.