သဘာဝဘေးနှင့်ဓါတ်အားလိုင်းများ ဖျက်ဆီးခံရခြင်းကြောင့် လျှပ်စစ်ထုတ်လုပ်မှု ကျဆင်းနေ

328

NP News - မေလ ၁၈
သဘာဝဘေးအန္တရာယ် နှင့် မဟာဓါတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု လျော့နည်းနေကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ သိရသည်။
ဓာတ်အားစနစ်အတွင်းကို ဓာတ်အားပို့လွှတ်ပေးနေသည့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရတာကြောင့် ဓာတ်အား ပမာဏ လျော့နည်းမှု (၅၉၇) မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်း ခြင်းကြောင့် (၁၅၉) မဂ္ဂါဝပ်၊ ရာဂီမုန်တိုင်းကြောင့် ရေနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သည့် အထက်ပေါင်းလောင်းရေအား စက်ရုံကို အကြီးစားပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းတွေ ဆောင်ရွက်နေခြင်းကြောင့် (၁၄၀) မဂ္ဂါဝပ် လျော့နည်းလျက် ရှိရာ စုစုပေါင်း (၈၉၆) မဂ္ဂါဝပ် လျော့နည်းလျှက်ရှိကြောင်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရေအားလျှပ်စစ်စက်ရုံ(၃၀) ရုံ၊ (၃,၂၃၂) မဂ္ဂါဝပ်၊ သဘာဝ ဓာတ်ငွေ့ (၂၆) ရုံ၊ (၃,၂၆၈) မဂ္ဂါဝပ်၊ ကျောက်မီးသွေး(၂) ရုံ၊ (၁၃၈) မဂ္ဂါဝပ်၊ နေရောင် ခြည်(၈) ရုံ (၂၄၀) မဂ္ဂါဝပ် ရှိပြီးနိုင်ငံတော်ဓာတ်အား စနစ်ကို ဓာတ်အားထုတ်လုပ်ပို့လွှတ်ပေးနိုင်သည့် စက်တပ်ဆင်အင်အား စုစုပေါင်းမှာ (၆,၈၇၈) မဂ္ဂါဝပ် ရှိကြောင်း သိရသည်။
လက်နက်ကိုင်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သော မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားလိုင်း တာဝါတိုင်များ၊ ကွန်ကရစ်တိုင်များကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဝန်ထမ်းတွေများမှ ပြုပြင်ဆောင်ရွက်ချိန်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရသော်လည်း လုပ်ငန်းများကိုဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုအပြင် ဓာတ်အားထုတ်လုပ်မှုလျော့နည်းနေခြင်းကြောင့် လက်ရှိကာလတွင် (၁) ရက်လျှင် ပျမ်းမျှ (၂,၃၀၀) မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်ပေးနိုင်ပြီး စက်တပ်ဆင် အင်အား၏ (၅၀)ရာခိုင်နှုန်း ခန့်ကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေး နိုင်ကြောင်း သိရသည်။
လက်ရှိမြန်မာနိုင်ငံ၏ ဓာတ်အားလိုအပ်ချက်မှာ (၃,၄၀၀) မဂ္ဂါတပ် ဝန်းကျင်ခန့် လိုအပ်ခြင်းကြောင့် (၁,၁၀၀) မဂ္ဂါဝပ် ဝန်းကျင်ခန့် အတွက် ဝန်အား လျှော့ချထိန်းညှိမှု (Loadshed) ဆောင်ရွက်နေကြောင်း သိရသည်။
လတ်တလော ဓာတ်အားထုတ်လုပ်နိုင်မှုအရ ၂၀၂၅ ခုနှစ်၊ မေလအတွင်း ရန်ကုန်တိုင်းတွင် ၅၂ ရာခိုင်နှုန်း၊ မန္တလေးတိုင်းတွင် ၁၇ ရာခိုင်နှုန်း၊ ကျန်တိုင်းနှင့် ပြည်နယ်များသို့ ၃၁ ရာခိုင်နှုန်းဖြင့် အချိုးကျ ဓာတ်အား ခွဲဝေ ဖြန့်ဖြူးပေးနေကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version:
