ချောမောလှပသောရုပ်ရည်နှင့်အတူ နောက်ထပ်အောင်မြင်မှုတစ်ခုကို ဆွတ်ခူးခဲ့သည့် ‘ V ’

 140

Pika (NP News) မေ ၂ဝ

တောင်ကိုရီးယားနာမည်ကျော် အမျိုးသား အဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ V သည် ၎င်း၏ ချောမောလှပသောရုပ်ရည်ဖြင့် နောက်ထပ်စံချိန်မှတ်တမ်းတစ်ခုကို ဆွတ်ခူးခဲ့ပြီဖြစ် ကြောင်းသိရသည်။ V သည် K-pop idol အသိုင်းအဝိုင်း ‘Choeaedol’ က ပြုလုပ်သော ‘Flamboyant Male Idol Like a Flower’ စစ်တမ်းတွင် ပထမ နေရာမှာ ရပ်တည်နိုင်ခဲ့ကြောင်းလည်းသိရသည်။ ၎င်း၏ဂန္တဝင်ဆန်သောရုပ်ရည်ကြောင့် လူသိများသော V သည် သန့်စင်သောအသွင်အပြင်နှင့် နူးညံ့မှုတို့ကြောင့် မကြာခဏဆိုသလို ပန်းတစ်ပွင့်နှင့် နှိုင်းယှဉ်ခံရလေ့ရှိကြောင်းသိရ သည်။
ထို့ပြင် V ၏ စူးရှသောအကြည့်များ၊ ချောမောလှပသော မျက်နှာမျဉ်းများ၊ ပြီးပြည့်စုံသောနှာခေါင်းနှင့်အတူ သိမ်မွေ့သောပုံစံများကြောင့် ၎င်းသည်ပရိသတ်များကြားတွင် အလွန်ရေပန်းစားသည့် K-pop idol တစ်ဦးဖြစ်ကြောင်း လည်းသိရသည်။ V သည် ကမ္ဘာပေါ်တွင် အချောဆုံးအမျိုးသားများထဲမှတစ်ဦးအဖြစ် မကြာခဏ အသိအမှတ်ပြုခံရ လေ့ရှိကြောင်းလည်းသိရသည်။
V သည် TC Candler စာရင်း၏ (၂၀၁၇)ခုနှစ် အချောဆုံးမျက်နှာအမျိုးသားစာရင်းတွင် ပထမအဆင့်နေရာမှာ ရပ်တည်ခဲ့ပြီး ဆွဲဆောင်မှု အရှိဆုံး အာရှအမျိုးသားအယောက်(၁၀ဝ)စာရင်းတွင် သုံးနှစ်ဆက်တိုက်ထိပ်ဆုံးနေရာမှာ ရပ်တည် နိုင်ခဲ့သလို ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း Google ၏ အချောဆုံးအမျိုးသားရှာဖွေမှုတွင် ပထမနေရာမှာ ရပ် တည်ခဲ့ကြောင်းလည်းသိရသည်။ လက်ရှိအချိန်တွင် V သည် တောင်ကိုရီးယားစစ်တပ်တွင် စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နေဆဲဖြစ်ပြီး စစ်မှုထမ်းတာဝန်ပြီးဆုံးသည့်အချိန်တွင် မည်သည့်ပုံစံမျိုးဖြင့် ပြန်လာမလဲဆိုသည်ကို ပရိသတ် များက စောင့်ဆိုင်းနေလျက်ရှိကြောင်းလည်းသိရသည်။

Zawgyi Version:
ေခ်ာေမာလွပေသာ႐ုပ္ရည္ႏွင့္အတူ ေနာက္ထပ္ေအာင္ျမင္မႈတစ္ခုကို ဆြတ္ခူးခဲ့သည့္ ‘ V ’
Pika (NP News) ေမ ၂ဝ

ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသား အဆိုေတာ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ V သည္ ၎၏ ေခ်ာေမာလွပေသာ႐ုပ္ရည္ျဖင့္ ေနာက္ထပ္စံခ်ိန္မွတ္တမ္းတစ္ခုကို ဆြတ္ခူးခဲ့ၿပီျဖစ္ ေၾကာင္းသိရသည္။ V သည္ K-pop idol အသိုင္းအဝိုင္း ‘Choeaedol’ က ျပဳလုပ္ေသာ ‘Flamboyant Male Idol Like a Flower’ စစ္တမ္းတြင္ ပထမ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ေၾကာင္းလည္းသိရသည္။ ၎၏ဂႏၲဝင္ဆန္ေသာ႐ုပ္ရည္ေၾကာင့္ လူသိမ်ားေသာ V သည္ သန႔္စင္ေသာအသြင္အျပင္ႏွင့္ ႏူးညံ့မႈတို႔ေၾကာင့္ မၾကာခဏဆိုသလို ပန္းတစ္ပြင့္ႏွင့္ ႏႈိင္းယွဥ္ခံရေလ့ရွိေၾကာင္းသိရ သည္။
ထို႔ျပင္ V ၏ စူးရွေသာအၾကည့္မ်ား၊ ေခ်ာေမာလွပေသာ မ်က္ႏွာမ်ဥ္းမ်ား၊ ၿပီးျပည့္စုံေသာႏွာေခါင္းႏွင့္အတူ သိမ္ေမြ႕ေသာပုံစံမ်ားေၾကာင့္ ၎သည္ပရိသတ္မ်ားၾကားတြင္ အလြန္ေရပန္းစားသည့္ K-pop idol တစ္ဦးျဖစ္ေၾကာင္း လည္းသိရသည္။ V သည္ ကမာၻေပၚတြင္ အေခ်ာဆုံးအမ်ိဳးသားမ်ားထဲမွတစ္ဦးအျဖစ္ မၾကာခဏ အသိအမွတ္ျပဳခံရ ေလ့ရွိေၾကာင္းလည္းသိရသည္။
V သည္ TC Candler စာရင္း၏ (၂၀၁၇)ခုႏွစ္ အေခ်ာဆုံးမ်က္ႏွာအမ်ိဳးသားစာရင္းတြင္ ပထမအဆင့္ေနရာမွာ ရပ္တည္ခဲ့ၿပီး ဆြဲေဆာင္မႈ အရွိဆုံး အာရွအမ်ိဳးသားအေယာက္(၁၀ဝ)စာရင္းတြင္ သုံးႏွစ္ဆက္တိုက္ထိပ္ဆုံးေနရာမွာ ရပ္တည္ ႏိုင္ခဲ့သလို ၿပီးခဲ့သည့္ဆယ္စုႏွစ္အတြင္း Google ၏ အေခ်ာဆုံးအမ်ိဳးသားရွာေဖြမႈတြင္ ပထမေနရာမွာ ရပ္ တည္ခဲ့ေၾကာင္းလည္းသိရသည္။ လက္ရွိအခ်ိန္တြင္ V သည္ ေတာင္ကိုရီးယားစစ္တပ္တြင္ စစ္မႈထမ္းတာဝန္ကို ထမ္းေဆာင္ေနဆဲျဖစ္ၿပီး စစ္မႈထမ္းတာဝန္ၿပီးဆုံးသည့္အခ်ိန္တြင္ မည္သည့္ပုံစံမ်ိဳးျဖင့္ ျပန္လာမလဲဆိုသည္ကို ပရိသတ္ မ်ားက ေစာင့္ဆိုင္းေနလ်က္ရွိေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.