ရန်ကုန်မြို့တွင် ဆီဘောက်ဆာကားတစ်စီးဘရိတ်ပေါက်၍ လက်ဖက်ရည်ဆိုင်အားဝင်တိုက်မိရာ (၂)ဦးထိခိုက်ဒဏ်ရာရ

1156

သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ဆီဘောက်ဆာကားတစ်စီးဘရိတ်ပေါက်၍ လက်ဖက်ရည်ဆိုင်အားဝင်တိုက်မိရာ (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာမွတ်စ်လင်မ်ပရဟိတအသင်း(MMRO) ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာ ၂၃ ရက်) ညနေ ၅နာရီ ၁၅မိနစ်အချိန်ခန့်က တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက် သမိန်းဗရမ်းလမ်း နှင့် ပွဲစားလမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တာမွေမြို့ကြက်ဘဲဈေးဂုံးကျော်တံတားမှဆင်းလာသော ဆီဘောက်ဆာကားတစ်စီးက ဘရိတ်ပေါက်၍အရှိန်လွန်ကာ အထက်ပါနေရာရှိ လက်ဖက်ရည်ဆိုင်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်မတို့ရောက်တော့ ကားကတိုက်ပြီးပြီ လက်ရှိအချိန်ထိတော့ လူနာတွေရဲ့အခြေအနေကို မသိရတော့ပါဘူး။ ဖြစ်တာကတော့ လူ(၂)ယောက်ထိခိုက်ဒဏ်ရာရတာပါ”ဟု မြန်မာမွတ်စ်လင်မ်ပရဟိတအသင်း(MMRO)မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် အသက်(၄၅)နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦးတွင် စိုးရိမ်ရထိခိုက်ဒဏ်ရာနှင့် အသက်(၂၀)နှစ်အမျိုးသား တစ်ဦးတို့တွင် မစိုးရိမ်ရထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို မြန်မာမွတ်စ်လင်မ်ပရဟိတအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕တြင္ ဆီေဘာက္ဆာကားတစ္စီးဘရိတ္ေပါက္၍ လက္ဖက္ရည္ဆိုင္အားဝင္တိုက္မိရာ (၂)ဦးထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၄
ရန္ကုန္တိုင္းေဒသႀကီး၊ တာေမြၿမိဳ႕နယ္တြင္ ဆီေဘာက္ဆာကားတစ္စီးဘရိတ္ေပါက္၍ လက္ဖက္ရည္ဆိုင္အားဝင္တိုက္မိရာ (၂)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာမြတ္စ္လင္မ္ပရဟိတအသင္း(MMRO) ထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဒီဇင္ဘာ ၂၃ ရက္) ညေန ၅နာရီ ၁၅မိနစ္အခ်ိန္ခန႔္က တာေမြၿမိဳ႕နယ္၊ နတ္ေခ်ာင္းရပ္ကြက္ သမိန္းဗရမ္းလမ္း ႏွင့္ ပြဲစားလမ္းေထာင့္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တာေမြၿမိဳ႕ၾကက္ဘဲေဈးဂုံးေက်ာ္တံတားမွဆင္းလာေသာ ဆီေဘာက္ဆာကားတစ္စီးက ဘရိတ္ေပါက္၍အရွိန္လြန္ကာ အထက္ပါေနရာရွိ လက္ဖက္ရည္ဆိုင္အား ဝင္ေရာက္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “ကြၽန္မတို႔ေရာက္ေတာ့ ကားကတိုက္ၿပီးၿပီ လက္ရွိအခ်ိန္ထိေတာ့ လူနာေတြရဲ႕အေျခအေနကို မသိရေတာ့ပါဘူး။ ျဖစ္တာကေတာ့ လူ(၂)ေယာက္ထိခိုက္ဒဏ္ရာရတာပါ”ဟု ျမန္မာမြတ္စ္လင္မ္ပရဟိတအသင္း(MMRO)မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါယာဥ္တိုက္မႈေၾကာင့္ အသက္(၄၅)ႏွစ္ခန္႔အ႐ြယ္ အမ်ိဳးသမီးတစ္ဦးတြင္ စိုးရိမ္ရထိခိုက္ဒဏ္ရာႏွင့္ အသက္(၂၀)ႏွစ္အမ်ိဳးသား တစ္ဦးတို႔တြင္ မစိုးရိမ္ရထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ျမန္မာမြတ္စ္လင္မ္ပရဟိတအသင္းက ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။