6/1 တကယ်ဖြစ်နိုင်မလား (သို့) လားရှိုး ထိုင်ခုံပေါ် ဘယ်သူထိုင်မလဲ...

16024

သုတကျော် (NP News) - မတ် ၁၂
လာမည့် ဇွန်လ (၁)ရက်တွင် မြို့အတွင်းမှ MNDAA တပ်များအားလုံး အပြီးထွက်ခွာသွားတော့ မည်ဖြစ်ကြောင်း လားရှိုးမြို့အတွင်း ယခုရက်ပိုင်းတွင် သတင်းထွက်ပေါ်နေသည်။
“တိကျတဲ့ သတင်းရတာပါ။ ခိုင်မာတဲ့ သတင်းရင်းမြစ်က ရတာ။ လားရှိုးကနေ (၆)လပိုင်း (၁) ရက်ကျရင် ကိုးကန့်တွေ ဆုတ်သွားမယ်တဲ့။ လုံးဝ Confirm ပဲ။ ကိုးကန့် စစ်သားတွေကတော့ မြို့ပေါ်မှာ ရှိတယ်။ ဒါပေမဲ့ သူတို့ ဘာမှစိတ်မဝင်စားဘူး။ လောင်းကစားနဲ့ မိန်းမပဲစိတ်ဝင်စားတယ်။ ကျန်တာ စိတ်မဝင်စားဘူး” ဟု လားရှိုးမြို့ခံတစ်ဦးက ဆိုသည်။
အဆိုပါသတင်းသည် စိတ်ဝင်စားစရာ သတင်းတစ်ခုဖြစ်၏။ တစ်ဖက်ကပြန်ကြည့်လျှင် ကိုးကန့် တို့၏ လှည့်စားသောသတင်းလည်း ဖြစ်ဖွယ်ရှိသည်။ ကိုးကန့်များနှင့် ထဲထဲဝင်ဝင်ပတ်သက်ခဲ့သောNP News ၏အမာခံသတင်းရင်းမြစ်တစ်ဦးကမူ အထက်ပါသတင်းကို ငြင်းဆို၏။ သို့သော် အပြည့်အဝ ငြင်းဆိုခြင်းတော့ မဟုတ်ပါ။
“ကိုးကန့်အနေနဲ့ အကုန်လုံး စီမံထားပြီးပြီ။ လမ်းတွေ ရပ်ကွက်တွေ၊ အုပ်ချုပ်ရေးမှူးတွေ အကုန် စီစဉ်ပြီးပြီ။ ဒါပေမဲ့ ဆုတ်သွားမယ်ဆိုတာတော့ ဟုတ်ချင် ဟုတ်မှာပေါ့” ဟု ၎င်းက ယုံတစ်ဝက် မယုံ တဝက်အသံဖြင့် ဆိုသည်။ ထို့ပြင်မြေပြင်အခြေအနေအရ နောက်ဆက်တွဲ စဉ်းစားဖွယ်က များစွာ ကျန် နေသေးသည်။ သေချာသည်က လားရှိုးတွင် အစိုးရရုံးများ ပြန်စိုက်သောနေ့၊ လားရှိုးမြို့၏ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ပြန်လည်ရုံးစိုက်သော နေ့ရောက်မှသာ လားရှိုးမြို့ကို အမှန်တကယ် ပြန်ရသည် ဟုဆိုရမည်ဖြစ်သည်။
MNDAA က လားရှိုးမြို့ကို ပြီးခဲ့သည့် နှစ် ဇူလိုင်လ (၂၆)ရက်တွင် အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး နောက် အရပ်ဘက်အုပ်ချုပ်ရေးကို ဖော်ဆောင်နေသည်။ တစ်ဖက်တွင် လားရှိုးကို တပ်မတော်ဘက်က လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ဖူးသည်။
ထို့နောက် အားလုံးထင်မှတ်မထားသော အချိန် ဇန်နဝါရီလလယ်ပိုင်းတွင် တပ်မတော်နှင့် ကိုးကန့်အဖွဲ့ကြား အပစ်ရပ်လက်မှတ်ထိုးလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ် ပြန်လိုက်ရာ လူအများကြား စိတ်စာဖွယ်သတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။
