လက်နက်ခိုးယူရောင်းချသည့်တပ်သားအား UWSA သေဒဏ်ပေး

1086
သက်ပိုင် (NP News) - မေ ၁၄
ဝ အဖွဲ့ (UWSA) အနေဖြင့် လက်နက်ခိုးယူရောင်းချခဲ့သော ထောက်ပို့တပ်သားတစ်ဦးအား သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါတပ်သားသည် လက်နက်ခဲယမ်းများကို ခိုးယူကာ TNLA အဖွဲ့ထံသို့ ရောင်းချခဲ့ခြင်းဖြစ်ပြီး
ထိုလုပ်ရပ်အတွက် UWSA ဗဟိုဌာနချုပ်ဖြစ်သော ပန်ဆန်းမြို့တွင် မေလ ၁၄ ရက်၊ နံနက် ၈ နာရီက တရားစီရင်ရေးအခမ်းအနားပြုလုပ်ကာ သေဒဏ်ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။
ထောက်ပို့တပ်သားအား တရားစီရင်သည့်အခမ်းအနားကို ပန်ဆန်းမြို့စာသင်ကျောင်းအားလုံးရှိ ကျောင်းသားကျောင်းသူများနှင့် ဒေသခံများကို လာရောက်ကြည့်ရှုစေခဲ့ကြောင်းလည်း သိရသည်။
ယင်းတပ်သားအနေဖြင့် ခိုးယူထားသော လက်နက်များအား TNLA အဖွဲ့အပြင် အခြားတိုင်းရင်းသားလက်နက်ကိုင်များထံသို့လည်း ရောင်းချထားသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။
အဆိုပါတပ်သား ခိုးယူခဲ့သည့် လက်နက်ခဲယမ်းအရေအတွက်နှင့် မည်သို့ ခိုးယူခဲ့သည်၊ ခိုးယူရာတွင် လူမည်မျှပါဝင်ခဲ့သည်ကိုမူ UWSA မှတရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။
Zawgyi Version:
လက္နက္ခိုးယူေရာင္းခ်သည့္တပ္သားအား UWSA ေသဒဏ္ေပး
သက္ပိုင္ (NP News) - ေမ ၁၄
ဝ အဖြဲ႕ (UWSA) အေနျဖင့္ လက္နက္ခိုးယူေရာင္းခ်ခဲ့ေသာ ေထာက္ပို႔တပ္သားတစ္ဦးအား ေသဒဏ္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါတပ္သားသည္ လက္နက္ခဲယမ္းမ်ားကို ခိုးယူကာ TNLA အဖြဲ႕ထံသို႔ ေရာင္းခ်ခဲ့ျခင္းျဖစ္ၿပီး
ထိုလုပ္ရပ္အတြက္ UWSA ဗဟိုဌာနခ်ဳပ္ျဖစ္ေသာ ပန္ဆန္းၿမိဳ႕တြင္ ေမလ ၁၄ ရက္၊ နံနက္ ၈ နာရီက တရားစီရင္ေရးအခမ္းအနားျပဳလုပ္ကာ ေသဒဏ္ခ်မွတ္ခဲ့ျခင္းလည္းျဖစ္သည္။
ေထာက္ပို႔တပ္သားအား တရားစီရင္သည့္အခမ္းအနားကို ပန္ဆန္းၿမိဳ႕စာသင္ေက်ာင္းအားလုံးရွိ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ ေဒသခံမ်ားကို လာေရာက္ၾကည့္ရႈေစခဲ့ေၾကာင္းလည္း သိရသည္။
ယင္းတပ္သားအေနျဖင့္ ခိုးယူထားေသာ လက္နက္မ်ားအား TNLA အဖြဲ႕အျပင္ အျခားတိုင္းရင္းသားလက္နက္ကိုင္မ်ားထံသို႔လည္း ေရာင္းခ်ထားသည္ဟု သတင္းမ်ား ထြက္ေပၚလ်က္ရွိသည္။
အဆိုပါတပ္သား ခိုးယူခဲ့သည့္ လက္နက္ခဲယမ္းအေရအတြက္ႏွင့္ မည္သို႔ ခိုးယူခဲ့သည္၊ ခိုးယူရာတြင္ လူမည္မွ်ပါဝင္ခဲ့သည္ကိုမူ UWSA မွတရားဝင္ထုတ္ျပန္ျခင္း မရွိေသးေပ။