မြစ်ကြီးနားလေယာဉ်ကွင်းကို အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သော်လည်း လူနှင့်အဆောက်အဦး မထိခိုက်

 434

စော (NP News) - မေ ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လေယာဉ်ကွင်းကို အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သော် လည်း လူနှင့်အဆောက်အဦ မထိခိုက်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဧပြီလ ၃ဝ ရက်)၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က KIA အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသည့် အဖွဲ့များနှင့် PDF အကြမ်းဖက်သမားများက ရှော့တိုက်ဒုံးဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် မြစ်ကြီးနားမြို့ လေယာဉ်ကွင်း၏ အရှေ့မြောက်ဘက် မီတာ ၄၅၀ အကွာ နေရာသို့ ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ရှော့တိုက်ဒုံးပစ်ခတ်ခဲ့သည့်နေရာနှင့် အနီးဝန်းကျင်တစ်ဝိုက်ကို ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ဆောင်ရွက် လျက်ရှိပြီး ဆက်စပ်ကျူးလွန်သူများအား အမြန်ဆုံး ဖမ်းဆီးရမိရေး မေးမြန်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ပြောကြားသည်။

Zawgyi Version:
စော (NP News) - မေ ၁


Picture

myo myo

01/05/2025 16:19

🤣🤣🤣🤣🤣🤣🤣🤣🤣🤣

Related news

© 2021. All rights reserved.