လက်မှတ်ထိုးစဉ် သဘောတူညီချက်များကို တပ်မတော်နှင့် ကိုးကန့်ဘက်က ထုတ်မပြောသေး သောကြောင့် အတိအကျ မသိရသေးသော်လည်း ထွက်ပေါ်လာသောသတင်းများအတွင်း လားရှိုးမှ MNDAA တို့ ဆုတ်ပေးမည်ဖြစ်ကြောင်းနှင့် သိန္နီမြို့၊ ကွမ်လုံမြို့နှင့် ကွတ်ခိုင်မြို့တို့ကို ကိုးကန့် အထူး ဒေသ (၁)၏လက်အတွင်းသို့ လွှဲပြောင်းပေးမည်ဆိုသော အချက်လည်း ပါဝင်သည်။ သို့သော် ယင်း သတင်းကို ယခုထက်တိုင် အတည်မပြုနိုင်သေးပါ။
တစ်ဖန် ယင်းသို့ အပစ်ရပ်သဘောတူပြီး မကြာမီ ထွက်ပေါ်လာသော ရုပ်သံဖိုင်တစ်ခုအတွင်း MNDAA အရာရှိ တစ်ဦးက လားရှိုးမှထွက်ခွာမည်ဖြစ်ကြောင်း ပြောစကားပါရှိခဲ့သည်။ မည်သို့ပင် ဖြစ်စေ ကာမူ ယင်းအချက်သည် ယခုထိတိုင် လူအများကြား သိချင်းစိတ်ပြင်းပြနေသော အချက်တစ်ချက်ဖြစ် လာသည်။ ကိုးကန့်တပ်များကလည်း မလှုပ်သည့်အပြင် အရပ်ဘက်အုပ်ချုပ်ရေးကိုလည်း အတည်ကျ စေရန် ကြိုးပမ်းမှုများ ဆက်လက်ဆောင်ရွက်နေခဲ့ရာ အားလုံးအတွက် နားလည်ရခက်သော အခြေ အနေဟု ဆိုရမည်ဖြစ်သည်။
“လားရှိုးမြို့အုပ်ချုပ်ရေးတွေကတော့အမြင်ကပ်တယ်။ သူတို့က လားရှိုးကပဲ။ မြောက်ကြွ မြောက်ကြွ ဖြစ်နေတာ။ သေနတ် တကားကားနဲ့။ ကိုးကန့်ကတော့ ဘာမှစိတ်မဝင်စားဘူး။ လောင်း ကစားနဲ့ မိန်းမပဲ။ လားရှိုးမှာလောင်းကစားရုံတွေ များတယ်။ ဂလုံးဂလုံးတွေ။ PDF တွေတော့ နည်းနည်း ကြောက်ရတယ်။ လားရှိုးမှာ အများကြီးပဲ။ ရက်ရက်စက်စက်များတာ။ သူတို့ကို ကြည့်လည်း မကြည့်ရဲဘူး”ဟု လားရှိုးမြို့ခံတစ်ဦးက ဆိုသည်။
အထက်ပါ မြို့ခံ၏ပြောကြားချက်က လားရှိုးမြို့၏ လက်ရှိအခြေအနေဖြစ်သည်။ သို့သော် တစ် ဖက်တွင် စိတ်ဝင်စားစရာကောင်းသော အချက်တစ်ချက်ကို အားလုံးကမေ့လျော့နေခဲ့ကြသည်။ ယင်းမှာ UWSA ခေါ် “ဝ” တို့ ၏ အခန်းကဏ္ဍဖြစ် သည်။ ယခင်ကပင် UWSA ၏ ဆက်ဆံရေး ရုံးရှိသော လားရှိုး မြို့သို့ ဇူလိုင်လ (၂၇)ရက် ညပိုင်းတွင် “ဝ” တပ်ဖွဲ့များ ဝင်ရောက်လာခဲ့သည်။ ယင်း မတိုင်မီကလည်း MNDAA နှင့် UWSA ကြား မိသားစုချင်းစပ်ယှက်ထားသည်အထိနီးစပ်မှုရှိသည့်အပြင် မဟာမိတ် ဆက်ဆံရေးလည်း နှစ်ဖက်ကြား ထူထောင်ထားခြင်းဖြစ်သည်။
(၁၀၂၇) တိုက်ပွဲကာလတွင် နောက်ကွယ်မှာရှိနေသည်ဟုပြောကြသော “ဝ” အဖွဲ့ အနေဖြင့် အမြတ်ရခဲ့သည်ဟု ပြောနိုင်သည်။ ဟိုပန်၊ ပန်လုံနှင့် တန့်ယန်းမြို့တို့ကို ထိန်းခွင့်ရခဲ့သည်။ လက်ရှိ နောက်ဆုံးထွက်ပေါ်နေသော သတင်းများအရ TNLA ကိုကူရန်အတွက် နောင်ချိုဘက်တွင် UWSA တို့ ရောက်နေဟုပင် ဆိုကြသည်။ ယင်းမှာ မသေချာသော်လည်း စိတ်ဝင်စားဖွယ်ကောင်းသော နောက်ထပ် သတင်းတစ်ခု ဖြစ်သည်။ “လားရှိုး ပတ်ပတ်လည်ရော၊ လားရှိုးမြို့ထဲရော သူတို့ (“ဝ” တပ်ဖွဲ့) ရှိပါတယ်။ ပြီးတော့ လားရှိုးကို