ကျောက်ဆည်တွင် ဆိုလာဘက်ထရီအပူလွန်ကဲရာမှ နေအိမ်မီးလောင်ကာ အသက်(၉၀)ကျော်အဖွားတစ်ဦးနှင့် ပညာရေးဝန်ထမ်း (၃)ဦးသေဆုံး

 618

သန့်ဇင်(NP News)-မေ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ဆိုလာဘက်ထရီအပူလွန်ကဲရာမှ နေအိမ်မီးလောင်မှုဖြစ်ပွားကာ အသက်(၉၀)ကျော်အဖွား တစ်ဦးနှင့် ပညာရေးဝန်ထမ်း(၃)ဦးသေဆုံးသွားခဲ့ကြောင်း ကျောက်ဆည်မြို့နယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့(မေလ ၂၂)ရက်၊ နံနက် ၁နာရီ ၅၀မိနစ်အချိန်ခန့်က ကျောက်ဆည်မြို့၊ ဘောဂဝတီအုပ်စု၊ ဆီဆုံရပ်ကွက်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုလာဘက်ထရီကနေပြီးတော့ အပူလွန်ကဲပြီးတော့ လောင်သွားတာ။ အိမ်ကတော့ အဲဒီတစ်လုံးတည်းပဲလောင်တာ”ဟု ကျောက်ဆည် မြို့ နယ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP Newsကိုပြောသည်။

အဆိုပါမီးလောင်မှုတွင် အသက်(၉၃)ဒေါ်တင်အောင်အပါအဝင် အသက်(၇၅)နှစ်အရွယ် အငြိမ်းစားအထက်တန်းပြဆရာမ ဒေါ်ထွေးထွေး၊ အသက်(၆၆)နှစ်အရွယ် အငြိမ်းစားမြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်ဦးနှင့် အသက်(၅၈)နှစ်အရွယ် အခြေခံပညာမူလတန်းကျောင်းအုပ် ဒေါ်ခင်သူဇာတို့ သေဆုံးသွာခဲ့ကြောင်း သိရသည်။

“မိသားစု(၄)ယောက်ပေါ့နော်။ သူတို့ရုပ်အလောင်းတွေအပြင် ကျန်ခဲ့တဲ့လူတစ်ယောက်ရှိတယ်။ အခန်းထဲမှာက (၂)ယောက်။ အပေါ်ထပ် မှာက (၂)ယောက်ဆိုတော့ ဒီရုပ်အလောင်းက ဘယ်သူဆိုတာ အဲဒီလိုလေး သူကခွဲပေးပါတယ်”ဟု အထက်ပါ သတင်းရင်းမြစ်က ပြော သည်။

ထို့နောက် မီးလောင်မှုကို ကျောက်ဆည်မြို့နယ်မီးသတ်၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များနှင့် အရန်မီးသတ်တပ်ဖွဲဝင်များဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ နံနက်၂ နာရီ ၂၅မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသူများ၏ရုပ်အလောင်းများကို ကျောက်ဆည်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ယနေ့မွန်းလွဲ ၁နာရီတွင် သင်္ဂြိုလ်မည်ဖြစ်ကြောင်းလည်း သိရသည်။

zawgyi version
ေက်ာက္ဆည္တြင္ ဆိုလာဘက္ထရီအပူလြန္ကဲရာမွ ေနအိမ္မီးေလာင္ကာ အသက္(၉၀)ေက်ာ္အဖြားတစ္ဦးႏွင့္ ပညာေရးဝန္ထမ္း (၃)ဦးေသဆုံး

သန႔္ဇင္(NP News)-ေမ ၂၂

မႏၲေလးတိုင္းေဒသႀကီး၊ ေက်ာက္ဆည္ၿမိဳ႕တြင္ ဆိုလာဘက္ထရီအပူလြန္ကဲရာမွ ေနအိမ္မီးေလာင္မႈျဖစ္ပြားကာ အသက္(၉၀)ေက်ာ္အဖြား တစ္ဦးႏွင့္ ပညာေရးဝန္ထမ္း(၃)ဦးေသဆုံးသြားခဲ့ေၾကာင္း ေက်ာက္ဆည္ၿမိဳ႕နယ္လူမႈကူညီေရးအသင္းထံမွ သိရသည္။

မီးေလာင္မႈသည္ ယေန႔(ေမလ ၂၂)ရက္၊ နံနက္ ၁နာရီ ၅၀မိနစ္အခ်ိန္ခန႔္က ေက်ာက္ဆည္ၿမိဳ႕၊ ေဘာဂဝတီအုပ္စု၊ ဆီဆုံရပ္ကြက္တြင္ ျဖစ္ပြား ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဆိုလာဘက္ထရီကေနၿပီးေတာ့ အပူလြန္ကဲၿပီးေတာ့ ေလာင္သြားတာ။ အိမ္ကေတာ့ အဲဒီတစ္လုံးတည္းပဲေလာင္တာ”ဟု ေက်ာက္ဆည္ ၿမိဳ႕ နယ္ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP Newsကိုေျပာသည္။

အဆိုပါမီးေလာင္မႈတြင္ အသက္(၉၃)ေဒၚတင္ေအာင္အပါအဝင္ အသက္(၇၅)ႏွစ္အ႐ြယ္ အၿငိမ္းစားအထက္တန္းျပဆရာမ ေဒၚေထြးေထြး၊ အသက္(၆၆)ႏွစ္အ႐ြယ္ အၿငိမ္းစားၿမိဳ႕နယ္ပညာေရးမႉး ေဒၚႏြယ္ႏြယ္ဦးႏွင့္ အသက္(၅၈)ႏွစ္အ႐ြယ္ အေျခခံပညာမူလတန္းေက်ာင္းအုပ္ ေဒၚခင္သူဇာတို႔ ေသဆုံးသြာခဲ့ေၾကာင္း သိရသည္။

“မိသားစု(၄)ေယာက္ေပါ့ေနာ္။ သူတို႔႐ုပ္အေလာင္းေတြအျပင္ က်န္ခဲ့တဲ့လူတစ္ေယာက္ရွိတယ္။ အခန္းထဲမွာက (၂)ေယာက္။ အေပၚထပ္ မွာက (၂)ေယာက္ဆိုေတာ့ ဒီ႐ုပ္အေလာင္းက ဘယ္သူဆိုတာ အဲဒီလိုေလး သူကခြဲေပးပါတယ္”ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာ သည္။

ထို႔ေနာက္ မီးေလာင္မႈကို ေက်ာက္ဆည္ၿမိဳ႕နယ္မီးသတ္၊ သေႏၶမီးသတ္တပ္ဖြဲဝင္မ်ားႏွင့္ အရန္မီးသတ္တပ္ဖြဲဝင္မ်ားျဖင့္ ထြက္ခြာ ျငႇိမ္းသတ္ခဲ့ရာ နံနက္၂ နာရီ ၂၅မိနစ္ အခ်ိန္တြင္ မီးျငႇိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ေသဆုံးသူမ်ား၏႐ုပ္အေလာင္းမ်ားကို ေက်ာက္ဆည္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားၿပီး ယေန႔မြန္းလြဲ ၁နာရီတြင္ သၿဂႋဳလ္မည္ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.