သဘာဝေဘးႏွင့္ဓါတ္အားလိုင္းမ်ား ဖ်က္ဆီးခံရျခင္းေၾကာင့္ လွ်ပ္စစ္ထုတ္လုပ္မႈ က်ဆင္းေန
NP News - ေမလ ၁၈
သဘာဝေဘးအႏၲရာယ္ ႏွင့္ မဟာဓါတ္အားလိုင္းမ်ား ဖ်က္ဆီးခံထားရျခင္းေၾကာင့္ လွ်ပ္စစ္ဓါတ္အား ထုတ္လုပ္မႈ ေလ်ာ့နည္းေနေၾကာင္း လွ်ပ္စစ္ဝန္ႀကီးဌာနမွ သိရသည္။
ဓာတ္အားစနစ္အတြင္းကို ဓာတ္အားပို႔လႊတ္ေပးေနသည့္ ၂၃၀ ေကဗြီ၊ ၁၃၂ ေကဗြီ မဟာဓာတ္အားလိုင္းမ်ား ဖ်က္ဆီးခံထားရတာေၾကာင့္ ဓာတ္အား ပမာဏ ေလ်ာ့နည္းမႈ (၅၉၇) မဂၢါဝပ္၊ သဘာဝဓာတ္ေငြ႕ရရွိမႈ ေလ်ာ့နည္း ျခင္းေၾကာင့္ (၁၅၉) မဂၢါဝပ္၊ ရာဂီမုန္တိုင္းေၾကာင့္ ေရနစ္ျမဳပ္မႈျဖစ္ေပၚခဲ့သည့္ အထက္ေပါင္းေလာင္းေရအား စက္႐ုံကို အႀကီးစားျပဳျပင္ထိန္းသိမ္းမႈလုပ္ငန္းေတြ ေဆာင္႐ြက္ေနျခင္းေၾကာင့္ (၁၄၀) မဂၢါဝပ္ ေလ်ာ့နည္းလ်က္ ရွိရာ စုစုေပါင္း (၈၉၆) မဂၢါဝပ္ ေလ်ာ့နည္းလွ်က္ရွိေၾကာင္း သိရသည္။
လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ ေရအားလွ်ပ္စစ္စက္႐ုံ(၃၀) ႐ုံ၊ (၃,၂၃၂) မဂၢါဝပ္၊ သဘာဝ ဓာတ္ေငြ႕ (၂၆) ႐ုံ၊ (၃,၂၆၈) မဂၢါဝပ္၊ ေက်ာက္မီးေသြး(၂) ႐ုံ၊ (၁၃၈) မဂၢါဝပ္၊ ေနေရာင္ ျခည္(၈) ႐ုံ (၂၄၀) မဂၢါဝပ္ ရွိၿပီးႏိုင္ငံေတာ္ဓာတ္အား စနစ္ကို ဓာတ္အားထုတ္လုပ္ပို႔လႊတ္ေပးႏိုင္သည့္ စက္တပ္ဆင္အင္အား စုစုေပါင္းမွာ (၆,၈၇၈) မဂၢါဝပ္ ရွိေၾကာင္း သိရသည္။
လက္နက္ကိုင္ေသာင္းက်န္းသူမ်ား ဖ်က္ဆီးခဲ့ေသာ မဟာဓာတ္အားလိုင္းမ်ား၊ ဓာတ္အားလိုင္း တာဝါတိုင္မ်ား၊ ကြန္ကရစ္တိုင္မ်ားကို လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၏ ဝန္ထမ္းေတြမ်ားမွ ျပဳျပင္ေဆာင္႐ြက္ခ်ိန္တြင္ အၾကမ္းဖက္ တိုက္ခိုက္မႈမ်ား ႀကဳံေတြ႕ခဲ့ရေသာ္လည္း လုပ္ငန္းမ်ားကိုဆက္လက္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထိုအျပင္ ဓာတ္အားထုတ္လုပ္မႈေလ်ာ့နည္းေနျခင္းေၾကာင့္ လက္ရွိကာလတြင္ (၁) ရက္လွ်င္ ပ်မ္းမွ် (၂,၃၀၀) မဂၢါဝပ္ခန႔္သာ ထုတ္လုပ္ေပးႏိုင္ၿပီး စက္တပ္ဆင္ အင္အား၏ (၅၀)ရာခိုင္ႏႈန္း ခန႔္ကိုသာ ထုတ္လုပ္ျဖန႔္ျဖဴးေပး ႏိုင္ေၾကာင္း သိရသည္။
လက္ရွိျမန္မာႏိုင္ငံ၏ ဓာတ္အားလိုအပ္ခ်က္မွာ (၃,၄၀၀) မဂၢါတပ္ ဝန္းက်င္ခန႔္ လိုအပ္ျခင္းေၾကာင့္ (၁,၁၀၀) မဂၢါဝပ္ ဝန္းက်င္ခန႔္ အတြက္ ဝန္အား ေလွ်ာ့ခ်ထိန္းညႇိမႈ (Loadshed) ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
လတ္တေလာ ဓာတ္အားထုတ္လုပ္ႏိုင္မႈအရ ၂၀၂၅ ခုႏွစ္၊ ေမလအတြင္း ရန္ကုန္တိုင္းတြင္ ၅၂ ရာခိုင္ႏႈန္း၊ မႏၲေလးတိုင္းတြင္ ၁၇ ရာခိုင္ႏႈန္း၊ က်န္တိုင္းႏွင့္ ျပည္နယ္မ်ားသို႔ ၃၁ ရာခိုင္ႏႈန္းျဖင့္ အခ်ိဳးက် ဓာတ္အား ခြဲေဝ ျဖန႔္ျဖဴးေပးေနေၾကာင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။