မြန်မာ့ရိုးရာမုန့်များကို (၆)လခံနည်းစနစ်သုံး၍ ပြည်ပနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့

2511

ယွန်း (NP News) - ဒီဇင်ဘာ ၂၃
ရက်ပိုင်းသာအထားခံသော မြန်မာတို့အ ကြိုက်ရိုးရာမုန့်များကို (၆)လနီးပါး တာရှည်ခံစေရန် ဖန်တီးပြုလုပ်ကာ နိုင်ငံပေါင်း(၇)နိုင်ငံသို့ တင်ပို့ဖြန့် ဖြူးရောင်းချနေကြောင်း "တင့်တင့်"မြန်မာရိုးရာမုန့် လုပ်ငန်းမှ တာဝန်ရှိသူ မရွှေရည်ဖြိုးက NP News ကိုပြောသည်။
အဆိုပါ မြန်မာမုန့်များကို ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်မှစ၍ စမ်းသပ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး (၂၀၂၁) ခုနှစ်တွင် FDA ထောက်ခံချက်လက်မှတ် ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ "ကိုဗစ်မှာတော့ ဆိုင်တွေပိတ်လိုက်ရတယ်။ ဆိုင်တွေပိတ်လိုက်ရတော့ Operation တွေ အရမ်းလုပ်စရာတွေမလိုဘဲ Production ကိုအားထည့်နိုင်လိုက်တယ်။ ကိုဗစ်ပြီးတဲ့အချိန်မှာ Product အကြမ်းထွက်တယ်။ ပြီးတော့ (၂၀၂၀) မှာ စပြီးတော့ ပစ္စည်းထွက်တယ်။ (၂၀၂၁) မှာ ကြော်ငြာလိုက်ပေမယ့် ကိုဗစ်ရော၊ နိုင်ငံရေး အခြေအနေနဲ့ဆို တော့ ထုတ်ကုန်ကိုသေချာမကြော်ငြာလိုက်ရဘူး။ City Mark တွေကနေပြီးတော့ စဖြန့်ခဲ့တာပါ။ FDA က (၂၀၂၁) မှာ ရပြီးသားပါ"ဟု မရွှေရည်ဖြိုး က NP News ကိုပြောသည်။
အဆိုပါမြန်မာမုန့်များကို (၆)လနီးပါး တာရှည်ခံသည့် Frozen နည်းပညာဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပြီး မြန်မာမုန့်အမျိုးအစားပေါင်း (၅)မျိုးပါဝင်ကြောင်းသိရသည်။ "မြန်မာမုန့်တွေဆိုတာက တစ်ရက်ပဲခံတာလေ။ အလွန်ဆုံးခံရင်တောင် (၇)ရက်လောက်ပဲခံတာ။ အဲဒီတော့ (၆)လလောက်ခံတဲ့ မြန်မာမုန့်တွေ ထုတ်လို့မရနိုင်ဘူးလားဆိုတဲ့ စိတ်ကူးလေးကနေ စပြီးအကောင်အထည်ဖော်ဖြစ်ခဲ့တာပါ။ စပြီးထုတ်တာ။ မုန့်အမျိုးအစား(၅)မျိုးပါတယ်။ မုန့်လက်ကောက်၊ နှမ်းကပ်ကြော်၊ မုန့်လုံးကြီး၊ မုန့်ဗိုင်း တောင့်၊ မုန့်ဖက်ထုပ်။ အဲဒီ(၅)မျိုးကိုတော့ (၆)လခံတဲ့ Frozen နည်းပညာနဲ့ထုတ်ထားတာပါ"ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် အဆိုပါမြန်မာမုန့်များကို အမေရိကအပါအဝင် စင်ကာပူ၊ မလေးရှား၊ ဒူဘိုင်း(ယူအေ အီး) နှင့်နိုင်ငံပေါင်း(၇)နိုင်ငံတွင်လည်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။ "ဘန်ကောက်၊ စင်ကာပူ၊ မလေးရှား၊ ဒူဘိုင်း၊ ဂျပန်၊ ကိုရီးယားကို အဓိက ပို့ရတယ်။ အမေရိကားကလည်း မှာတာတွေရှိတယ်။ အဲဒီနိုင်ငံတွေမှာရှိတဲ့ မြန်မာဆိုင် တွေကနေမှာကြတယ်။ ပွဲတော်တွေဘာတွေရှိရင် ပိုပြီးတော့ရောင်းရတယ်။ မုန့်လုံးရေပေါ်လည်းပါတော့ မုန့်လုံးရေပေါ်ဆိုရင် အရမ်းရောင်းရတယ်"ဟု ၎င်းက ပြော သည်။ ထို့ပြင် အေးခဲမြန်မာမုန့်အပြင် "တင့်တင့်"မြန်မာ့ရိုးရာမုန့်အမည်ဖြင့် ရွှေကြည်၊ ဆနွင်း မကင်းနှင့် မုန့်စိမ်းပေါင်း အပါအဝင် မြန်မာမုန့် အမျိုးအစားပေါင်း (၄၀)နီးပါးကိုလည်း ရောင်းချလျက်ရှိကြောင်းသိရသည်။

