ခိုင်နှင်းဝေပရဟိတအသင်းသို့ ငွေမှားလွှဲမိကြောင်း သက်သေပြ၍ တောင်းသော်လည်း ပြန်မရသေးပဲ အခက်ကြုံနေရမှုနှင့် ပတ်သက်၍ လူစိတ်စားမှုမြင့်တတ်

77533

Pearl (NP News) - မေ ၂၅
ခိုင်နှင်းဝေပရဟိတအသင်းသို့ ငွေမှားလွှဲမိကြောင်း သက်သေပြ၍ တောင်းသော်လည်း ပြန်မရ၍ အခက်ကြုံနေရမှုနှင့် ပတ်သက်၍ လူစိတ်စားမှုမြင့်တတ် လျက်ရှိသည်ကို တွေ့ရသည်။
ပြီးခဲ့သည့် မေလ ၇ရက်နေ့က ငွေကျပ် ၂၉သိန်း ၅သောင်း ၅ထောင်ကို ခိုင်နှင်းဝေ၏ ဘဏ်အကောင့်သို့မှားလွှဲမိခဲ့ ကြောင်း Shar Htet New ဖေ့ဘွတ်ခ်အကောင့်ပိုင်ရှင်က ယမန်နေ့ မေလ (၂၄)ရက်က ရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
“ကျမ မေလ ၇ရက်နေ့က ကုန်သည်ဆီကို အထည်ဖိုး ၂၉သိန်း ၅သောင်း ၅ထောင် (သိန်း ၃၀နီးပါး) လွှဲရမှာကို မခိုင်နှင်းဝေရဲ့ Foundation အကောက်ကို မှားလွှဲခဲ့မိပါတယ်။ကျမ တို့ဘက်က မှားလွှဲမိမိချင်း တစ်နာရီအတွင်း လူကိုယ်တိုင်ရုံးကိုသွားပြောခဲ့ပါတယ်။ရုံးဘက်က မခိုင်နှင်းဝေ ပျော်ဘွယ်ရောက်နေလို့ နောက် ၄ ၅ ရက်နေမှ ပြန်ရောက်မယ် အဲ့ဒီခါကျမှလာခဲ့လို့ပြောပါတယ်” ဟု Shar Htet New ဖေ့ဘွတ်ခ်အကောင့်ပိုင်ရှင်က ရေးသားထားသည်။
ထို့ကြောင့် ဘဏ်စလစ်နှင့်အတူ လူကိုယ်တိုင်ရုံးကိုသွားရောက်တောင်းခံခဲ့သော်လည်း ဝန်ထမ်းများနှင့်သာတွေ့ဆုံခဲ့ရပြီး ဘဏ်နံပါတ်၊ မှတ်ပုံတင် အရှေ့အနောက်၊ ဘဏ် Statement တို့ကို ယူဆောင်လာခိုင်း၍ ထပ်မံချိန်းဆိုတဲ့နေ့၌ ရပ်ကွက်ရုံး ထောက်ခံချက်ပါ ယူဆောင်ခိုင်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ခိုင်နှင်းဝေ၏ ဝန်ထမ်းများက အဆိုပါကိစ္စရပ်အပေါ် ဖြေရှင်းပေးဖို့ရက်ရွေ့နေခဲ့ပြီး နေပြည်တော်အထိ အဆင့်ဆင့် စာရင်းတင်ရသည့်အတွက် စောင့်ဆိုင်းခိုင်းထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
“ ခိုင်နှင်းဝေရဲ့နာမည် ဂုဏ်သိက္ခာ ကိုလည့်ထိခိုက်စေလိုစိတ်မရှိပါဘူးရှင့် ။ ကျမရဲ့ချွေးနည်းစာလေးကိုပြန်လိုချင်လို့ မေတ္တာရပ်ခံတာပါရှင့်။ ဒီဖြစ်စဉ် စ လယ် ဆုံး ကျမမှာ လူသက်သေ Record သက်သေ စာသက်သေအကုန်ရှိပါတယ် ။ လိုအပ်ရင် ကျမတို့ ပြသပေးသွားပါမယ်ရှင့်” ဟု လည်း ရေးသားထားသည်။
ခိုင်နှင်းေဝရင်သွေးလေးများဂေဟာအတွက် ဂုဏ်သိက္ခာကျစေရန် လုပ်ဆောင်နေသောသူများအား တရားဉပဒေအရ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Khine Hnin Wai ဖေ့ဘွတ်ခ်စာမျက်နှာမှ ေရးသားဖြန့်ေဝခဲ့ပြီးနောက် ဝေဖန်မှုများမြင့်တက် နာရီပိုင်းအကြာတွင် ပြန်လည် ဖျက်သွားသည်ကို တွေ့ရသည်။

