ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရအဖွဲ့ဝန်ကြီးချုပ်ယူနွတ် ရာထူးမှ နုတ်ထွက်ရန် စဉ်းစားနေဟုဆို

 539

ဂျန်ဇက် (NP News) - မေ ၂၅

ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရအဖွဲ့ ဝန် ကြီးချုပ် ယူနွတ်သည် ၎င်း၏ နိုင်ငံရေးပြုပြင် ပြောင်းလဲရေးအစီအစဉ်များ တိုးတက်ပြောင်းလဲမှုမရှိဘူးဆိုလျှင် ရာထူးမှနုတ်ထွက်ရန် စဉ်းစားနေကြောင်း ဆန္ဒပြတက္ကသိုလ်ကျောင်းသား ခေါင်းဆောင်တစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။
ပြီးခဲ့သောနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တက္ကသိုလ်ကျောင်းသားများ ဦးဆောင်သော ဆန္ဒပြပွဲများ ကြောင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ သည်ရာထူးမှနုတ်ထွက်ကာ ပြည်ပထွက်ပြေးခဲ့ပြီးနောက် အသက် (၈၄)နှစ်အရွယ်ရှိ ယူနွတ်က အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ယူနွတ်သည် ပြီးခဲ့သော (၂၀၂၄) ခုနှစ် ဩဂုတ်လတွင် ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ကိုင် ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

သို့သော်လည်း National Citizen ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သည့် အစ္စလာမ်က ယူနွတ်၏ အနာဂတ်သည် မရေမရာဖြစ်နေကြောင်း၊ နိုင်ငံရေးပါတီများက ပူးပေါင်းဆောင်ရွက်မှု အားနည်းသကဲ့သို့ နိုင်ငံရေးပါတီများနှင့် လည်း တင်းမာမှုများရှိနေကြောင်း ပြောသည်။ အစ္စလာမ်သည် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကိုရာထူးမှနုတ်ထွက်စေခဲ့သော တက္ကသိုလ်ကျောင်းသားများ၏ ဦးဆောင်ဆန္ဒပြပွဲတွင် အဓိကအရေးပါခဲ့သူဖြစ်သည်။ လက်ရှိအချိန်တွင်ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးဦးစီးချုပ်နှင့် ဘင်္ဂလားဒေ့ရှ်အိမ်စောင့် အစိုးရအဖွဲ့အကြီးအကဲယူနွတ်ကြားတွင်လွှတ်တော်ရွေးကောက်ပွဲ ကျင်းပမည့်အချိန်နှင့်ပတ်သက်ပြီး အငြင်းပွားမှု များ၊ ပွတ်တိုက်ခြင်းများရှိနေကြောင်း သိရသည်။
အိမ်စောင့်အစိုးရအဖွဲ့သည် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ၏ အေဝါမီလိဂ်ပါတီကို ရွေးကောက်ပွဲဝင်ရောက် ခြင်းမှ ပိတ်ပင်ခဲ့ရာ ယူနွတ်ဦးဆောင်သော ဘင်္ဂလားဒေ့ရှ်အိမ်စောင့်အစိုးရအဖွဲ့အပေါ် ကြီးမားသောဖိအားများ ထပ်မံ သက်ရောက်လာစေခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို အတိအကျ ထုတ်ပြန်ပေးရန် တောင်းဆိုမှုများမြင့်တက်နေကြောင်း သိရသည်။ ယူနွတ်သည် ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရအဖွဲ့အကြီးအကဲအဖြစ် တာဝန်ယူပြီးနောက် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရန် ကတိပြုခဲ့သော် လည်း လက်ရှိအချိန်အထိရာနှုန်းပြည့်အောင်မြင်ရန် လုပ်ဆောင်နိုင်ခြင်းမရှိသေးဟု ခံစားနေရကြောင်းသိရသည်။

Zawgyi Version:
ဘဂၤလားေဒ့ရွ္အိမ္ေစာင့္အစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ယူႏြတ္ ရာထူးမွ ႏုတ္ထြက္ရန္ စဥ္းစားေနဟုဆို
ဂ်န္ဇက္ (NP News) - ေမ ၂၅