zawgyi version
ျမန္မာ့႐ိုးရာမုန႔္မ်ားကို (၆)လခံနည္းစနစ္သုံး၍ ျပည္ပႏိုင္ငံသို႔ တင္ပို႔ေရာင္းခ်ႏိုင္ခဲ့
ယြန္း (NP News) - ဒီဇင္ဘာ ၂၃
ရက္ပိုင္းသာအထားခံေသာ ျမန္မာတို႔အ ႀကိဳက္႐ိုးရာမုန႔္မ်ားကို (၆)လနီးပါး တာရွည္ခံေစရန္ ဖန္တီးျပဳလုပ္ကာ ႏိုင္ငံေပါင္း(၇)ႏိုင္ငံသို႔ တင္ပို႔ျဖန႔္ ျဖဴးေရာင္းခ်ေနေၾကာင္း "တင့္တင့္"ျမန္မာ႐ိုးရာမုန႔္ လုပ္ငန္းမွ တာဝန္ရွိသူ မေ႐ႊရည္ၿဖိဳးက NP News ကိုေျပာသည္။
အဆိုပါ ျမန္မာမုန႔္မ်ားကို ၿပီးခဲ့သည့္ (၂၀၁၉) ခုႏွစ္မွစ၍ စမ္းသပ္ထုတ္လုပ္ခဲ့ျခင္းျဖစ္ၿပီး (၂၀၂၁) ခုႏွစ္တြင္ FDA ေထာက္ခံခ်က္လက္မွတ္ ရရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ "ကိုဗစ္မွာေတာ့ ဆိုင္ေတြပိတ္လိုက္ရတယ္။ ဆိုင္ေတြပိတ္လိုက္ရေတာ့ Operation ေတြ အရမ္းလုပ္စရာေတြမလိုဘဲ Production ကိုအားထည့္ႏိုင္လိုက္တယ္။ ကိုဗစ္ၿပီးတဲ့အခ်ိန္မွာ Product အၾကမ္းထြက္တယ္။ ၿပီးေတာ့ (၂၀၂၀) မွာ စၿပီးေတာ့ ပစၥည္းထြက္တယ္။ (၂၀၂၁) မွာ ေၾကာ္ျငာလိုက္ေပမယ့္ ကိုဗစ္ေရာ၊ ႏိုင္ငံေရး အေျခအေနနဲ႔ဆို ေတာ့ ထုတ္ကုန္ကိုေသခ်ာမေၾကာ္ျငာလိုက္ရဘူး။ City Mark ေတြကေနၿပီးေတာ့ စျဖန႔္ခဲ့တာပါ။ FDA က (၂၀၂၁) မွာ ရၿပီးသားပါ"ဟု မေ႐ႊရည္ၿဖိဳး က NP News ကိုေျပာသည္။
အဆိုပါျမန္မာမုန႔္မ်ားကို (၆)လနီးပါး တာရွည္ခံသည့္ Frozen နည္းပညာျဖင့္ ထုတ္လုပ္ထားျခင္းျဖစ္ၿပီး ျမန္မာမုန႔္အမ်ိဳးအစားေပါင္း (၅)မ်ိဳးပါဝင္ေၾကာင္းသိရသည္။ "ျမန္မာမုန႔္ေတြဆိုတာက တစ္ရက္ပဲခံတာေလ။ အလြန္ဆုံးခံရင္ေတာင္ (၇)ရက္ေလာက္ပဲခံတာ။ အဲဒီေတာ့ (၆)လေလာက္ခံတဲ့ ျမန္မာမုန႔္ေတြ ထုတ္လို႔မရႏိုင္ဘူးလားဆိုတဲ့ စိတ္ကူးေလးကေန စၿပီးအေကာင္အထည္ေဖာ္ျဖစ္ခဲ့တာပါ။ စၿပီးထုတ္တာ။ မုန႔္အမ်ိဳးအစား(၅)မ်ိဳးပါတယ္။ မုန႔္လက္ေကာက္၊ ႏွမ္းကပ္ေၾကာ္၊ မုန႔္လုံးႀကီး၊ မုန႔္ဗိုင္း ေတာင့္၊ မုန႔္ဖက္ထုပ္။ အဲဒီ(၅)မ်ိဳးကိုေတာ့ (၆)လခံတဲ့ Frozen နည္းပညာနဲ႔ထုတ္ထားတာပါ"ဟု ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ အဆိုပါျမန္မာမုန႔္မ်ားကို အေမရိကအပါအဝင္ စင္ကာပူ၊ မေလးရွား၊ ဒူဘိုင္း(ယူေအ အီး) ႏွင့္ႏိုင္ငံေပါင္း(၇)ႏိုင္ငံတြင္လည္း ျဖန႔္ျဖဴးေရာင္းခ်လ်က္ရွိေၾကာင္း သိရသည္။ "ဘန္ေကာက္၊ စင္ကာပူ၊ မေလးရွား၊ ဒူဘိုင္း၊ ဂ်ပန္၊ ကိုရီးယားကို အဓိက ပို႔ရတယ္။ အေမရိကားကလည္း မွာတာေတြရွိတယ္။ အဲဒီႏိုင္ငံေတြမွာရွိတဲ့ ျမန္မာဆိုင္ ေတြကေနမွာၾကတယ္။ ပြဲေတာ္ေတြဘာေတြရွိရင္ ပိုၿပီးေတာ့ေရာင္းရတယ္။ မုန႔္လုံးေရေပၚလည္းပါေတာ့ မုန႔္လုံးေရေပၚဆိုရင္ အရမ္းေရာင္းရတယ္"ဟု ၎က ေျပာ သည္။ ထို႔ျပင္ ေအးခဲျမန္မာမုန႔္အျပင္ "တင့္တင့္"ျမန္မာ့႐ိုးရာမုန႔္အမည္ျဖင့္ ေ႐ႊၾကည္၊ ဆႏြင္း မကင္းႏွင့္ မုန႔္စိမ္းေပါင္း အပါအဝင္ ျမန္မာမုန႔္ အမ်ိဳးအစားေပါင္း (၄၀)နီးပါးကိုလည္း ေရာင္းခ်လ်က္ရွိေၾကာင္းသိရသည္။