မြိတ်နှင့်ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းများတွင် အွန်လိုင်းမှတဆင့် အခွန်ဆောင်နိုင်ပြီ

 1083

ပြည့်ဖြိုး (NP News) - ဇန်နဝါရီ ၃

မြဝတီနှင့် တာချီလိတ်ရှိ နယ်စပ်ကုန်သွယ်စခန်းများတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁)ရက်မှစတင်ပြီး အွန်လိုင်းစနစ်ဖြင့် အခွန်ပေးဆောင်နိုင်ရန် ဆောင်ရွက်ထားရှိပြီးဖြစ်ပြီး မြိတ်နှင့် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းများတွင်လည်း အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အကောက်ခွန်ဦးစီးဌာနသည် ကုန်ပစ္စည်းရှင်းလင်းထုတ်ယူသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အခွန်ပေးဆောင်ရန်အတွက် လတ်တလော ဆောင်ရွက်နေသည့် Deposit Payment ၊ Direct Payment တို့အပြင် လက်ရှိအချိန်၌ Mobile Banking ၊ Internet Banking တို့မှတစ်ဆင့် Online Payment အသုံးပြုကာ အခွန်ငွေ ပေးဆောင်နိုင်ရေးအတွက်စတင်ခဲ့ကြောင်းသိရသည်။ ထို့‌ကြောင့် MACSS Online Payment System ကို ဒီဇင်ဘာ ၂၃ ရက်မှာ စတင်ကာAYA ၊ KBZ ၊ CB Bank များနှင့်ပူးပေါင်းပြီး အခွန်ဆောင်ခြင်းကို သီလဝါအထူးစီးပွားရေးဇုန် အပါအဝင် ရန်ကုန်ဧရိယာ၌ စတင်အသုံးပြုခဲ့ကြောင်းသိရသည်။

MACSS Online Payment System တွင် အသုံးပြုသူ၏ Mobile Banking ၊ Internet Banking တို့မှတစ်ဆင့် Payment Statement Information ရရှိပြီးသော Import / Export Declaration No များသို့ ကျသင့်အခွန်ငွေကို တိုက်ရိုက်ပေးဆောင်ခြင်းနှင့် MASS စနစ်အတွင်းရှိ Deposit Account အတွင်း ငွေထပ်မံဖြည့်သွင်းပြီး လုပ်ငန်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မြဝတီနှင့် တာချီလိတ်ရှိ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းစဉ်များတွင် အခွန်ပေးဆောင်ရာ၌ လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၁) ရက်မှစတင်၍ MACCS Online Payment System ဖြင့် အခွန်ဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲမှ ကြေညာချက်အမှတ်(၀၀၆/၂၀၂၄) ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။

zawgyi version
ၿမိတ္ႏွင့္ေကာ့ေသာင္းနယ္စပ္ကုန္သြယ္ေရးစခန္းမ်ားတြင္ အြန္လိုင္းမွတဆင့္ အခြန္ေဆာင္ႏိုင္ၿပီ
ျပည့္ၿဖိဳး (NP News) - ဇန္နဝါရီ ၃

ျမဝတီႏွင့္ တာခ်ီလိတ္ရွိ နယ္စပ္ကုန္သြယ္စခန္းမ်ားတြင္ ၂၀၂၅ ခုႏွစ္ ဇန္နဝါရီ (၁)ရက္မွစတင္ၿပီး အြန္လိုင္းစနစ္ျဖင့္ အခြန္ေပးေဆာင္ႏိုင္ရန္ ေဆာင္႐ြက္ထားရွိၿပီးျဖစ္ၿပီး ၿမိတ္ႏွင့္ ေကာ့ေသာင္းနယ္စပ္ ကုန္သြယ္ေရးစခန္းမ်ားတြင္လည္း အသုံးျပဳႏိုင္ရန္အတြက္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အေကာက္ခြန္ဦးစီးဌာနသည္ ကုန္ပစၥည္းရွင္းလင္းထုတ္ယူသည့္လုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္ရာတြင္ အခြန္ေပးေဆာင္ရန္အတြက္ လတ္တေလာ ေဆာင္႐ြက္ေနသည့္ Deposit Payment ၊ Direct Payment တို႔အျပင္ လက္ရွိအခ်ိန္၌ Mobile Banking ၊ Internet Banking တို႔မွတစ္ဆင့္ Online Payment အသုံးျပဳကာ အခြန္ေငြ ေပးေဆာင္ႏိုင္ေရးအတြက္စတင္ခဲ့ေၾကာင္းသိရသည္။ ထို႔‌ေၾကာင့္ MACSS Online Payment System ကို ဒီဇင္ဘာ ၂၃ ရက္မွာ စတင္ကာAYA ၊ KBZ ၊ CB Bank မ်ားႏွင့္ပူးေပါင္းၿပီး အခြန္ေဆာင္ျခင္းကို သီလဝါအထူးစီးပြားေရးဇုန္ အပါအဝင္ ရန္ကုန္ဧရိယာ၌ စတင္အသုံးျပဳခဲ့ေၾကာင္းသိရသည္။

MACSS Online Payment System တြင္ အသုံးျပဳသူ၏ Mobile Banking ၊ Internet Banking တို႔မွတစ္ဆင့္ Payment Statement Information ရရွိၿပီးေသာ Import / Export Declaration No မ်ားသို႔ က်သင့္အခြန္ေငြကို တိုက္႐ိုက္ေပးေဆာင္ျခင္းႏွင့္ MASS စနစ္အတြင္းရွိ Deposit Account အတြင္း ေငြထပ္မံျဖည့္သြင္းၿပီး လုပ္ငန္းေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ထိုင္း-ျမန္မာ ႏွစ္ႏိုင္ငံကုန္သြယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိသည့္ ျမဝတီႏွင့္ တာခ်ီလိတ္ရွိ နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းစဥ္မ်ားတြင္ အခြန္ေပးေဆာင္ရာ၌ လာမည့္ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီ (၁) ရက္မွစတင္၍ MACCS Online Payment System ျဖင့္ အခြန္ေဆာင္ခြင့္ျပဳမည္ျဖစ္ေၾကာင္း အေကာက္ခြန္ဦးစီးဌာန၊ MACCS ဌာနခြဲမွ ေၾကညာခ်က္အမွတ္(၀၀၆/၂၀၂၄) ထုတ္ျပန္ေၾကညာထားၿပီးျဖစ္သည္။

Related news

© 2021. All rights reserved.