ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့ရသော Grade-12အဖြေလွှာများအား အအောင်ပေးသင့်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ အကြံပြု

1273

သန့်ဇင်(NP News)-ဧပြီ ၂၁
ငလျင်ကြောင့် မီးလောင်ပျက်စီးခဲ့ရသော Grade-12အဖြေလွှာများအား အအောင်ပေးသင့်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ယနေ့(ဧပြီလ ၂၁ရက်)တွင် အကြံပြုချက်ထုတ်ပြန်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ (၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် မန္တလေး တက္ကသိုလ် ပင်မဆောင်ပြိုကျပျက်စီး၍ မီးလောင်ဆုံးရှုံးခဲ့ရခြင်းတွင် မြန်မာနိုင်ငံအထက် ပိုင်း Grade-12 ကျောင်းသူ၊ ကျောင်သားများ၏ အဖြေလွှာများပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ကာယကံရှင်ကျောင်းသား၊သူများနှင့် ကျောင်းသားမိဘများအပြင် နိုင်ငံတော်အစိုးရအတွက်လည်း ဖြေရှင်းရန် အခက်အခဲ တစ်ရပ်ကိုဖြစ်ပေါ်စေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
လက်ရှိအခြေအနေတွင် Grade-12 စာမေးပွဲပြန်လည်ကျင်းပမည်ဆိုပါက နိုင်ငံတော်နှင့် နိုင်ငံ့ဝန်ထမ်းများ၊ အထူးသဖြင့် ငလျင်ဘေးဒဏ် ခံစားနေရသောဝန်ထမ်းများနှင့် ငလျင်ဘေးဒဏ်ခံစား နေရသော ကျောင်းသား/သူများ၊ ကျောင်းသားမိဘများအတွက် တစ်ပူပေါ် နှစ်ပူဆင့်ပြီး မလိုလားအပ်သည့် ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည့်အပြင် တိုက်ပွဲဒဏ်သင့်ဒေသများမှ ကျောင်းသား/သူများအတွက် ပို၍ပင် ဒုက္ခဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ကြောင့် စာမေးပွဲပြန်လည်စစ်ဆေးခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်မှ အုပ်ချုပ်စီမံမှုလုပ်ငန်း ဝန်ထုပ်ဝန်ပိုးမရှိစေပဲ ကျောင်းသား၊ သူတစ်ဦးချင်း စီအတွက်လည်း အဆင်ပြေမည့်ဖြေရှင်းမှုအဖြစ် ငလျင်ကြောင့်အဖြေလွှာ မီးလောင်ဆုံးရှုံးခံခဲ့ရသော ကျောင်းသား ၊သူများအား G-12 စာမေးပွဲအောင်မြင် ပြီးဟုယူဆ၍ လာမည့်ကျောင်းဖွင့်ကာလအတွက် ၎င်းတို့စိတ်ပါဝင်စားသည့် တက္ကသိုလ် တစ်ခုခုသို့ လျှောက်ထားခွင့်ပြုစေကြောင်း အကြံပြုထားသည်။
ထို့နောက် သက်ဆိုင်ရာတက္ကသိုလ်များက ကြီးမှုးကျင်းပသည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ သို့ Grade-12 တစ်နှစ်လုံး အတန်းတွင်း လစဉ်အရည်အချင်းစစ် ရမှတ်အထောက်အထားများ၊ အခြားသော လှုပ်ရှားမှုများမှ ရရှိသောရမှတ် အထောက်အထားများ ဖြင့်သက်ဆိုင်ရာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ တွင် ဖြေဆိုစေသင့်ပါကြောင်းလည်း အကြံပြုထားသည်။
