ယခုပညာသင်နှစ်တွင် အကြားအာရုံချို့ယွင်းသောကလေးများအတွက် နားမကြားကျောင်းများ၌ စတင်လျှောက်ထားနိုင်

140

စော (NP News)- မေ ၂၂
၂၀၂၅-၂၀၂၆ပညာသင်နှစ်တွင် အကြားအာရုံချို့ယွင်းသောကလေးများအတွက် ရန်ကုန်နှင့်မန္တလေးတို့ရှိ နားမကြားသောကလေးများကျောင်း၌ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။
လျှောက်ထားလိုသူများသည် အကြားအာရုံ ချို့ယွင်းအားနည်းသူဖြစ်ရမည့်အပြင် အသက် (၆)နှစ်မှ (၁၈)နှစ်အတွင်းရှိသူ၊ အကြားအားရုံ ချို့ယွင်းအားနည်းမှုမှလွဲ၍ ကျန်းမာရေးကောင်းမွန်သူ၊ စာပေနှင့်အသက်မွေးဝမ်းကျောင်းပညာများကို သင်ယူလိုစိတ်ရှိသူဖြစ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အိမ်ထောင်မရှိသူဖြစ်ရန်လိုအပ်ပြီး ကျောင်းသို့ လာရောက်အပ်နှံရာတွင် မိဘ(သို့မဟုတ်)အုပ်ထိန်းသူကိုယ်တိုင် လာရောက်အပ်နှံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
လျှောက်ထားလိုသူများအနေဖြင့် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ အိုးစု (၃)လမ်း၊ F, G၊ အမှတ်-၃၄၊ နားမကြားသောကလေးများကျောင်းတွင်လည်းကောင်း၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်း/တောင်ရပ်ကွက် ၊ အကွက်- ၈၅၈ ၊ နားမကြားသောကလေးများကျောင်းတွင်လည်းကောင်း စုံစမ်းနိုင်ကြောင်း သိရသည်။
သွားလာရေးခက်ခဲသောဒေသများမှ ကျောင်းသား၊ ကျောင်းသူများသည် စာပေ ပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ် တက်ရောက်ခွင့်ရရှိပါက စားသောက်နေထိုင်ရေးကို နိုင်ငံတော်က တာဝန်ယူမည်ဖြစ်ပြီး ကျောင်းကြေးနှင့် ကျောင်းလခ ပေးရန်မလိုကြောင်း ထုတ်ပြန်ထားသည်။
ကျောင်းတက်ရောက်နိုင်ခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနစု၊ ဖုန်းနံပါတ် ၀၆၇-၃၄၀၄၂၅၂၊ နားမကြားသောကလေးများကျောင်း(ရန်ကုန်) ဖုန်းနံပါတ် ဝ၁-၉၅၄၈၈၇၂၊ ၀၉-၂၅၀ဝ၇၇၂၆၈ နှင့် နားမကြားသောကလေးများကျောင်း(မန္တလေး) ဖုန်းနံပါတ် ၀၂ - ၄၀၃၄၆၁၇ ၊ ၀၂ - ၄၀၃၀၀၄၃၊ ၀၉ - ၄၀၂၆၆၂၆၈၉ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား (၄၂)ဦးနှင့် ကျောင်းသူ (၂၆)ဦး စုစုပေါင်း (၆၈)ဦးကို လက်သင်္ကေတပြ ဘာသာစကားဖြင့် ပညာသင်ကြားပေးခဲ့ကြောင်း နစက၏အချက်အလက်များအရ သိရသည်။
ယခု၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းများတွင် ယနေ့ မေလ (၂၂) ရက်တွင် ကျောင်းအပ်စတင်လက်ခံနေပြီဖြစ်ရာ ကျောင်းအပ်နှံရေး သီတင်းပတ်ကာလကို မေလ (၂၂)ရက်မှ ဇွန်လ (၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။

