ညောင်တုန်းမြို့တွင် ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များ ထိခိုက်သွား၍ စားနပ်ရိက္ခာနှင့် စောင်၊ ခြင်ထောင်များ အရေး‌ပေါ် လိုအပ်

 454

စော(NP News)-မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ (၄)ရပ်ကွက်၊ ညောင်ချောင်းသာအနီးတွင် ယနေ့ (မေ ၂၅ရက်)၊နံနက် (၁၂)နာရီဝန်းကျင်အချိန်က ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များ ထိခိုက်သွား၍ စားနပ်ရိက္ခာ အပါအဝင် စောင်၊ ခြင်ထောင်နှင့် ခေါင်းအုံးများ အရေးပေါ်လိုအပ်နေကြောင်း ရွှေမေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။

“နယ်မြေခံတွေက အကူအညီလှမ်းတောင်းလို့ အစ်မက တင်ပေးတာ။ အစ်မက ညကျမှသွားမှာ။ ဒေတာက ထပ်ပြီးတက်နေတာဆိုတော့ (၅၇)လုံးလို့တော့ပြောတယ်။ အရေးပေါ် တဲတွေလည်း သက်ဆိုင်တဲ့လူက စီစဉ်ပေးကြပါလိမ့်မယ်။သူတို့ လောလောဆယ်တော့ စားနပ်ရိက္ခာ၊ စောင်၊ခြင်ထောင်၊ ခေါင်းအုံး ဒါတွေလိုတာပေါ့”ဟု ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ မရွှေလဲ့က NP Newsကိုပြောသည်။

အဆိုပါကမ်းပါးပြိုကြခြင်းကြောင့် လူထိခိုက်သေဆုံးမှုမရှိသော်လည်း လူနေအိမ် (၅၇)လုံးခန့် ထိခိုက်ပျက်စီးသွားကာ လူဦးရေ စုစုပေါင်း (၁၃၅)ဦး အကူအညီများလိုအပ်နေကြောင်း ၎င်းကဆိုသည်။


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယမန်နေ့ (မေလ ၂၄ရက်)၊ ညနေ ၅နာရီခွဲအချိန်ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း၊ မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှုအားကောင်း ခြင်းကြောင့်လည်းကောင်း ယမန်နေ့ ညနေမှ ဇွန်လ ၁ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှု များကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန်လည်း အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
ေညာင္တုန္းၿမိဳ႕တြင္ ကမ္းပါးၿပိဳက်မႈေၾကာင့္ ေနအိမ္မ်ား ထိခိုက္သြား၍ စားနပ္ရိကၡာႏွင့္ ေစာင္၊ ျခင္ေထာင္မ်ား အေရး‌ေပၚ လိုအပ္

ေစာ(NP News)-ေမ ၂၅

ဧရာဝတီတိုင္းေဒသႀကီး၊ ေညာင္တုန္းၿမိဳ႕၊ (၄)ရပ္ကြက္၊ ေညာင္ေခ်ာင္းသာအနီးတြင္ ယေန႔ (ေမ ၂၅ရက္)၊နံနက္ (၁၂)နာရီဝန္းက်င္အခ်ိန္က ကမ္းပါးၿပိဳက်မႈေၾကာင့္ ေနအိမ္မ်ား ထိခိုက္သြား၍ စားနပ္ရိကၡာ အပါအဝင္ ေစာင္၊ ျခင္ေထာင္ႏွင့္ ေခါင္းအုံးမ်ား အေရးေပၚလိုအပ္ေနေၾကာင္း ေ႐ႊေမတၱာလူမႈကူညီေရးအသင္းထံမွ သိရသည္။

“နယ္ေျမခံေတြက အကူအညီလွမ္းေတာင္းလို႔ အစ္မက တင္ေပးတာ။ အစ္မက ညက်မွသြားမွာ။ ေဒတာက ထပ္ၿပီးတက္ေနတာဆိုေတာ့ (၅၇)လုံးလို႔ေတာ့ေျပာတယ္။ အေရးေပၚ တဲေတြလည္း သက္ဆိုင္တဲ့လူက စီစဥ္ေပးၾကပါလိမ့္မယ္။သူတို႔ ေလာေလာဆယ္ေတာ့ စားနပ္ရိကၡာ၊ ေစာင္၊ျခင္ေထာင္၊ ေခါင္းအုံး ဒါေတြလိုတာေပါ့”ဟု ေ႐ႊေမတၱာလူမႈကူညီေရးအသင္းမွ မေ႐ႊလဲ့က NP Newsကိုေျပာသည္။

အဆိုပါကမ္းပါးၿပိဳၾကျခင္းေၾကာင့္ လူထိခိုက္ေသဆုံးမႈမရွိေသာ္လည္း လူေနအိမ္ (၅၇)လုံးခန႔္ ထိခိုက္ပ်က္စီးသြားကာ လူဦးေရ စုစုေပါင္း (၁၃၅)ဦး အကူအညီမ်ားလိုအပ္ေနေၾကာင္း ၎ကဆိုသည္။


မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယမန္ေန႔ (ေမလ ၂၄ရက္)၊ ညေန ၅နာရီခြဲအခ်ိန္ထုတ္ျပန္ခ်က္အရ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ ေလထုမၿငိမ္မသက္မႈမ်ား ျဖစ္ေပၚလာႏိုင္ျခင္းေၾကာင့္လည္းေကာင္း၊ မုတ္သုံေလ အားေကာင္းလာႏိုင္ျခင္းေၾကာင့္လည္းေကာင္း၊ အပူပ်ံတက္တိမ္မ်ား ျဖစ္ထြန္းမႈအားေကာင္း ျခင္းေၾကာင့္လည္းေကာင္း ယမန္ေန႔ ညေနမွ ဇြန္လ ၁ရက္ေန႔အတြင္း ေနျပည္ေတာ္၊ ရန္ကုန္တိုင္း ေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး အခ်ိဳ႕ေဒသမ်ားတြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္း၊ မိုးသီးေႂကြျခင္း၊ လွ်ပ္တစ္ျပက္ေရႀကီးျခင္းႏွင့္ ေျမၿပိဳျခင္းစသည့္ သဘာဝေဘးအႏၲရာယ္မ်ား ျဖစ္ေပၚႏိုင္ပါသျဖင့္ ကုန္းျမင့္ေဒသအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္၊ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေရႀကီး၊ ေရလွ်ံမႈ မ်ားကို ႀကိဳတင္သတိျပဳေရွာင္ရွားႏိုင္ပါရန္ႏွင့္ ျပည္တြင္းေရေၾကာင္းသြားလာေရးႏွင့္ ေလေၾကာင္း ပ်ံသန္းေရးအေနျဖင့္လည္း ႀကိဳတင္သတိျပဳႏိုင္ရန္လည္း အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.