ဘဂၤလားေဒ့ရွ္ အိမ္ေစာင့္အစိုးရအဖြဲ႕ ဝန္ ႀကီးခ်ဳပ္ ယူႏြတ္သည္ ၎၏ ႏိုင္ငံေရးျပဳျပင္ ေျပာင္းလဲေရးအစီအစဥ္မ်ား တိုးတက္ေျပာင္းလဲမႈမရွိဘူးဆိုလွ်င္ ရာထူးမွႏုတ္ထြက္ရန္ စဥ္းစားေနေၾကာင္း ဆႏၵျပတကၠသိုလ္ေက်ာင္းသား ေခါင္းေဆာင္တစ္ဦးက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
ၿပီးခဲ့ေသာႏွစ္က ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ တကၠသိုလ္ေက်ာင္းသားမ်ား ဦးေဆာင္ေသာ ဆႏၵျပပြဲမ်ား ေၾကာင့္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ သည္ရာထူးမွႏုတ္ထြက္ကာ ျပည္ပထြက္ေျပးခဲ့ၿပီးေနာက္ အသက္ (၈၄)ႏွစ္အ႐ြယ္ရွိ ယူႏြတ္က အိမ္ေစာင့္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့သည္။ ယူႏြတ္သည္ ၿပီးခဲ့ေသာ (၂၀၂၄) ခုႏွစ္ ဩဂုတ္လတြင္ ဘဂၤလားေဒရွ႕္ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူခဲ့ၿပီး ျပဳျပင္ေျပာင္းလဲေရးလုပ္ငန္းမ်ား လုပ္ကိုင္ ရန္ ႀကိဳးပမ္းခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္လည္း National Citizen ပါတီ ေခါင္းေဆာင္တစ္ဦးျဖစ္သည့္ အစၥလာမ္က ယူႏြတ္၏ အနာဂတ္သည္ မေရမရာျဖစ္ေနေၾကာင္း၊ ႏိုင္ငံေရးပါတီမ်ားက ပူးေပါင္းေဆာင္႐ြက္မႈ အားနည္းသကဲ့သို႔ ႏိုင္ငံေရးပါတီမ်ားႏွင့္ လည္း တင္းမာမႈမ်ားရွိေနေၾကာင္း ေျပာသည္။ အစၥလာမ္သည္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာကိုရာထူးမွႏုတ္ထြက္ေစခဲ့ေသာ တကၠသိုလ္ေက်ာင္းသားမ်ား၏ ဦးေဆာင္ဆႏၵျပပြဲတြင္ အဓိကအေရးပါခဲ့သူျဖစ္သည္။ လက္ရွိအခ်ိန္တြင္ဘဂၤလားေဒ့ရွ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဘဂၤလားေဒ့ရွ္အိမ္ေစာင့္ အစိုးရအဖြဲ႕အႀကီးအကဲယူႏြတ္ၾကားတြင္လႊတ္ေတာ္ေ႐ြးေကာက္ပြဲ က်င္းပမည့္အခ်ိန္ႏွင့္ပတ္သက္ၿပီး အျငင္းပြားမႈ မ်ား၊ ပြတ္တိုက္ျခင္းမ်ားရွိေနေၾကာင္း သိရသည္။
အိမ္ေစာင့္အစိုးရအဖြဲ႕သည္ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွိတ္ဟာစီနာ၏ ေအဝါမီလိဂ္ပါတီကို ေ႐ြးေကာက္ပြဲဝင္ေရာက္ ျခင္းမွ ပိတ္ပင္ခဲ့ရာ ယူႏြတ္ဦးေဆာင္ေသာ ဘဂၤလားေဒ့ရွ္အိမ္ေစာင့္အစိုးရအဖြဲ႕အေပၚ ႀကီးမားေသာဖိအားမ်ား ထပ္မံ သက္ေရာက္လာေစခဲ့ေၾကာင္း သိရသည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ေ႐ြးေကာက္ပြဲက်င္းပမည့္ရက္ကို အတိအက် ထုတ္ျပန္ေပးရန္ ေတာင္းဆိုမႈမ်ားျမင့္တက္ေနေၾကာင္း သိရသည္။ ယူႏြတ္သည္ ဘဂၤလားေဒ့ရွ္ အိမ္ေစာင့္အစိုးရအဖြဲ႕အႀကီးအကဲအျဖစ္ တာဝန္ယူၿပီးေနာက္ ျပဳျပင္ေျပာင္းလဲေရးလုပ္ေဆာင္ရန္ ကတိျပဳခဲ့ေသာ္ လည္း လက္ရွိအခ်ိန္အထိရာႏႈန္းျပည့္ေအာင္ျမင္ရန္ လုပ္ေဆာင္ႏိုင္ျခင္းမရွိေသးဟု ခံစားေနရေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.