မယ်ဆိုင်ချောင်းရေသည် လာမည့်နာရီပိုင်းအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်

 416

စော(NP News)- မေ ၂၆

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ်သို့ မယ်ဆိုင်ချောင်းရေသည် လာမည့် (၁၂)နာရီအတွင်း ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
မိုးဇလ၏ ယနေ့ (မေလ ၂၆ရက်)၊ မွန်းလွဲ (၁၂)နာရီခွဲအချိန် တိုင်းထွာချက်အရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့(လွယ်တော်ခမ်းကျေးရွာ)၏ စိုးရိမ်ရေမှတ်အောက် ‌(၁)ပေခန့်တွင် ရောက်ရှိနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါချောင်းရေသည် လာမည့် (၁၂)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလမှ ဆိုထားသည်။ထို့ကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေ ထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။
တာချီလိတ်မြို့အတွင်း ရေကြီးရေလျံမှုကြောင့် ပြီးခဲ့သည့် မေလ၂၃ ရက်နေ့ ညပိုင်းက တာလော့၊ ဆန်ဆိုင်းရပ်ကွက်များတွင် လမ်းများ ရေမြှုပ်ခဲ့ခြင်းဖြစ်ပေါ်ခဲ့သေးသည်။

Zawgyi Version:
မယ္ဆိုင္ေခ်ာင္းေရသည္ လာမည့္နာရီပိုင္းအတြင္း စိုးရိမ္ေရမွတ္သို႔ ေရာက္ရွိႏိုင္

ေစာ(NP News)- ေမ ၂၆

ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕၏ စိုးရိမ္ေရမွတ္သို႔ မယ္ဆိုင္ေခ်ာင္းေရသည္ လာမည့္ (၁၂)နာရီအတြင္း ေရာက္ရွိႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားသည္။
မိုးဇလ၏ ယေန႔ (ေမလ ၂၆ရက္)၊ မြန္းလြဲ (၁၂)နာရီခြဲအခ်ိန္ တိုင္းထြာခ်က္အရ မယ္ဆိုင္ေခ်ာင္းေရသည္ တာခ်ီလိတ္ၿမိဳ႕(လြယ္ေတာ္ခမ္းေက်း႐ြာ)၏ စိုးရိမ္ေရမွတ္ေအာက္ ‌(၁)ေပခန႔္တြင္ ေရာက္ရွိေနေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါေခ်ာင္းေရသည္ လာမည့္ (၁၂)နာရီအတြင္း ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္သို႔ ေရာက္ရွိႏိုင္ေၾကာင္း မိုးဇလမွ ဆိုထားသည္။ထို႔ေၾကာင့္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ ျမစ္ကမ္းအနီးႏွင့္ ေျမနိမ့္ပိုင္းေန ထိုင္သူမ်ားအေနျဖင့္ အထူးသတိျပဳေနထိုင္ၾကရန္ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက အသိေပးထားသည္။
တာခ်ီလိတ္ၿမိဳ႕အတြင္း ေရႀကီးေရလ်ံမႈေၾကာင့္ ၿပီးခဲ့သည့္ ေမလ၂၃ ရက္ေန႔ ညပိုင္းက တာေလာ့၊ ဆန္ဆိုင္းရပ္ကြက္မ်ားတြင္ လမ္းမ်ား ေရျမႇဳပ္ခဲ့ျခင္းျဖစ္ေပၚခဲ့ေသးသည္။

Related news

© 2021. All rights reserved.