ပြီးခဲ့တဲ့ရက်ပိုင်းတင် ကားအစီးသုံးဆယ်လူအပြည့်နဲ့ရောက်ပါတယ်။ လားရှိုး မြို့ပြင် တွေကတော့ “ဝ” တပ်ဖွဲ့တွေပါပဲ” ဟု အထက်ပါ ကိုးကန့်သတင်းရင်းမြစ်က ဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နယ်မြေရသလောက် ချဲ့ထွင်ရန် ရည်ရွယ်ပုံရသည်ဟု ယူဆရ သော “ဝ” တို့၏ခြေလှမ်းသည် ယခုမှသာ ပေါ်ပေါက်လာခြင်းတော့ မဟုတ်ပါ။ “ဝ” ပြည်နယ်ဟု အစဉ် တစိုက်ပြောလာသော “ဝ” တို့သည် လက်ရှိတွင် တောင်ပိုင်းနှင့် မြောက်ပိုင်းဟု ခွဲခြားအုပ်ချုပ်နေခြင်း ဖြစ်သည်။
“ဝ” မြောက်ပိုင်းတွင် ၎င်းတို့၏မြို့တော် ပန်ဆန်းရှိပြီး တရုတ်နှင့် နယ်နိမိတ်ထိစပ်နေကာ တောင်ပိုင်းသည် ထိုင်းနှင့် နယ်နိမိတ်ထိစပ်နေသည်။ ယခင် ခွန်ဆာ၏တပ်များကို တိုက်ခိုက်ပေးသည့် အတွက် “ဝ” တောင်ပိုင်းကို အစိုးရထံမှရခဲ့သည်ဟုဆိုသော “ဝ” တို့သည် ၎င်းတို့၏ တောင်ပိုင်းနှင့် မြောက်ပိုင်းကိုဆက်စပ်ရန် ကြိုးပမ်းနေသည်ဟု ရှုမြင်သူလည်း အများအပြားရှိသည်။ တောင်နှင့် မြောက် ကို ဆက်စပ်ပေးနိုင်မည့် ကျိုင်းတုံမြို့နယ်ကို UWSA တို့က ရယူလိုကြောင်း အသံထွက်ခဲ့ဖူးသည်။
လားရှိုးမြို့နှင့်ပတ်သက်၍ တစ်ဖန်ပြန်ကောက်ရမည်ဆိုပါက လက်ရှိတွင် MNDAA အနေဖြင့် မြို့ တွင် အုပ်ချုပ်ရေးအသားကျစေရန် ဆောင်ရွက်နေသည်။ အရပ်ဘက်အုပ်ချုပ်ရေးကိုလည်း ငြိမ်ဝပ်ပိပြား စေရန်လုပ်နေသည့်အပြင် လားရှိုးကို ကိုးကန့်အောက်မှ လူမျိုးစုံမြို့တစ်မြို့အသွင်လည်း ဖော်ဆောင်နေ ကြောင်းတွေ့မြင်ရသည်။
“ကျွန်တော့်အမြင်အရပြောရရင်တော့ တရုတ်ရဲ့ညှိနှိုင်းမှုအရ လားရှိုးကနေ ကိုးကန့်က ဆုတ်ပေး မယ်ဆိုပါစို့။ ဟုတ်ပြီ။ ကိုးကန့်ပဲနေနေ၊ ပလောင်ပဲနေနေ၊ ဝ ပဲနေနေ တရုတ်ဩဇာတော့ ရှိမှာပေါ့။ ဒါ ကြောင့်မို့လို့ ကိုးကန့်ကို ဆုတ်ခိုင်းပြီး ဝ ကို ဝင်ခိုင်းတာလို့ မြင်တယ်” ဟု အထက်ပါ ကိုးကန့်ဒေသခံက ဆိုသည်။
အထက်ပါ သုံးသပ်ချက်အတိုင်းမဟုတ်ဘဲ UWSA အနေဖြင့် MNDAA အနောက်မှနေကာ မြို့ကို ကာကွယ်ပေးနေခြင်းလားဆိုသည်မှာလည်း မေးခွန်းထုတ်စရာရှိနေသည်။ ကိုယ်တိုင် မသိရသေးသော ကြောင့် မှန်းဆချက်မျိုးသာပေးနိုင်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းအရေး ကျွမ်းကျင်သူတစ်ဦးက ဆို သည်။
“အခုချိန်မှာက မှန်းဆတာပဲရတာပေါ့။ ကာကွယ်ပေးနေတယ်ဆိုတာက ဖြစ်နိုင်ဖို့ နည်းတဲ့ မှန်းဆချက်ပါ “ဝ” က နိုင်ငံရေးရည်မှန်းကြီးတာကို မေ့ထားလို့မရဘူး။ ဥပမာဆိုရင် TNLA က “ဝ” မဟာ မိတ်လေ။ မြန်မာနိုင်ငံ မြေပုံကိုကြည့်လိုက်ရင် လားရှိုးဟာ TNLA ထိန်းထားတဲ့ ကျောက်မဲ၊ နောင်ချို၊ သီပေါ စတဲ့နေရာတွေနဲ့ နီးနေတာကိုမြင်ရမှာ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးမှာ “ဝ” ကို လျှော့တွက်လို့ မရ သလို သူတို့နိုင်ငံရေးရည်မှန်းချက်ကို မေ့ထားလို့မရတဲ့အတွက် လားရှိုးကို UWSA က ထိန်းချုပ်သွားတာ မျိုးဖြစ်နိုင်တယ်” ဟု ၎င်းက သုံးသပ်သည်။