Zawgyi Version:
ခိုင္ႏွင္းေဝေဂဟာသို႔ ေငြမွားလႊဲမိေၾကာင္း သက္ေသျပ၍ ေတာင္းေသာ္လည္း ျပန္မရေသးပဲ အခက္ႀကဳံေနရမႈႏွင့္ ပတ္သက္၍ လူစိတ္စားမႈျမင့္တတ္
Pearl (NP News) - ေမ ၂၅
ခိုင္ႏွင္းေဝေဂဟာသို႔ ေငြမွားလႊဲမိေၾကာင္း သက္ေသျပ၍ ေတာင္းေသာ္လည္း ျပန္မရ၍ အခက္ႀကဳံေနရမႈႏွင့္ ပတ္သက္၍ လူစိတ္စားမႈျမင့္တတ္ လ်က္ရွိသည္ကို ေတြ႕ရသည္။
ၿပီးခဲ့သည့္ ေမလ ၇ရက္ေန႔က ေငြက်ပ္ ၂၉သိန္း ၅ေသာင္း ၅ေထာင္ကို ခိုင္ႏွင္းေဝ၏ ဘဏ္အေကာင့္သို႔မွားလႊဲမိခဲ့ ေၾကာင္း Shar Htet New ေဖ့ဘြတ္ခ္အေကာင့္ပိုင္ရွင္က ယမန္ေန႔ ေမလ (၂၄)ရက္က ေရးသားျဖန႔္ေဝခဲ့သည္ကို ေတြ႕ရသည္။
“က်မ ေမလ ၇ရက္ေန႔က ကုန္သည္ဆီကို အထည္ဖိုး ၂၉သိန္း ၅ေသာင္း ၅ေထာင္ (သိန္း ၃၀နီးပါး) လႊဲရမွာကို မခိုင္ႏွင္းေဝရဲ႕ Foundation အေကာက္ကို မွားလႊဲခဲ့မိပါတယ္။က်မ တို႔ဘက္က မွားလႊဲမိမိခ်င္း တစ္နာရီအတြင္း လူကိုယ္တိုင္႐ုံးကိုသြားေျပာခဲ့ပါတယ္။႐ုံးဘက္က မခိုင္ႏွင္းေဝ ေပ်ာ္ဘြယ္ေရာက္ေနလို႔ ေနာက္ ၄ ၅ ရက္ေနမွ ျပန္ေရာက္မယ္ အဲ့ဒီခါက်မွလာခဲ့လို႔ေျပာပါတယ္” ဟု Shar Htet New ေဖ့ဘြတ္ခ္အေကာင့္ပိုင္ရွင္က ေရးသားထားသည္။
ထို႔ေၾကာင့္ ဘဏ္စလစ္ႏွင့္အတူ လူကိုယ္တိုင္႐ုံးကိုသြားေရာက္ေတာင္းခံခဲ့ေသာ္လည္း ဝန္ထမ္းမ်ားႏွင့္သာေတြ႕ဆုံခဲ့ရၿပီး ဘဏ္နံပါတ္၊ မွတ္ပုံတင္ အေရွ႕အေနာက္၊ ဘဏ္ Statement တို႔ကို ယူေဆာင္လာခိုင္း၍ ထပ္မံခ်ိန္းဆိုတဲ့ေန႔၌ ရပ္ကြက္႐ုံး ေထာက္ခံခ်က္ပါ ယူေဆာင္ခိုင္းခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ခိုင္ႏွင္းေဝ၏ ဝန္ထမ္းမ်ားက အဆိုပါကိစၥရပ္အေပၚ ေျဖရွင္းေပးဖို႔ရက္ေ႐ြ႕ေနခဲ့ၿပီး ေနျပည္ေတာ္အထိ အဆင့္ဆင့္ စာရင္းတင္ရသည့္အတြက္ ေစာင့္ဆိုင္းခိုင္းထားျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
“ ခိုင္ႏွင္းေဝရဲ႕နာမည္ ဂုဏ္သိကၡာ ကိုလည့္ထိခိုက္ေစလိုစိတ္မရွိပါဘူးရွင့္ ။ က်မရဲ႕ေခြၽးနည္းစာေလးကိုျပန္လိုခ်င္လို႔ ေမတၱာရပ္ခံတာပါရွင့္။ ဒီျဖစ္စဥ္ စ လယ္ ဆုံး က်မမွာ လူသက္ေသ Record သက္ေသ စာသက္ေသအကုန္ရွိပါတယ္ ။ လိုအပ္ရင္ က်မတို႔ ျပသေပးသြားပါမယ္ရွင့္” ဟု လည္း ေရးသားထားသည္။
ခိုင္ႏွင္းေဝရင္ေသြးေလးမ်ားေဂဟာအတြက္ ဂုဏ္သိကၡာက်ေစရန္ လုပ္ေဆာင္ေနေသာသူမ်ားအား တရားဉပေဒအရ ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း Khine Hnin Wai ေဖ့ဘြတ္ခ္စာမ်က္ႏွာမွ ေရးသားျဖန႔္ေဝခဲ့ၿပီးေနာက္ ေဝဖန္မႈမ်ားျမင့္တက္ နာရီပိုင္းအၾကာတြင္ ျပန္လည္ ဖ်က္သြားသည္ကို ေတြ႕ရသည္။