zawgyi Version
ယခုပညာသင္ႏွစ္တြင္ အၾကားအာ႐ုံခ်ိဳ႕ယြင္းေသာကေလးမ်ားအတြက္ နားမၾကားေက်ာင္းမ်ား၌ စတင္ေလွ်ာက္ထားႏိုင္
ေစာ (NP News)- ေမ ၂၂
၂၀၂၅-၂၀၂၆ပညာသင္ႏွစ္တြင္ အၾကားအာ႐ုံခ်ိဳ႕ယြင္းေသာကေလးမ်ားအတြက္ ရန္ကုန္ႏွင့္မႏၲေလးတို႔ရွိ နားမၾကားေသာကေလးမ်ားေက်ာင္း၌ ေလွ်ာက္ထားႏိုင္ၿပီျဖစ္ေၾကာင္း လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ လူမႈဝန္ထမ္းဦးစီးဌာနက ထုတ္ျပန္ေၾကညာထားသည္။
ေလွ်ာက္ထားလိုသူမ်ားသည္ အၾကားအာ႐ုံ ခ်ိဳ႕ယြင္းအားနည္းသူျဖစ္ရမည့္အျပင္ အသက္ (၆)ႏွစ္မွ (၁၈)ႏွစ္အတြင္းရွိသူ၊ အၾကားအား႐ုံ ခ်ိဳ႕ယြင္းအားနည္းမႈမွလြဲ၍ က်န္းမာေရးေကာင္းမြန္သူ၊ စာေပႏွင့္အသက္ေမြးဝမ္းေက်ာင္းပညာမ်ားကို သင္ယူလိုစိတ္ရွိသူျဖစ္ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ျပင္ အိမ္ေထာင္မရွိသူျဖစ္ရန္လိုအပ္ၿပီး ေက်ာင္းသို႔ လာေရာက္အပ္ႏွံရာတြင္ မိဘ(သို႔မဟုတ္)အုပ္ထိန္းသူကိုယ္တိုင္ လာေရာက္အပ္ႏွံရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ရန္ကုန္ၿမိဳ႕၊ တာေမြၿမိဳ႕နယ္၊ ေမတၱာၫြန႔္ရပ္ကြက္၊ အိုးစု (၃)လမ္း၊ F, G၊ အမွတ္-၃၄၊ နားမၾကားေသာကေလးမ်ားေက်ာင္းတြင္လည္းေကာင္း၊ မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ခ်မ္း/ေတာင္ရပ္ကြက္ ၊ အကြက္- ၈၅၈ ၊ နားမၾကားေသာကေလးမ်ားေက်ာင္းတြင္လည္းေကာင္း စုံစမ္းႏိုင္ေၾကာင္း သိရသည္။
သြားလာေရးခက္ခဲေသာေဒသမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ စာေပ ပညာႏွင့္ အသက္ေမြးဝမ္းေက်ာင္းပညာရပ္ တက္ေရာက္ခြင့္ရရွိပါက စားေသာက္ေနထိုင္ေရးကို ႏိုင္ငံေတာ္က တာဝန္ယူမည္ျဖစ္ၿပီး ေက်ာင္းေၾကးႏွင့္ ေက်ာင္းလခ ေပးရန္မလိုေၾကာင္း ထုတ္ျပန္ထားသည္။
ေက်ာင္းတက္ေရာက္ႏိုင္ျခင္းႏွင့္ပတ္သက္၍ အေသးစိတ္သိလိုပါက လူမႈဝန္ထမ္းဦးစီးဌာန၊ မသန္စြမ္းသူမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဌာနစု၊ ဖုန္းနံပါတ္ ၀၆၇-၃၄၀၄၂၅၂၊ နားမၾကားေသာကေလးမ်ားေက်ာင္း(ရန္ကုန္) ဖုန္းနံပါတ္ ဝ၁-၉၅၄၈၈၇၂၊ ၀၉-၂၅၀ဝ၇၇၂၆၈ ႏွင့္ နားမၾကားေသာကေလးမ်ားေက်ာင္း(မႏၲေလး) ဖုန္းနံပါတ္ ၀၂ - ၄၀၃၄၆၁၇ ၊ ၀၂ - ၄၀၃၀၀၄၃၊ ၀၉ - ၄၀၂၆၆၂၆၈၉ တို႔ကို ႐ုံးခ်ိန္အတြင္း ဆက္သြယ္စုံစမ္းႏိုင္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၂၀၂၄-၂၀၂၅ ပညာသင္ႏွစ္တြင္ ေက်ာင္းသား (၄၂)ဦးႏွင့္ ေက်ာင္းသူ (၂၆)ဦး စုစုေပါင္း (၆၈)ဦးကို လက္သေကၤတျပ ဘာသာစကားျဖင့္ ပညာသင္ၾကားေပးခဲ့ေၾကာင္း နစက၏အခ်က္အလက္မ်ားအရ သိရသည္။
ယခု၂၀၂၅ - ၂၀၂၆ ပညာသင္ႏွစ္အတြက္ အေျခခံပညာစာသင္ေက်ာင္းမ်ားတြင္ ယေန႔ ေမလ (၂၂) ရက္တြင္ ေက်ာင္းအပ္စတင္လက္ခံေနၿပီျဖစ္ရာ ေက်ာင္းအပ္ႏွံေရး သီတင္းပတ္ကာလကို ေမလ (၂၂)ရက္မွ ဇြန္လ (၁)ရက္ေန႔အထိ သတ္မွတ္ထားေၾကာင္း သိရသည္။