နိုင်ငံရေးအရ လိမ္မာပါးနပ်မှုရှိသည်ဟု ယူဆနိုင်သော “ဝ” ခေါင်းဆောင်များသည် အမြဲပင် မြန်မာ နိုင်ငံတော် အလံကို ၎င်းတို့ “ဝ” အလံနှင့်အတူ လွှင့်တင်လေ့ရှိပြီး အခမ်းအနားများတွင်လည်း နိုင်ငံ တော်အလံကို အလေးပြုလေ့ရှိသည်။ ထို့ပြင် နိုင်ငံတော်အစိုးရအဆက်ဆက်နှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးကို ထူထောင်ထားနိုင်သူများဖြစ်ပြီး ၎င်းတို့ ဒေသကို “ဝ” ပြည်နယ် ဟု အစဉ် ညွှန်းဆိုလေ့ရှိ သည်။
“ဝ” အဖွဲ့ ၏ ထူးခြားချက်ဟု ပြောနိုင်သည့်တစ်ချက်မှာ ရယူထားသောနယ်မြေကို မြဲမြံစွာ ကုပ် ထားတတ်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် “ဝ” တောင်ပိုင်းကိုကြည့်လျှင် ယခုထက်တိုင် ပြန်မဆုတ်တော့ သည့်အပြင် အတည်အခံ့အုပ်ချုပ်ရေးကိုပင် နှစ်ပေါင်းများစွာက ထူထောင်ထားနိုင်ပြီးဖြစ်သည်။
“ဝ” တပ်ဖွဲ့က အဆင်သင့်ပြင်ထားတာ။ ချက်ချင်း ဝင်ယူလို့ရအောင်။ အခုလက်ရှိ ရောက်ပြီး သား နေရာတွေကလည်း ဘယ်တော့မှပြန်မဆုတ်တော့ဘူး။ ဘာလို့လဲဆိုတော့ မြန်မာ့တပ်မတော် မပြောနဲ့ ယိုးဒယားတောင် သူတို့ကိုတိုက်ထုတ်လို့ မရဘူးလေ။ သူတို့သမိုင်းမှာ ချင်းရိုင်အထိတောင် သိမ်းဖူးတာဖြစ်တဲ့အတွက် ဒီလောက်ကအပျော့ပဲ။ ဘယ်တော့မှ ပြန်မရတော့ဘူး” ဟု အထက်ပါ ကိုးကန့် ဒေသခံက ဆိုသည်။
ထို့ပြင် အားလုံးသိနိုင်ဖွယ်မရှိသော နိုင်ငံရေးကစားကွက်များလည်း ရှိနိုင်သည်။ “ဝ” အဖွဲ့အနေ ဖြင့် လားရှိုးမြို့ကိုဝင်ထိန်းသွားခဲ့လျှင် စိတ်ဝင်စားဖွယ် အခင်းအကျင်းတစ်မျိုး ပေါ်ပေါက်လာနိုင်သည်။ ဇွန်လ (၁)ရက်တွင် ကိုးကန့်တို့ လုံးဝဆုတ်သွားမည်ဆိုခြင်းကို အတိအကျသတင်းဟုဆိုပါက ၎င်းနောက် ဖြစ်ပေါ်လာသောအခြေအနေအရပ်ရပ်သည် အလွန်ပင် စိတ်ဝင်စားဖွယ်ကောင်းတော့မည်ဖြစ်သည်။ လားရှိုးမြို့ကို ထိုင်ခုံတစ်လုံးဟု ယူဆပါက ယင်းထိုင်ခုံသည်အရေးပါသောစားပွဲဝိုင်းဘေးမှ ထိုင်ခုံ တစ် လုံးဖြစ်သည်။ ယင်းထိုင်ခုံပေါ်မည်သူက ထိုင်မည်၊ မည်သူ ထွက်ခွာမည်ဆိုခြင်းမှာ မကြာမီ လပိုင်း အတွင်း အဖြေထွက်ပါတော့မည်။ ထိုအခါတွင် စိတ်ဝင်စားဖွယ်မြင်ကွင်းများကိုတွေ့ရတော့မည် ဖြစ် ပါသည်။

zawgyi version
6/1 တကယ္ျဖစ္ႏိုင္မလား (သို႔) လားရႈိး ထိုင္ခုံေပၚ ဘယ္သူထိုင္မလဲ...