ဝင်ရောက်ဖြေဆိုသော်လည်း သက်ဆိုင်ရာတက္ကသိုလ်၏ သတ်မှတ်အရည်အချင်း မပြည့်မီသည့်ကျောင်းသား/သူများကို လာမည့်စာသင် နှစ်တွင် Grade-12 ၌ ပြန်လည်ပညာသင်ကြားစေသင့်ကြောင်းလည်း အကြံပြုထားသည်။
ထိုသို့ ဆောင်ရွက်ပါက လက်ရှိရင်ဆိုင်နေရသည့် အကြပ်အတည်းအား ကျော်လွှား နိုင်မည့်အပြင် ကျောင်းသား၊သူ တစ်ဦးချင်းအနေဖြင့် ၎င်းတို့ဝါသနာပါရာ ပညာရပ်ကို ဆည်းပူးခွင့်ရရှိခြင်း၊ လက်ခံမည့်တက္ကသိုလ်ကလည်း မိမိတို့လိုချင်သောကျောင်းသား/သူများကို ရွေးချယ်လက်ခံ နိုင်ခြင်းနှင့် နိုင်ငံတော်နှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပို၍အရေးကြီးသော ငလျင်ကပ်ဘေးအလွန် ကူညီ ကယ်ဆယ် ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုအာရုံစူးစိုက်နိုင်ခြင်းများဖြစ်ပေါ်လာနိုင်ကြောင်းလည်း အကြံပြုတိုက်တွန်းထားသည်။
အင်အားပြင်းငလျင်ကြောင့် မန္တလေး တက္ကသိုလ်မီးလောင်ခဲ့ပြီး အဆိုပါ မီးလောင်မှုဖြစ်စဉ်အတွင်း တိုင်းနှင့်ပြည်နယ်သုံးခုမှ စာမေးပွဲအဖြေလွှာအုပ်ရေ (၃၇၀ဝဝဝ)ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ မီးေလာင္ပ်က္စီးခဲ့ရေသာ Grade-12အေျဖလႊာမ်ားအား အေအာင္ေပးသင့္ေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီ အႀကံျပဳ
သန႔္ဇင္(NP News)-ဧၿပီ ၂၁
ငလ်င္ေၾကာင့္ မီးေလာင္ပ်က္စီးခဲ့ရေသာ Grade-12အေျဖလႊာမ်ားအား အေအာင္ေပးသင့္ေၾကာင္း ျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP)က ယေန႔(ဧၿပီလ ၂၁ရက္)တြင္ အႀကံျပဳခ်က္ထုတ္ျပန္ထားေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ မတ္လ (၂၈)ရက္ေန႔တြင္ လႈပ္ခတ္ခဲ့ေသာ မႏၲေလးငလ်င္ႀကီးေၾကာင့္ မႏၲေလး တကၠသိုလ္ ပင္မေဆာင္ၿပိဳက်ပ်က္စီး၍ မီးေလာင္ဆုံးရႈံးခဲ့ရျခင္းတြင္ ျမန္မာႏိုင္ငံအထက္ ပိုင္း Grade-12 ေက်ာင္းသူ၊ ေက်ာင္သားမ်ား၏ အေျဖလႊာမ်ားပါဝင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ ကာယကံရွင္ေက်ာင္းသား၊သူမ်ားႏွင့္ ေက်ာင္းသားမိဘမ်ားအျပင္ ႏိုင္ငံေတာ္အစိုးရအတြက္လည္း ေျဖရွင္းရန္ အခက္အခဲ တစ္ရပ္ကိုျဖစ္ေပၚေစေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
