နယူးဇီလန်မှာ ရာသီဥတုဖောက်ပြန်ပြီး လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်း၊ ကျောင်းတွေပိတ်ရ

93

ရောင်နီ (NP News) - မေ ၃
နယူးဇီလန်နိုင်ငံ မြို့တော်ဝဲလ်လင်တန်မှာ ၂၄ နာရီကြာ မိုးသည်းထန်စွာ ရွာသွန်းပြီး ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံးလေပြင်းတိုက်ခတ်မှုကြောင့် တောင်ပိုင်းကျွန်းရဲ့အစိတ်အပိုင်းတွေမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရကာ စာသင်ကျောင်းတွေ ပိတ်၊ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။
ဝဲလ်လင်တန်မှာ ပျမ်းမျှလေတိုက်နှုန်းဟာ တစ်နာရီကို ၈၇ ကီလိုမီတာ (၅၄ မိုင်) အထိ ရောက်ရှိခဲ့ပြီး ၂၀၁၃ ခုနှစ် နောက်ပိုင်း အပြင်းထန်ဆုံး လေတိုက်ခတ်မှု ဖြစ်ခဲ့ကာ ကမ်းရိုးတန်း Baring Head မှ မြို့တော် တောင်ဘက် ထိ လေတိုက်နှုန်းကတော့ တစ်နာရီကို ကီလိုမီတာ ၁၆၀ အထိရှိခဲ့တယ်လို့ အစိုးရ ခန့်မှန်းချက်က ဆိုပါတယ်။ နယူးဇီလန်ရဲ့ ဒုတိယအကြီးဆုံးမြို့ ခရိုက်ချက် အပါအဝင် တောင်ကျွန်း အစိတ်အပိုင်းတွေမှာ ဖြစ်နိုင်ခြေ အမြင့်ဆုံး လေတိုက်နှုန်းနဲ့အတူ အရေးပေါ် အခြေအနေ ကြေညာထားရပါတယ်။
ရာသီဥတုကြောင့် ဝဲလ်လင်တန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြောက်ပိုင်းနဲ့တောင်ပိုင်း ပြေးဆွဲတဲ့ လေယာဉ်ခရီးစဉ်တွေကို မွန်းလွဲပိုင်းအချိန်မှစ ဖျက်သိမ်းခဲ့ပြီး ဒေသရှိ စာသင်ကျောင်းအများအပြားနဲ့ ဝိတိုရိယ တက္ကသိုလ် ဝဲလ်တန် ကိုလည်း ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။
Zawgyi Version:
နယူးဇီလန္မွာ ရာသီဥတုေဖာက္ျပန္ၿပီး ေလျပင္းမုန္တိုင္း တိုက္ခတ္မႈေၾကာင့္ ေလယာဥ္ခရီးစဥ္မ်ား ဖ်က္သိမ္း၊ ေက်ာင္းေတြပိတ္ရ
ေရာင္နီ (NP News) - ေမ ၃
နယူးဇီလန္ႏိုင္ငံ ၿမိဳ႕ေတာ္ဝဲလ္လင္တန္မွာ ၂၄ နာရီၾကာ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ဆယ္စုႏွစ္အတြင္း အျပင္းထန္ဆုံးေလျပင္းတိုက္ခတ္မႈေၾကာင့္ ေတာင္ပိုင္းကြၽန္းရဲ႕အစိတ္အပိုင္းေတြမွာ အေရးေပၚအေျခအေန ေၾကညာခဲ့ရကာ စာသင္ေက်ာင္းေတြ ပိတ္၊ ေလယာဥ္ခရီးစဥ္ေတြ ဖ်က္သိမ္းခဲ့ရတယ္လို႔ သိရပါတယ္။
ဝဲလ္လင္တန္မွာ ပ်မ္းမွ်ေလတိုက္ႏႈန္းဟာ တစ္နာရီကို ၈၇ ကီလိုမီတာ (၅၄ မိုင္) အထိ ေရာက္ရွိခဲ့ၿပီး ၂၀၁၃ ခုႏွစ္ ေနာက္ပိုင္း အျပင္းထန္ဆုံး ေလတိုက္ခတ္မႈ ျဖစ္ခဲ့ကာ ကမ္း႐ိုးတန္း Baring Head မွ ၿမိဳ႕ေတာ္ ေတာင္ဘက္ ထိ ေလတိုက္ႏႈန္းကေတာ့ တစ္နာရီကို ကီလိုမီတာ ၁၆၀ အထိရွိခဲ့တယ္လို႔ အစိုးရ ခန႔္မွန္းခ်က္က ဆိုပါတယ္။ နယူးဇီလန္ရဲ႕ ဒုတိယအႀကီးဆုံးၿမိဳ႕ ခ႐ိုက္ခ်က္ အပါအဝင္ ေတာင္ကြၽန္း အစိတ္အပိုင္းေတြမွာ ျဖစ္ႏိုင္ေျခ အျမင့္ဆုံး ေလတိုက္ႏႈန္းနဲ႔အတူ အေရးေပၚ အေျခအေန ေၾကညာထားရပါတယ္။
ရာသီဥတုေၾကာင့္ ဝဲလ္လင္တန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွ ေျမာက္ပိုင္းနဲ႔ေတာင္ပိုင္း ေျပးဆြဲတဲ့ ေလယာဥ္ခရီးစဥ္ေတြကို မြန္းလြဲပိုင္းအခ်ိန္မွစ ဖ်က္သိမ္းခဲ့ၿပီး ေဒသရွိ စာသင္ေက်ာင္းအမ်ားအျပားနဲ႔ ဝိတိုရိယ တကၠသိုလ္ ဝဲလ္တန္ ကိုလည္း ပိတ္ထားခဲ့ရတယ္လို႔ သိရပါတယ္။