သုတေက်ာ္ (NP News) - မတ္ ၁၂
လာမည့္ ဇြန္လ (၁)ရက္တြင္ ၿမိဳ႕အတြင္းမွ MNDAA တပ္မ်ားအားလုံး အၿပီးထြက္ခြာသြားေတာ့ မည္ျဖစ္ေၾကာင္း လားရႈိးၿမိဳ႕အတြင္း ယခုရက္ပိုင္းတြင္ သတင္းထြက္ေပၚေနသည္။
“တိက်တဲ့ သတင္းရတာပါ။ ခိုင္မာတဲ့ သတင္းရင္းျမစ္က ရတာ။ လားရႈိးကေန (၆)လပိုင္း (၁) ရက္က်ရင္ ကိုးကန႔္ေတြ ဆုတ္သြားမယ္တဲ့။ လုံးဝ Confirm ပဲ။ ကိုးကန႔္ စစ္သားေတြကေတာ့ ၿမိဳ႕ေပၚမွာ ရွိတယ္။ ဒါေပမဲ့ သူတို႔ ဘာမွစိတ္မဝင္စားဘူး။ ေလာင္းကစားနဲ႔ မိန္းမပဲစိတ္ဝင္စားတယ္။ က်န္တာ စိတ္မဝင္စားဘူး” ဟု လားရႈိးၿမိဳ႕ခံတစ္ဦးက ဆိုသည္။
အဆိုပါသတင္းသည္ စိတ္ဝင္စားစရာ သတင္းတစ္ခုျဖစ္၏။ တစ္ဖက္ကျပန္ၾကည့္လွ်င္ ကိုးကန႔္ တို႔၏ လွည့္စားေသာသတင္းလည္း ျဖစ္ဖြယ္ရွိသည္။ ကိုးကန႔္မ်ားႏွင့္ ထဲထဲဝင္ဝင္ပတ္သက္ခဲ့ေသာNP News ၏အမာခံသတင္းရင္းျမစ္တစ္ဦးကမူ အထက္ပါသတင္းကို ျငင္းဆို၏။ သို႔ေသာ္ အျပည့္အဝ ျငင္းဆိုျခင္းေတာ့ မဟုတ္ပါ။
“ကိုးကန႔္အေနနဲ႔ အကုန္လုံး စီမံထားၿပီးၿပီ။ လမ္းေတြ ရပ္ကြက္ေတြ၊ အုပ္ခ်ဳပ္ေရးမႉးေတြ အကုန္ စီစဥ္ၿပီးၿပီ။ ဒါေပမဲ့ ဆုတ္သြားမယ္ဆိုတာေတာ့ ဟုတ္ခ်င္ ဟုတ္မွာေပါ့” ဟု ၎က ယုံတစ္ဝက္ မယုံ တဝက္အသံျဖင့္ ဆိုသည္။ ထို႔ျပင္ေျမျပင္အေျခအေနအရ ေနာက္ဆက္တြဲ စဥ္းစားဖြယ္က မ်ားစြာ က်န္ ေနေသးသည္။ ေသခ်ာသည္က လားရႈိးတြင္ အစိုးရ႐ုံးမ်ား ျပန္စိုက္ေသာေန႔၊ လားရႈိးၿမိဳ႕၏ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန ျပန္လည္႐ုံးစိုက္ေသာ ေန႔ေရာက္မွသာ လားရႈိးၿမိဳ႕ကို အမွန္တကယ္ ျပန္ရသည္ ဟုဆိုရမည္ျဖစ္သည္။
MNDAA က လားရႈိးၿမိဳ႕ကို ၿပီးခဲ့သည့္ ႏွစ္ ဇူလိုင္လ (၂၆)ရက္တြင္ အျပည့္အဝ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ေနာက္ အရပ္ဘက္အုပ္ခ်ဳပ္ေရးကို ေဖာ္ေဆာင္ေနသည္။ တစ္ဖက္တြင္ လားရႈိးကို တပ္မေတာ္ဘက္က လည္း ေလေၾကာင္းမွ ဗုံးႀကဲတိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ဖူးသည္။
ထို႔ေနာက္ အားလုံးထင္မွတ္မထားေသာ အခ်ိန္ ဇန္နဝါရီလလယ္ပိုင္းတြင္ တပ္မေတာ္ႏွင့္ ကိုးကန႔္အဖြဲ႕ၾကား အပစ္ရပ္လက္မွတ္ထိုးလိုက္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ သတင္းထုတ္ ျပန္လိုက္ရာ လူအမ်ားၾကား စိတ္စာဖြယ္သတင္းတစ္ပုဒ္ျဖစ္ခဲ့သည္။
