“ဟောင်စု”ပရုတ်ဆီကြော်ငြာကို ရိုက်ကူးခဲ့သော ဖြူဖြူထွေးအား PDF အဖွဲ့ခြိမ်းခြောက်

 21097

NP News - ဒီဇင်ဘာ ၂၅

အွန်လိုင်း Cele ဖြူဖြူထွေးကို "ဟောင်စု"ပရုတ်ဆီကြော်ငြာနှင့်ပတ်သက်၍ BLACK HERO UG PDF က ခြိမ်းခြောက်စာထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အွန်လိုင်း Cele ဖြူဖြူထွေးက ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်တွင် ၎င်း၏လူမှုကွန်ယက်စာမျက်နှာထက်၌ “ဟောင်စု”ပရုတ်ဆီကြော်ငြာကို ရိုက်ကူးထုတ်လွှင့်ပြသခဲ့သည်။ အဆိုပါ ကြော်ငြာနှင့်ပတ်သက်၍ BLACK HERO UG PDF က ၎င်းကြော်ငြာသည် ဒေါ်အောင်ဆန်းစုကြည်အား မဖွယ်မရာ မလေးမစား လှောင်ပြောင်၍ ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးထားသည်ကို တွေ့မြင်ရပါသည်ဟု စွပ်စွဲထုတ်ပြန်ထားသည်။

ထို့ကြောင့် ၎င်းတို့အနေဖြင့် ခွင့်လွှတ်တော့မည်မဟုတ်ကြောင်းကို ခြိမ်းခြောက် ရေးသားထားသည်ကို တွေ့ရသည်။ လက်ရှိတွင် အဆိုပါကြော်ငြာနှင့်ပတ်သက်၍ ဖြူဖြူထွေးအပေါ် ဝိုင်းဝန်းဝေဖန်မှုများရှိနေပြီး လုပ်ကြံသတ်ဖြတ်ရန်လည်း လှုံ့ဆော်မှုများရှိနေသည်ကိုလည်း တွေ့ရသည်။

အဆိုပါကြော်ငြာသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုသော စိတ်ဖြင့်ရိုက်ကူးခဲ့ခြင်းမဟုတ်ကြောင်း Cele သရုပ်ဆောင် ဖြူဖြူထွေးက ပြန်လည်ဖြေရှင်းထားသည်။

zawgyi version
“ေဟာင္စု”ပ႐ုတ္ဆီေၾကာ္ျငာကို ႐ိုက္ကူးခဲ့ေသာ ျဖဴျဖဴေထြးအား PDF အဖြဲ႕ၿခိမ္းေျခာက္
NP News - ဒီဇင္ဘာ ၂၅

အြန္လိုင္း Cele ျဖဴျဖဴေထြးကို "ေဟာင္စု"ပ႐ုတ္ဆီေၾကာ္ျငာႏွင့္ပတ္သက္၍ BLACK HERO UG PDF က ၿခိမ္းေျခာက္စာထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။

အြန္လိုင္း Cele ျဖဴျဖဴေထြးက ၿပီးခဲ့သည့္ ဒီဇင္ဘာ ၂၃ ရက္တြင္ ၎၏လူမႈကြန္ယက္စာမ်က္ႏွာထက္၌ “ေဟာင္စု”ပ႐ုတ္ဆီေၾကာ္ျငာကို ႐ိုက္ကူးထုတ္လႊင့္ျပသခဲ့သည္။ အဆိုပါ ေၾကာ္ျငာႏွင့္ပတ္သက္၍ BLACK HERO UG PDF က ၎ေၾကာ္ျငာသည္ ေဒၚေအာင္ဆန္းစုၾကည္အား မဖြယ္မရာ မေလးမစား ေလွာင္ေျပာင္၍ ရည္႐ြယ္ခ်က္ရွိရွိ ႐ိုက္ကူးထားသည္ကို ေတြ႕ျမင္ရပါသည္ဟု စြပ္စြဲထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ ၎တို႔အေနျဖင့္ ခြင့္လႊတ္ေတာ့မည္မဟုတ္ေၾကာင္းကို ၿခိမ္းေျခာက္ ေရးသားထားသည္ကို ေတြ႕ရသည္။ လက္ရွိတြင္ အဆိုပါေၾကာ္ျငာႏွင့္ပတ္သက္၍ ျဖဴျဖဴေထြးအေပၚ ဝိုင္းဝန္းေဝဖန္မႈမ်ားရွိေနၿပီး လုပ္ႀကံသတ္ျဖတ္ရန္လည္း လႈံ႕ေဆာ္မႈမ်ားရွိေနသည္ကိုလည္း ေတြ႕ရသည္။

အဆိုပါေၾကာ္ျငာသည္ မည္သူတစ္ဦးတစ္ေယာက္ကိုမွ် ထိခိုက္နစ္နာေစလိုေသာ စိတ္ျဖင့္႐ိုက္ကူးခဲ့ျခင္းမဟုတ္ေၾကာင္း Cele သ႐ုပ္ေဆာင္ ျဖဴျဖဴေထြးက ျပန္လည္ေျဖရွင္းထားသည္။

Related news

© 2021. All rights reserved.