လက္ရွိအေျခအေနတြင္ Grade-12 စာေမးပြဲျပန္လည္က်င္းပမည္ဆိုပါက ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ား၊ အထူးသျဖင့္ ငလ်င္ေဘးဒဏ္ ခံစားေနရေသာဝန္ထမ္းမ်ားႏွင့္ ငလ်င္ေဘးဒဏ္ခံစား ေနရေသာ ေက်ာင္းသား/သူမ်ား၊ ေက်ာင္းသားမိဘမ်ားအတြက္ တစ္ပူေပၚ ႏွစ္ပူဆင့္ၿပီး မလိုလားအပ္သည့္ ဝန္ထုပ္ဝန္ပိုးျဖစ္ေစႏိုင္သည့္အျပင္ တိုက္ပြဲဒဏ္သင့္ေဒသမ်ားမွ ေက်ာင္းသား/သူမ်ားအတြက္ ပို၍ပင္ ဒုကၡျဖစ္ေစႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ထို႔ေၾကာင့္ စာေမးပြဲျပန္လည္စစ္ေဆးျခင္းႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္မွ အုပ္ခ်ဳပ္စီမံမႈလုပ္ငန္း ဝန္ထုပ္ဝန္ပိုးမရွိေစပဲ ေက်ာင္းသား၊ သူတစ္ဦးခ်င္း စီအတြက္လည္း အဆင္ေျပမည့္ေျဖရွင္းမႈအျဖစ္ ငလ်င္ေၾကာင့္အေျဖလႊာ မီးေလာင္ဆုံးရႈံးခံခဲ့ရေသာ ေက်ာင္းသား ၊သူမ်ားအား G-12 စာေမးပြဲေအာင္ျမင္ ၿပီးဟုယူဆ၍ လာမည့္ေက်ာင္းဖြင့္ကာလအတြက္ ၎တို႔စိတ္ပါဝင္စားသည့္ တကၠသိုလ္ တစ္ခုခုသို႔ ေလွ်ာက္ထားခြင့္ျပဳေစေၾကာင္း အႀကံျပဳထားသည္။
ထို႔ေနာက္ သက္ဆိုင္ရာတကၠသိုလ္မ်ားက ႀကီးမႈးက်င္းပသည့္ တကၠသိုလ္ဝင္ခြင့္စာေမးပြဲ သို႔ Grade-12 တစ္ႏွစ္လုံး အတန္းတြင္း လစဥ္အရည္အခ်င္းစစ္ ရမွတ္အေထာက္အထားမ်ား၊ အျခားေသာ လႈပ္ရွားမႈမ်ားမွ ရရွိေသာရမွတ္ အေထာက္အထားမ်ား ျဖင့္သက္ဆိုင္ရာ တကၠသိုလ္ဝင္ခြင့္စာေမးပြဲမ်ား တြင္ ေျဖဆိုေစသင့္ပါေၾကာင္းလည္း အႀကံျပဳထားသည္။
ဝင္ေရာက္ေျဖဆိုေသာ္လည္း သက္ဆိုင္ရာတကၠသိုလ္၏ သတ္မွတ္အရည္အခ်င္း မျပည့္မီသည့္ေက်ာင္းသား/သူမ်ားကို လာမည့္စာသင္ ႏွစ္တြင္ Grade-12 ၌ ျပန္လည္ပညာသင္ၾကားေစသင့္ေၾကာင္းလည္း အႀကံျပဳထားသည္။
ထိုသို႔ ေဆာင္႐ြက္ပါက လက္ရွိရင္ဆိုင္ေနရသည့္ အၾကပ္အတည္းအား ေက်ာ္လႊား ႏိုင္မည့္အျပင္ ေက်ာင္းသား၊သူ တစ္ဦးခ်င္းအေနျဖင့္ ၎တို႔ဝါသနာပါရာ ပညာရပ္ကို ဆည္းပူးခြင့္ရရွိျခင္း၊ လက္ခံမည့္တကၠသိုလ္ကလည္း မိမိတို႔လိုခ်င္ေသာေက်ာင္းသား/သူမ်ားကို ေ႐ြးခ်ယ္လက္ခံ ႏိုင္ျခင္းႏွင့္ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ားအေနျဖင့္ ပို၍အေရးႀကီးေသာ ငလ်င္ကပ္ေဘးအလြန္ ကူညီ ကယ္ဆယ္ ေရးႏွင့္ ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းမ်ားကိုအာ႐ုံစူးစိုက္ႏိုင္ျခင္းမ်ားျဖစ္ေပၚလာႏိုင္ေၾကာင္းလည္း အႀကံျပဳတိုက္တြန္းထားသည္။
အင္အားျပင္းငလ်င္ေၾကာင့္ မႏၲေလး တကၠသိုလ္မီးေလာင္ခဲ့ၿပီး အဆိုပါ မီးေလာင္မႈျဖစ္စဥ္အတြင္း တိုင္းႏွင့္ျပည္နယ္သုံးခုမွ စာေမးပြဲအေျဖလႊာအုပ္ေရ (၃၇၀ဝဝဝ)ေက်ာ္ မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။