လက္မွတ္ထိုးစဥ္ သေဘာတူညီခ်က္မ်ားကို တပ္မေတာ္ႏွင့္ ကိုးကန႔္ဘက္က ထုတ္မေျပာေသး ေသာေၾကာင့္ အတိအက် မသိရေသးေသာ္လည္း ထြက္ေပၚလာေသာသတင္းမ်ားအတြင္း လားရႈိးမွ MNDAA တို႔ ဆုတ္ေပးမည္ျဖစ္ေၾကာင္းႏွင့္ သိႏၷီၿမိဳ႕၊ ကြမ္လုံၿမိဳ႕ႏွင့္ ကြတ္ခိုင္ၿမိဳ႕တို႔ကို ကိုးကန႔္ အထူး ေဒသ (၁)၏လက္အတြင္းသို႔ လႊဲေျပာင္းေပးမည္ဆိုေသာ အခ်က္လည္း ပါဝင္သည္။ သို႔ေသာ္ ယင္း သတင္းကို ယခုထက္တိုင္ အတည္မျပဳႏိုင္ေသးပါ။
တစ္ဖန္ ယင္းသို႔ အပစ္ရပ္သေဘာတူၿပီး မၾကာမီ ထြက္ေပၚလာေသာ ႐ုပ္သံဖိုင္တစ္ခုအတြင္း MNDAA အရာရွိ တစ္ဦးက လားရႈိးမွထြက္ခြာမည္ျဖစ္ေၾကာင္း ေျပာစကားပါရွိခဲ့သည္။ မည္သို႔ပင္ ျဖစ္ေစ ကာမူ ယင္းအခ်က္သည္ ယခုထိတိုင္ လူအမ်ားၾကား သိခ်င္းစိတ္ျပင္းျပေနေသာ အခ်က္တစ္ခ်က္ျဖစ္ လာသည္။ ကိုးကန႔္တပ္မ်ားကလည္း မလႈပ္သည့္အျပင္ အရပ္ဘက္အုပ္ခ်ဳပ္ေရးကိုလည္း အတည္က် ေစရန္ ႀကိဳးပမ္းမႈမ်ား ဆက္လက္ေဆာင္႐ြက္ေနခဲ့ရာ အားလုံးအတြက္ နားလည္ရခက္ေသာ အေျခ အေနဟု ဆိုရမည္ျဖစ္သည္။
“လားရႈိးၿမိဳ႕အုပ္ခ်ဳပ္ေရးေတြကေတာ့အျမင္ကပ္တယ္။ သူတို႔က လားရႈိးကပဲ။ ေျမာက္ႂကြ ေျမာက္ႂကြ ျဖစ္ေနတာ။ ေသနတ္ တကားကားနဲ႔။ ကိုးကန႔္ကေတာ့ ဘာမွစိတ္မဝင္စားဘူး။ ေလာင္း ကစားနဲ႔ မိန္းမပဲ။ လားရႈိးမွာေလာင္းကစား႐ုံေတြ မ်ားတယ္။ ဂလုံးဂလုံးေတြ။ PDF ေတြေတာ့ နည္းနည္း ေၾကာက္ရတယ္။ လားရႈိးမွာ အမ်ားႀကီးပဲ။ ရက္ရက္စက္စက္မ်ားတာ။ သူတို႔ကို ၾကည့္လည္း မၾကည့္ရဲဘူး”ဟု လားရႈိးၿမိဳ႕ခံတစ္ဦးက ဆိုသည္။
အထက္ပါ ၿမိဳ႕ခံ၏ေျပာၾကားခ်က္က လားရႈိးၿမိဳ႕၏ လက္ရွိအေျခအေနျဖစ္သည္။ သို႔ေသာ္ တစ္ ဖက္တြင္ စိတ္ဝင္စားစရာေကာင္းေသာ အခ်က္တစ္ခ်က္ကို အားလုံးကေမ့ေလ်ာ့ေနခဲ့ၾကသည္။ ယင္းမွာ UWSA ေခၚ “ဝ” တို႔ ၏ အခန္းက႑ျဖစ္ သည္။ ယခင္ကပင္ UWSA ၏ ဆက္ဆံေရး ႐ုံးရွိေသာ လားရႈိး ၿမိဳ႕သို႔ ဇူလိုင္လ (၂၇)ရက္ ညပိုင္းတြင္ “ဝ” တပ္ဖြဲ႕မ်ား ဝင္ေရာက္လာခဲ့သည္။ ယင္း မတိုင္မီကလည္း MNDAA ႏွင့္ UWSA ၾကား မိသားစုခ်င္းစပ္ယွက္ထားသည္အထိနီးစပ္မႈရွိသည့္အျပင္ မဟာမိတ္ ဆက္ဆံေရးလည္း ႏွစ္ဖက္ၾကား ထူေထာင္ထားျခင္းျဖစ္သည္။
(၁၀၂၇) တိုက္ပြဲကာလတြင္ ေနာက္ကြယ္မွာရွိေနသည္ဟုေျပာၾကေသာ “ဝ” အဖြဲ႕ အေနျဖင့္ အျမတ္ရခဲ့သည္ဟု ေျပာႏိုင္သည္။ ဟိုပန္၊ ပန္လုံႏွင့္ တန႔္ယန္းၿမိဳ႕တို႔ကို ထိန္းခြင့္ရခဲ့သည္။ လက္ရွိ ေနာက္ဆုံးထြက္ေပၚေနေသာ သတင္းမ်ားအရ TNLA ကိုကူရန္အတြက္ ေနာင္ခ်ိဳဘက္တြင္ UWSA တို႔ ေရာက္ေနဟုပင္ ဆိုၾကသည္။ ယင္းမွာ မေသခ်ာေသာ္လည္း စိတ္ဝင္စားဖြယ္ေကာင္းေသာ ေနာက္ထပ္ သတင္းတစ္ခု ျဖစ္သည္။ “လားရႈိး ပတ္ပတ္လည္ေရာ၊ လားရႈိးၿမိဳ႕ထဲေရာ သူတို႔ (“ဝ” တပ္ဖြဲ႕) ရွိပါတယ္။ ၿပီးေတာ့ လားရႈိးကို ၿပီးခဲ့တဲ့ရက္ပိုင္းတင္ ကားအစီးသုံးဆယ္လူအျပည့္နဲ႔ေရာက္ပါတယ္။ လားရႈိး ၿမိဳ႕ျပင္ ေတြကေတာ့ “ဝ” တပ္ဖြဲ႕ေတြပါပဲ” ဟု အထက္ပါ ကိုးကန႔္သတင္းရင္းျမစ္က ဆိုသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ နယ္ေျမရသေလာက္ ခ်ဲ႕ထြင္ရန္ ရည္႐ြယ္ပုံရသည္ဟု ယူဆရ ေသာ “ဝ” တို႔၏ေျခလွမ္းသည္ ယခုမွသာ ေပၚေပါက္လာျခင္းေတာ့ မဟုတ္ပါ။ “ဝ” ျပည္နယ္ဟု အစဥ္ တစိုက္ေျပာလာေသာ “ဝ” တို႔သည္ လက္ရွိတြင္ ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းဟု ခြဲျခားအုပ္ခ်ဳပ္ေနျခင္း ျဖစ္သည္။
“ဝ” ေျမာက္ပိုင္းတြင္ ၎တို႔၏ၿမိဳ႕ေတာ္ ပန္ဆန္းရွိၿပီး တ႐ုတ္ႏွင့္ နယ္နိမိတ္ထိစပ္ေနကာ ေတာင္ပိုင္းသည္ ထိုင္းႏွင့္ နယ္နိမိတ္ထိစပ္ေနသည္။ ယခင္ ခြန္ဆာ၏တပ္မ်ားကို တိုက္ခိုက္ေပးသည့္ အတြက္ “ဝ” ေတာင္ပိုင္းကို အစိုးရထံမွရခဲ့သည္ဟုဆိုေသာ “ဝ” တို႔သည္ ၎တို႔၏ ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းကိုဆက္စပ္ရန္ ႀကိဳးပမ္းေနသည္ဟု ရႈျမင္သူလည္း အမ်ားအျပားရွိသည္။ ေတာင္ႏွင့္ ေျမာက္ ကို ဆက္စပ္ေပးႏိုင္မည့္ က်ိဳင္းတုံၿမိဳ႕နယ္ကို UWSA တို႔က ရယူလိုေၾကာင္း အသံထြက္ခဲ့ဖူးသည္။
လားရႈိးၿမိဳ႕ႏွင့္ပတ္သက္၍ တစ္ဖန္ျပန္ေကာက္ရမည္ဆိုပါက လက္ရွိတြင္ MNDAA အေနျဖင့္ ၿမိဳ႕ တြင္ အုပ္ခ်ဳပ္ေရးအသားက်ေစရန္ ေဆာင္႐ြက္ေနသည္။ အရပ္ဘက္အုပ္ခ်ဳပ္ေရးကိုလည္း ၿငိမ္ဝပ္ပိျပား ေစရန္လုပ္ေနသည့္အျပင္ လားရႈိးကို ကိုးကန႔္ေအာက္မွ လူမ်ိဳးစုံၿမိဳ႕တစ္ၿမိဳ႕အသြင္လည္း ေဖာ္ေဆာင္ေန ေၾကာင္းေတြ႕ျမင္ရသည္။
“ကြၽန္ေတာ့္အျမင္အရေျပာရရင္ေတာ့ တ႐ုတ္ရဲ႕ညႇိႏႈိင္းမႈအရ လားရႈိးကေန ကိုးကန႔္က ဆုတ္ေပး မယ္ဆိုပါစို႔။ ဟုတ္ၿပီ။ ကိုးကန႔္ပဲေနေန၊ ပေလာင္ပဲေနေန၊ ဝ ပဲေနေန တ႐ုတ္ဩဇာေတာ့ ရွိမွာေပါ့။ ဒါ ေၾကာင့္မို႔လို႔ ကိုးကန႔္ကို ဆုတ္ခိုင္းၿပီး ဝ ကို ဝင္ခိုင္းတာလို႔ ျမင္တယ္” ဟု အထက္ပါ ကိုးကန႔္ေဒသခံက ဆိုသည္။
အထက္ပါ သုံးသပ္ခ်က္အတိုင္းမဟုတ္ဘဲ UWSA အေနျဖင့္ MNDAA အေနာက္မွေနကာ ၿမိဳ႕ကို ကာကြယ္ေပးေနျခင္းလားဆိုသည္မွာလည္း ေမးခြန္းထုတ္စရာရွိေနသည္။ ကိုယ္တိုင္ မသိရေသးေသာ ေၾကာင့္ မွန္းဆခ်က္မ်ိဳးသာေပးႏိုင္ေၾကာင္း ရွမ္းျပည္နယ္ေျမာက္ပိုင္းအေရး ကြၽမ္းက်င္သူတစ္ဦးက ဆို သည္။
“အခုခ်ိန္မွာက မွန္းဆတာပဲရတာေပါ့။ ကာကြယ္ေပးေနတယ္ဆိုတာက ျဖစ္ႏိုင္ဖို႔ နည္းတဲ့ မွန္းဆခ်က္ပါ “ဝ” က ႏိုင္ငံေရးရည္မွန္းႀကီးတာကို ေမ့ထားလို႔မရဘူး။ ဥပမာဆိုရင္ TNLA က “ဝ” မဟာ မိတ္ေလ။ ျမန္မာႏိုင္ငံ ေျမပုံကိုၾကည့္လိုက္ရင္ လားရႈိးဟာ TNLA ထိန္းထားတဲ့ ေက်ာက္မဲ၊ ေနာင္ခ်ိဳ၊ သီေပါ စတဲ့ေနရာေတြနဲ႔ နီးေနတာကိုျမင္ရမွာ ျဖစ္ပါတယ္။ အုပ္ခ်ဳပ္ေရးမွာ “ဝ” ကို ေလွ်ာ့တြက္လို႔ မရ သလို သူတို႔ႏိုင္ငံေရးရည္မွန္းခ်က္ကို ေမ့ထားလို႔မရတဲ့အတြက္ လားရႈိးကို UWSA က ထိန္းခ်ဳပ္သြားတာ မ်ိဳးျဖစ္ႏိုင္တယ္” ဟု ၎က သုံးသပ္သည္။
ႏိုင္ငံေရးအရ လိမၼာပါးနပ္မႈရွိသည္ဟု ယူဆႏိုင္ေသာ “ဝ” ေခါင္းေဆာင္မ်ားသည္ အၿမဲပင္ ျမန္မာ ႏိုင္ငံေတာ္ အလံကို ၎တို႔ “ဝ” အလံႏွင့္အတူ လႊင့္တင္ေလ့ရွိၿပီး အခမ္းအနားမ်ားတြင္လည္း ႏိုင္ငံ ေတာ္အလံကို အေလးျပဳေလ့ရွိသည္။ ထို႔ျပင္ ႏိုင္ငံေတာ္အစိုးရအဆက္ဆက္ႏွင့္လည္း ေကာင္းမြန္ေသာ ဆက္ဆံေရးကို ထူေထာင္ထားႏိုင္သူမ်ားျဖစ္ၿပီး ၎တို႔ ေဒသကို “ဝ” ျပည္နယ္ ဟု အစဥ္ ၫႊန္းဆိုေလ့ရွိ သည္။
“ဝ” အဖြဲ႕ ၏ ထူးျခားခ်က္ဟု ေျပာႏိုင္သည့္တစ္ခ်က္မွာ ရယူထားေသာနယ္ေျမကို ၿမဲၿမံစြာ ကုပ္ ထားတတ္ျခင္းျဖစ္သည္။ ဥပမာအားျဖင့္ “ဝ” ေတာင္ပိုင္းကိုၾကည့္လွ်င္ ယခုထက္တိုင္ ျပန္မဆုတ္ေတာ့ သည့္အျပင္ အတည္အခံ့အုပ္ခ်ဳပ္ေရးကိုပင္ ႏွစ္ေပါင္းမ်ားစြာက ထူေထာင္ထားႏိုင္ၿပီးျဖစ္သည္။
“ဝ” တပ္ဖြဲ႕က အဆင္သင့္ျပင္ထားတာ။ ခ်က္ခ်င္း ဝင္ယူလို႔ရေအာင္။ အခုလက္ရွိ ေရာက္ၿပီး သား ေနရာေတြကလည္း ဘယ္ေတာ့မွျပန္မဆုတ္ေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ ျမန္မာ့တပ္မေတာ္ မေျပာနဲ႔ ယိုးဒယားေတာင္ သူတို႔ကိုတိုက္ထုတ္လို႔ မရဘူးေလ။ သူတို႔သမိုင္းမွာ ခ်င္း႐ိုင္အထိေတာင္ သိမ္းဖူးတာျဖစ္တဲ့အတြက္ ဒီေလာက္ကအေပ်ာ့ပဲ။ ဘယ္ေတာ့မွ ျပန္မရေတာ့ဘူး” ဟု အထက္ပါ ကိုးကန႔္ ေဒသခံက ဆိုသည္။
ထို႔ျပင္ အားလုံးသိႏိုင္ဖြယ္မရွိေသာ ႏိုင္ငံေရးကစားကြက္မ်ားလည္း ရွိႏိုင္သည္။ “ဝ” အဖြဲ႕အေန ျဖင့္ လားရႈိးၿမိဳ႕ကိုဝင္ထိန္းသြားခဲ့လွ်င္ စိတ္ဝင္စားဖြယ္ အခင္းအက်င္းတစ္မ်ိဳး ေပၚေပါက္လာႏိုင္သည္။ ဇြန္လ (၁)ရက္တြင္ ကိုးကန႔္တို႔ လုံးဝဆုတ္သြားမည္ဆိုျခင္းကို အတိအက်သတင္းဟုဆိုပါက ၎ေနာက္ ျဖစ္ေပၚလာေသာအေျခအေနအရပ္ရပ္သည္ အလြန္ပင္ စိတ္ဝင္စားဖြယ္ေကာင္းေတာ့မည္ျဖစ္သည္။ လားရႈိးၿမိဳ႕ကို ထိုင္ခုံတစ္လုံးဟု ယူဆပါက ယင္းထိုင္ခုံသည္အေရးပါေသာစားပြဲဝိုင္းေဘးမွ ထိုင္ခုံ တစ္ လုံးျဖစ္သည္။ ယင္းထိုင္ခုံေပၚမည္သူက ထိုင္မည္၊ မည္သူ ထြက္ခြာမည္ဆိုျခင္းမွာ မၾကာမီ လပိုင္း အတြင္း အေျဖထြက္ပါေတာ့မည္။ ထိုအခါတြင္ စိတ္ဝင္စားဖြယ္ျမင္ကြင္းမ်ားကိုေတြ႕ရေတာ့မည္ ျဖစ္ ပါသည္။